Facebook post တည်နေရာကို ဖော်ပြပေးတော့မည်

လူကြည့်အများဆုံး Facebook စာမျက်နှာတွေနဲ့ Instagram account တည်နေရာကို ဖော်ပြသွားမယ်လို့ Facebook ကကြေညာလိုက်ပါတယ်။ Account နဲ့စာမျက်နှာပိုင်ရှင်တွေက post တွေကို ဝေမျှတဲ့အခါမှာ စိတ်ချယုံကြည်ရတဲ့ သတင်းအချက်အလက်ကို မြင်တွေ့ရအောင် ဖြစ်တယ်လို့ Facebook ကပြောကြားခဲ့ပါတယ်။

အခုအပြောင်းအလဲကို အမေရိကန်ပြင်ပအခြေခံ account တွေမှာ ပထမဆုံးအသုံးပြုမှာ ဖြစ်ပါတယ်။ အမေရိကန်အတွင်း လူအများဆုံးက ပြင်ပကအရာတွေ အများဆုံး ကြည့်လေ့ရှိတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခု feature က ရွေးကောက်ပွဲအကြောင်းအရာကို မှန်ကန်စွာ မြင်တွေ့ရဖို့ ရည်ရွယ်တယ်လို့ ကုမ္ပဏီပြောထားပါတယ်။

“အခုအပြောင်းအလဲက ရွေးကောက်ပွဲကို ကာကွယ်ဖို့ တစ်စိတ်တစ်ပိုင်း အားထုတ်မှုဖြစ်ပြီး Facebook နဲ့ Instagram ပေါ်က ပွင့်လင်းမြင်သာမှု တိုးတက်လာဖို့ပါ။ ဒါမှပဲ လူတွေက သူတို့ဖတ်ရှုလိုက်တာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချနိုင်ပြီး ယုံကြည်စွာ ဝေမျှနိုင်မယ်” လို့ Facebook ကပြောပါတယ်။

စိုးထက်
Ref: TheVerge

အင်တာနက်ဂျာနယ်က နောက်ဆုံးရ နိုင်ငံတကာနဲ့ ပြည်တွင်းက အိုင်တီ၊ မိုဘိုင်းနည်းပညာနဲ့ ပတ်သက်တဲ့ သတင်းတွေကို Viber ဖြစ်တဲ့ ဒီနေရာ မှာလည်း ဖတ်ရှုနိုင်ပါတယ်