
ရာဇဝတ်အဖွဲ့တစ်ခုဟာ Facebook သုံးစွဲသူ ထောင်ပေါင်းများစွာဆီက password တွေလှည့်စားရယူခဲ့ပါတယ်။ ဒါပေမဲ့လည်း လိမ်လည်သူတွေက အခြေခံလုံခြုံရေး အမှားပြုလုပ်ခဲ့တာကြောင့် သူတို့လုပ်ရပ်ကို ကိုယ့်ကိုယ်ကို ဖော်ကောင် ပြန်လုပ်ပြီးသား ဖြစ်သွားပါတယ်။
သူတို့က တတိတိ ခိုးထားတဲ့ Facebook သုံးစွဲသူရဲ့ password တွေကို cloud database မှာသိမ်းထားပေမယ့် lock လုပ်ဖို့ မေ့သွားပါတယ်။ ဒါကြောင့် browser သုံးတဲ့လူတိုင်း အချက်အလက်ကို ဝင်ကြည့်နိုင်ပါတယ်။ အဲဒီမှာ password တွေခိုးယူနည်း အသေးစိတ်ကိုလည်း ဖော်ပြထားပါတယ်။ အခုသတင်းအချက်အလက်ကို အစ္စရေးသုတေသီတွေ ဖြစ်တဲ့ နိုအမ်ရိုတန်နဲ့ ရန်လိုကာတို့က တွေ့ခဲ့ပါတယ်။ သူတို့က လုံခြုံရေးဝက်ဘ်ဆိုက် vpnMentor မှာ သုတေသနစာတမ်းကို ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် သူတို့က တွေ့ရှိချက်ကို Facebook ဆီအကြောင်းကြားခဲ့ပြီး database ကလည်း လူတိုင်းဝင်ကြည့်လို့ မရတော့ပါဘူး။ Facebook ကလည်း ခိုးခံရတဲ့ account ပိုင်ရှင်တွေဆီ password ပြောင်းဖို့ တိုက်တွန်းထားပါတယ်။
-စိုးထက်
Ref: CNET
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««