[ Zawgyi ]
iOS 13 ရဲ႕တတိယေျမာက္ beta ဗားရွင္းမွာ FaceTime ေခၚဆိုမႈအတြင္း ေရွ႕ကင္မရာကို မ်က္လုံးနဲ႔ ထိေတြ႕တဲ့ ဆုံမွတ္ကုိ ျပင္ဆင္ထားတဲ့ feature သစ္ ပါဝင္လာပါတယ္။ အဲဒီ feature ကုိ မိုက္ခ္ရန္ဒယ္ဆိုသူက ေတြ႕ရွိခဲ့ၿပီး iPhone XS နဲ႔ XS Max မွာအသုံးျပဳတဲ့ beta ဗားရွင္းမွာပဲ ပါဝင္တယ္လို႔ သိရပါတယ္။ သုံးစြဲသူက feature သစ္ကုိ FaceTime ရဲ႕ settings အတြင္း အဖြင့္၊ အပိတ္ လုပ္ႏိုင္ပါတယ္။
ပုံမွန္အတိုင္းဆိုရင္ ဗီဒီယိုေခၚဆိုမႈေတြမွာ ပါဝင္သူ ၂ ေယာက္က screen ကုိၾကည့္တဲ့အခါ ျမင္ေတြ႕ရတာ အျခားတစ္ေနရာကုိ ၾကည့္ေနတဲ့ပုံစံ ျဖစ္ပါတယ္။ FaceTime မွာ အခုပါဝင္လာတဲ့ “FaceTime Attention Correction” ကေတာ့ ပုံရိပ္ရဲ႕ လြဲမွားမႈကုိ ျပင္ဆင္ေပးၿပီး FaceTime သုံးစဲြသူေတြအၾကား မ်က္စိဆုံမွတ္ မွန္ကန္ေအာင္ ျပဳလုပ္ေပးထားပါတယ္။
How iOS 13 FaceTime Attention Correction works: it simply uses ARKit to grab a depth map/position of your face, and adjusts the eyes accordingly.
Notice the warping of the line across both the eyes and nose. pic.twitter.com/U7PMa4oNGN
— Dave Schukin 🤘 (@schukin) July 3, 2019
အခု effect ကုိ ARKit အသုံးျပဳၿပီး လုပ္ကုိင္ထားသလို သုံးစြဲသူရဲ႕ မ်က္ႏွာအေနအထား မ်က္လုံးကို ေနရာတက်ျဖစ္ေအာင္ ခ်ိန္ညိႇထားပါတယ္။
စိုးထက္
Ref: TheVerge
[ Unicode ]
iOS 13 ရဲ့တတိယမြောက် beta ဗားရှင်းမှာ FaceTime ခေါ်ဆိုမှုအတွင်း ရှေ့ကင်မရာကို မျက်လုံးနဲ့ ထိတွေ့တဲ့ ဆုံမှတ်ကို ပြင်ဆင်ထားတဲ့ feature သစ် ပါဝင်လာပါတယ်။ အဲဒီ feature ကို မိုက်ခ်ရန်ဒယ်ဆိုသူက တွေ့ရှိခဲ့ပြီး iPhone XS နဲ့ XS Max မှာအသုံးပြုတဲ့ beta ဗားရှင်းမှာပဲ ပါဝင်တယ်လို့ သိရပါတယ်။ သုံးစွဲသူက feature သစ်ကို FaceTime ရဲ့ settings အတွင်း အဖွင့်၊ အပိတ် လုပ်နိုင်ပါတယ်။
ပုံမှန်အတိုင်းဆိုရင် ဗီဒီယိုခေါ်ဆိုမှုတွေမှာ ပါဝင်သူ ၂ ယောက်က screen ကိုကြည့်တဲ့အခါ မြင်တွေ့ရတာ အခြားတစ်နေရာကို ကြည့်နေတဲ့ပုံစံ ဖြစ်ပါတယ်။ FaceTime မှာ အခုပါဝင်လာတဲ့ “FaceTime Attention Correction” ကတော့ ပုံရိပ်ရဲ့ လွဲမှားမှုကို ပြင်ဆင်ပေးပြီး FaceTime သုံးစွဲသူတွေအကြား မျက်စိဆုံမှတ် မှန်ကန်အောင် ပြုလုပ်ပေးထားပါတယ်။
အခု effect ကို ARKit အသုံးပြုပြီး လုပ်ကိုင်ထားသလို သုံးစွဲသူရဲ့ မျက်နှာအနေအထား မျက်လုံးကို နေရာတကျဖြစ်အောင် ချိန်ညှိထားပါတယ်။
Ref: TheVerge