Facebook Team အယောင်ဆောင်ထားသော Page များနှင့်ပတ်သက်ပြီး အထူးသတိပေးချက်ထုတ်ပြန်ထား

Facebook Team အယောင်ဆောင်ထားကာ Message တွေကို ပေးပို့ပြီး အဆိုပါ Message ပါလင့်ခ်ကို ဝင်ရောက်က မိမိအသုံးပြုနေတဲ့ Facebook အကောင့်ကို Password များခိုးယူခြင်းနဲ့ အကောင့်များရယူခြင်းတို့ ဖြစ်ပေါ်နေတဲ့အတွက် မိမိ လက်ရှိသုံးစွဲနေတဲ့ FB Messenger မှာ အဆိုပါလင့်ခ်တွေ ဝင်ရောက်လာပါက လုံးဝ ဝင်ရောက်ကြည့်ရှုခြင်း မပြုရန်နဲ့ အလားတူ Message မျိုးရရှိပါက ဂရုပြုကြရန် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနက အထူးသတိပေးထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ထားပါတယ်။

အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနက သြဂုတ် ၁၇ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထုတ်ပြန်တဲ့နေ့က Blue Check Mark Service နဲ့ Blue Check Mark Notification တို့ကနေပြီး Facebook Team အယောင်ဆောင်ကာ Message ပေးပို့တာဖြစ်ပါတယ်။

ပေးပို့တဲ့ Message က

Your page has been reported by others about lying or fraud, to prevent this we need to verify your account. We work hard to prevent actions that endanger all other Facebook users or security on Facebook.

Please confirm the repair of your Facebook account.

Follow the instructions for the link below:

https://bluecheckmarknotification.my.id

If you do not confirmation, our system will automatically block your Facebook account and you will not be able to use it again.

Thanks for helping improve our Facebook service.

Best Regards
Facebook Corporation

လို့ ဖြစ်ပါတယ်။ အဆိုပါ Message ပါ bluecheckmarknotification.my.id website ကိုဝင်ရောက်ပါက Facebook ရဲ့ UI နဲ့ တူအောင် တုပထားတဲ့ ဆိုက်ကနေ မိမိတို့ သုံးစွဲနေတဲ့ Page (သို့မဟုတ်) အကောင့်တွေရဲ့ Password များကို ခိုးယူသွားမှာဖြစ်ပြီး Page (သို့မဟုတ်) အကောင့်တွေရဲ့ Password များကို ပြောင်းလဲပစ်ခြင်း၊ Page တွေရဲ့ Admin အကောင့်များကို ဖယ်ရှားခြင်းတို့ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ အထက်ပါကိစ္စရပ်များ မဖြစ်ပေါ်စေရန်အတွက် အဆိုပါ Message ပါ https://bluecheckmarknotification.my.id website ကို လုံးဝ ဝင်ရောက်ကြည့်ရှုခြင်း မပြုရန်နဲ့ အလားတူ Message မျိုးရရှိပါက ဂရုပြုကြပါရန် အထူးသတိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အောင်ဆန်းရုပ်ရှင်နဲ့ Myanmar Computer Emergency Response Team – Mmcert အပါအဝင် နာမည်ကျော် အနုပညာရှင်များ၊ သတင်းဌာနများ၊ ကုမ္ပဏီများရဲ့ FB စာမျက်နှာအကောင့်များကို ပစ်မှတ်ထား တိုက်ခိုက်နေရာ စာရင်းအရ (၁၈) ခုရှိပြီဖြစ်ကြောင်း အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

-ကျော်ဇေယျ