FacePass 7 Touchless Smart Face Recognition

Anviz ကနေထုတ်လုပ်ထားတဲ့ Face time attendance ဖြစ်တဲ့ Facepass7 ဖြစ်ပါတယ်။ Mask Detection လည်းပါဝင်လို့ Scan ပြုလုပ်တဲ့အခါမှာလည်း Mask ကို ချွတ်စရာမလိုတဲ့ အတွက် ရောဂါကူးစက်မှာ စိုးရွံ့နေရတဲ့ ကာလမှာ ပိုပြီး Safe ဖြစ်စေတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ Dual-core 1.0GHz CPU နဲ့ဖြစ်ပြီး ကင်မရာအနေနဲ့ Dual Camera ထောက်ပံ့ပေးထားပါတယ်။ LCD ကို ၃.၂ လက်မအရွယ်ရှိ HD TFT Touch Screen ထောက်ပံ့ပေးထားပါတယ်။ User Capacity ၃၀၀၀ အထိ အသုံးပြုနိုင်ပြီး Log Capacity ကတော့ ၁၀၀,၀၀၀ အ ထိရနိုင်မယ့်အပြင် Log capacity ပြည့်သွားရင်လည်း ရှင်းပြီးပြန်လည် အသုံးပြုနိုင်ပါတယ်။ Time attendance သာမက Door sensor, Switch, Door bell အနေနဲ့ အိမ်တံခါးရုံးတံခါးတွေမှာ တပ်ဆင်ပြီး အသုံးပြုနိုင်ပါတယ်။ WiFi စနစ်လဲ ပါဝင်ပါတယ်။

Face Recognition အပြင် Card နဲ့ ID+Password Method တွေလည်း ပါဝင်ပါတယ်။ verify speed ကတော့ 1 Second သာကြာမြင့်တဲ့အတွက် Time attendance အတွက် အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။

တန်ဖိုးက ၃၇၀,၀၀၀ ကျပ် ဖြစ်ပြီး အာမခံ ၁ နှစ်ပေးထားကာ အရောက်ပို့ဝန်ဆောင်မှုနဲ့ Installation Service ကိုလည်း တာဝန်ယူ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ Technoland ဖုန်း – ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်)၀၉ ၉ ၆၇၉ ၁၈၀၆၀ (မန်း)၊ ၀၉ ၉ ၇၆၀၁၈၃၉ ၃ (နေပြည်တော်) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««