FELC ကျောင်းမှ Online Learning Management System ဖြင့် သင်ကြားပေးမည်

မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအတွက် အိမ်မှာနေရင်း လေ့လာသင်ကြားနိုင်မယ့် LMS (Online Learning Management System) နဲ့ သင်ကြားပေးသွားမယ်လို့ FELC ကျောင်းမှ သိရပါတယ်။

အဲဒီစနစ်ဟာ KG မှ စ၍ စနစ်သစ် Grade (10) အထိ တက်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Web Application ဖြစ်တဲ့အတွက် မည်သည့် ဖုန်းအမျိုးအစား၊ ကွန်ပျူတာမှဖြစ်စေ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသားတစ်ဦးချင်းစီအတွက် Pre-Recorded Videoclip များမှလေ့လာခြင်း၊ သင်ယူတိုးတက်မှု မှတ်တမ်း၊ Assessment များကို ပြုလုပ်ဆောင်ရွက်ခြင်း၊ နားလည်မှုဆိုင်ရာ Multiple Choice Question များဖြေဆိုခြင်း၊ သင်ခန်းစာတစ်ခုချင်းစီအတွက် Live Session ( ကျောင်းသား အယောက် ၁၀၀၀ တက်ရောက်နိုင်သော Webinar ) ဖြင့် Review ပြုလုပ်ပေးခြင်း ၊ ဆရာတစ်ဦးရဲ့ Guideline အောက်မှ Discussion Room များဖြင့် ကျောင်းသားအချင်းချင်း ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်နိုင်ခြင်း၊ သင်ခန်းစာ ကြေညက်ပြီး Assessment မှာ ၈၀% ဖြေဆိုအောင်မြင်နိုင်မှ နောက်သင်ခန်းစာသို့ ဆက်လက်တက်ရောက်နိုင်ခြင်း၊ AI Supported Assessment System ပါဝင်တာကြောင့် ကျောင်းသား ကျောင်းသူဟာ စာကို ပြီးစလွယ် ထိုင်ကြည့်ပြီး နေလို့မရခြင်း ၊ သင်ခန်းစာပြီးမြောက်အောင်မြင်ပါက အလိုအလျောက် Completion Certificate ထုတ်ပေးခြင်း အစရှိတဲ့ လုပ်ဆောင်ချက်များစွာ ပါဝင်ပါတယ်။

FELC LMS – Registration Fees မှာ ၃,၀၀၀ ကျပ် ဖြစ်ပြီး Option အနေနဲ့ Option (1) LMS + , Live Session ( one by one ) +, Message or Email ဖြင့်စာမေးခြင်း + ဆရာမနှင့် တစ်ဦးချင်း (ဘာသာစုံ) သင်ကြားမှု တစ်လ (၁၀) နာရီစာ လစဉ်ကြေး ၁၀,၀၀၀ ကျပ် (for all grades) နဲ့ Option (2) အနေနဲ့ LMS +Live Session ( Group ) တစ်ပတ်(၂)ကြိမ်+Message or Email ဖြင့်စာမေးခြင်း၊ လစဉ်ကြေး ၅,၀၀၀ ကျပ် (for all grades)ဖြစ်ပါတယ်။ တက်ရောက်လိုပါက FELC ကိုယ်ပိုင်အထက်တန်းကျောင်း ဖုန်း – ၀၉ ၄၃၀၁၉၉၁၃ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ