Facebook web traffic ႏွစ္ႏွစ္အတြင္း ထက္ဝက္နီးပါး က်ဆင္းခဲ့

[Zawgyi]

Facebook ကို လည္ပတ္သံုးစဲြသူေတြဟာ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္အတြင္း ထက္ဝက္နီးပါး က်ဆင္းသြားခဲ့ၿပီး အင္တာနက္သံုးစြဲသူ လူငယ္ေတြက ၿပိဳင္ဘက္ YouTube ကို ေျပာင္းလဲသံုးစြဲေနၾကေၾကာင္း ေစ်းကြက္သုေတသန ေလ့လာေတြ႕ရိွခ်က္တစ္ခုမွာ ေဖာ္ျပထားပါတယ္။
Google ပိုင္ဆိုင္တဲ့ ဗီဒီယိုပလက္ေဖာင္းဟာ မၾကာခင္မွာ လူမႈေရးကြန္ရက္ရဲ႕ နံပါတ္ ၂ ေနရာကို ရယူသြားဖြယ္ရိွပါတယ္။

Facebook ကို လစဥ္လည္ပတ္သံုးစြဲသူ ဦးေရဟာ သိသိသာသာက်ဆင္းသြားခဲ့ၿပီး ၈.၅ ဘီလ်ံကေန ၃.၈ ဘီလ်ံအထိ က်ဆင္းသြားခဲ့ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ႏွစ္ႏွစ္ ၄.၇ ဘီလ်ံ က်ဆင္းသြားခဲ့တာ ျဖစ္ပါတယ္။
Facebook mobile app ရဲ႕ traffic ကေတာ့ ျဖည္းျဖည္းမွန္မွန္ ျမင့္တက္ေနတယ္လို႔ ကၽြမ္းက်င္သူေတြက ေျပာပါတယ္။

ဒီေလ့လာေတြ႕ရိွခ်က္ကို လန္ဒန္အေျခစိုက္ ေစ်းကြက္သုေတသနကုမၸဏီ SimilarWeb က အေမရိကန္ရဲ႕ ထိပ္တန္းဝက္ဘ္ဆိုက္ ငါးခုျဖစ္တဲ့ Google, Facebook, YouTube, Yahoo နဲ႔ Amazon တို႔ရဲ႕ web traffic ကို စိစစ္ေလ့လာခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီေနာက္ Google က web traffic အမ်ားဆံုးနဲ႔ ထိပ္ဆံုးေနရာမွာ ဆက္လက္ဦးေဆာင္ေနတာကို ေတြ႕ရိွခဲ့ပါတယ္။

Google ရဲ႕ website traffic ဟာ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္အတြင္း က်ဆင္းခဲ့ေပမယ့္ ဒါဟာ Google ကို လည္ပတ္သံုးစြဲသူေတြက website ကေန app ေတြနဲ႔ voice search ကို ေရာက္ရိွသြားတဲ့အတြက္ေၾကာင့္ ျဖစ္တယ္လို႔ SmilarWeb သုေတသီေတြက ေျပာၾကားခဲ့ပါတယ္။

YouTube.com ရဲ႕ traffic က ျမင့္တက္လာခဲ့သလို ပရိသတ္ေတြရဲ႕ စမတ္ဖုန္း app, tablet app နဲ႔ streaming dongle Chromecast အပါအဝင္ အျခားပလက္ေဖာင္းေတြေပၚ ၾကည့္႐ႈမႈႏႈန္းလည္း ျမင့္တက္လာပါတယ္။
အဆိုပါ ဗီဒီယိုေဝမွ်မႈဆိုက္ရဲ႕ တိုးတက္မႈမွာ လူငယ္မ်ိဳးဆက္ေတြအတြက္ ေဖ်ာ္ေျဖေရးနဲ႔ အခ်က္အလက္ရင္းျမစ္က အဓိက အေၾကာင္းအရင္းျဖစ္ခဲ့တယ္လို႔ SimilarWeb က ေျပာၾကားခဲ့ပါတယ္။

“လြန္ခဲ့တဲ့ႏွစ္ေတြက အေမရိကန္ရဲ႕ ထိပ္တန္း ဝက္ဘ္ဆိုက္ငါးခုမွာ အေျပာင္းအလဲမရိွခဲ့ပါဘူး။ အခုအခါမွာေတာ့ ပါရာဒိုင္းအေရႊ႕တစ္ခုရဲ႕ အစြန္အဖ်ားေပၚမွာ ေရာက္ေနပါၿပီ”
“ကၽြန္ေတာ္တို႔ရဲ႕ ရွာေဖြေတြ႕ရိွခ်က္အရ YouTube ရဲ႕ traffic ဟာ မၾကာခင္မွာ Facebook ကိုေက်ာ္တက္ၿပီး နံပါတ္ ၂ ေနရာမွာ ရပ္တည္ႏိုင္ပါလိမ့္မယ္။ Amazon ရဲ႕ traffic ကလည္း Yahoo ကိုေက်ာ္တက္ၿပီး နံပါတ္ ၄ ေနရာကို ေရာက္ရိွလာပါလိမ့္မယ္။ လက္ရိွ trend ေတြသာ ဆက္လက္ျဖစ္ေနမယ္ဆိုရင္ ဒီအေျပာင္းအလဲႏွစ္ခုက ႏွစ္လကေန သံုးလအတြင္း ျဖစ္ေပၚလာႏိုင္ပါတယ္” လို႔ ကုမၸဏီရဲ႕ chief of insights ျဖစ္သူ ေဒါက္တာ Stephen Kraus က ေျပာၾကားခဲ့ပါတယ္။

Facebook ကို လည္ပတ္သံုးစြဲသူေတြဟာ က်ဆင္းေနေပမယ့္လည္း ကြန္ရက္တစ္ခုလံုးကေတာ့ ဆက္လက္တိုးတက္ေနပါတယ္။
Facebook app ရဲ႕ သံုးစြဲသူအေရအတြက္က ျမင့္တက္ေနသလို Instagram နဲ႔ Messenger တို႔မွာလည္း တိုးတက္မႈေတြ ျဖစ္ေပၚေနတယ္လို႔ SimilarWeb က ေျပာၾကားခဲ့ပါတယ္။
ဥပမာအေနနဲ႔ Instagram Android app သံုးစြဲသူေတြရဲ႕ ပွ်မ္းမွ်သံုးစြဲႏႈန္းဟာ တစ္ေန႔မွာ ၅၆ မိနစ္ရိွၿပီး လြန္ခဲ့တဲ့ တစ္ႏွစ္ကထက္ ၂၇ မိနစ္ ျမင့္တက္လာတာျဖစ္တယ္လို႔ သိရပါတယ္။

Ref: DailyMail

-ေနာင္ေနာင္

[Unicode]

Facebook ကို လည်ပတ်သုံးစွဲသူတွေဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ပြီး အင်တာနက်သုံးစွဲသူ လူငယ်တွေက ပြိုင်ဘက် YouTube ကို ပြောင်းလဲသုံးစွဲနေကြကြောင်း စျေးကွက်သုတေသန လေ့လာတွေ့ရှိချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
Google ပိုင်ဆိုင်တဲ့ ဗီဒီယိုပလက်ဖောင်းဟာ မကြာခင်မှာ လူမှုရေးကွန်ရက်ရဲ့ နံပါတ် ၂ နေရာကို ရယူသွားဖွယ်ရှိပါတယ်။

Facebook ကို လစဉ်လည်ပတ်သုံးစွဲသူ ဦးရေဟာ သိသိသာသာကျဆင်းသွားခဲ့ပြီး ၈.၅ ဘီလျံကနေ ၃.၈ ဘီလျံအထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်နှစ် ၄.၇ ဘီလျံ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
Facebook mobile app ရဲ့ traffic ကတော့ ဖြည်းဖြည်းမှန်မှန် မြင့်တက်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒီလေ့လာတွေ့ရှိချက်ကို လန်ဒန်အခြေစိုက် စျေးကွက်သုတေသနကုမ္ပဏီ SimilarWeb က အမေရိကန်ရဲ့ ထိပ်တန်းဝက်ဘ်ဆိုက် ငါးခုဖြစ်တဲ့ Google, Facebook, YouTube, Yahoo နဲ့ Amazon တို့ရဲ့ web traffic ကို စိစစ်လေ့လာခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် Google က web traffic အများဆုံးနဲ့ ထိပ်ဆုံးနေရာမှာ ဆက်လက်ဦးဆောင်နေတာကို တွေ့ရှိခဲ့ပါတယ်။

Google ရဲ့ website traffic ဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကျဆင်းခဲ့ပေမယ့် ဒါဟာ Google ကို လည်ပတ်သုံးစွဲသူတွေက website ကနေ app တွေနဲ့ voice search ကို ရောက်ရှိသွားတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ SmilarWeb သုတေသီတွေက ပြောကြားခဲ့ပါတယ်။

YouTube.com ရဲ့ traffic က မြင့်တက်လာခဲ့သလို ပရိသတ်တွေရဲ့ စမတ်ဖုန်း app, tablet app နဲ့ streaming dongle Chromecast အပါအဝင် အခြားပလက်ဖောင်းတွေပေါ် ကြည့်ရှုမှုနှုန်းလည်း မြင့်တက်လာပါတယ်။
အဆိုပါ ဗီဒီယိုဝေမျှမှုဆိုက်ရဲ့ တိုးတက်မှုမှာ လူငယ်မျိုးဆက်တွေအတွက် ဖျော်ဖြေရေးနဲ့ အချက်အလက်ရင်းမြစ်က အဓိက အကြောင်းအရင်းဖြစ်ခဲ့တယ်လို့ SimilarWeb က ပြောကြားခဲ့ပါတယ်။

“လွန်ခဲ့တဲ့နှစ်တွေက အမေရိကန်ရဲ့ ထိပ်တန်း ဝက်ဘ်ဆိုက်ငါးခုမှာ အပြောင်းအလဲမရှိခဲ့ပါဘူး။ အခုအခါမှာတော့ ပါရာဒိုင်းအရွှေ့တစ်ခုရဲ့ အစွန်အဖျားပေါ်မှာ ရောက်နေပါပြီ”
“ကျွန်တော်တို့ရဲ့ ရှာဖွေတွေ့ရှိချက်အရ YouTube ရဲ့ traffic ဟာ မကြာခင်မှာ Facebook ကိုကျော်တက်ပြီး နံပါတ် ၂ နေရာမှာ ရပ်တည်နိုင်ပါလိမ့်မယ်။ Amazon ရဲ့ traffic ကလည်း Yahoo ကိုကျော်တက်ပြီး နံပါတ် ၄ နေရာကို ရောက်ရှိလာပါလိမ့်မယ်။ လက်ရှိ trend တွေသာ ဆက်လက်ဖြစ်နေမယ်ဆိုရင် ဒီအပြောင်းအလဲနှစ်ခုက နှစ်လကနေ သုံးလအတွင်း ဖြစ်ပေါ်လာနိုင်ပါတယ်” လို့ ကုမ္ပဏီရဲ့ chief of insights ဖြစ်သူ ဒေါက်တာ Stephen Kraus က ပြောကြားခဲ့ပါတယ်။

Facebook ကို လည်ပတ်သုံးစွဲသူတွေဟာ ကျဆင်းနေပေမယ့်လည်း ကွန်ရက်တစ်ခုလုံးကတော့ ဆက်လက်တိုးတက်နေပါတယ်။
Facebook app ရဲ့ သုံးစွဲသူအရေအတွက်က မြင့်တက်နေသလို Instagram နဲ့ Messenger တို့မှာလည်း တိုးတက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ SimilarWeb က ပြောကြားခဲ့ပါတယ်။
ဥပမာအနေနဲ့ Instagram Android app သုံးစွဲသူတွေရဲ့ ပျှမ်းမျှသုံးစွဲနှုန်းဟာ တစ်နေ့မှာ ၅၆ မိနစ်ရှိပြီး လွန်ခဲ့တဲ့ တစ်နှစ်ကထက် ၂၇ မိနစ် မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

Ref: DailyMail

-နောင်နောင်