Facebook Team အယောင်ဆောင်ထားသော Page များနှင့်ပတ်သက်၍ အထူးသတိပေးချက် mmCERT မှထုတ်ပြန်

Facebook Security Team အယောင်ဆောင်ကာ Massage များ ပေးပို့နေတယ်လို့ အထူးသတိပေးချက် တစ်ခုကို mmCERT က ထုတ်ပြန်ခဲ့ပါတယ်။

Message မှာ ပါရှိတဲ့ လင့်ခ်ကို တစ်ဆင့်ချင်း ဝင်ရောက်ပါက Facebook ရဲ့UI နဲ့ ဆင်တူအောင် တုပထားတဲ့ အဆိုပါဆိုက်က ဝင်ရောက်သူရဲ့ Page (သို့မဟုတ်) အကောင့်တွေရဲ့ Password တွေကို ခိုးယူသွားမှာဖြစ်ကြောင်း၊ Facebook Page (သို့မဟုတ်) အကောင့်တွေရဲ့ Password တွေကို ပြောင်းလဲပစ်ခြင်း၊ Page တွေရဲ့ Admin အကောင့်များကို ဖယ်ရှားခြင်းတို့ကြောင့် အဆိုပါ လင့်ခ်ကို လုံးဝ ဝင်ရောက်ကြည့်ရှုခြင်း မပြုပါရန်နှင့် အလားတူ Message မျိုးရရှိပါက ဂရုပြုကြပါရန် အထူးသတိပေးကြောင်း mmCERT ရဲ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

လက်ရှိမှာ Myanmar Computer Emergency Response Team – Mmcert ရဲ့ Page အပါဝင် သံရုံး Page များ၊ အဖွဲ့အစည်း page များ၊ လုပ်ငန်း Page များ၊ အကောင့်များ စုစုပေါင်း ၂၄ ခုကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

-ကျော်ဇေယျ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««