Facebook Oculus Quest 2 ဗီဒီယိုထွက်ပေါ်

မိခင်ကုမ္ပဏီ Facebook လက်အောက်ရှိ ဈေးကွက်ရှာဖွေရေး hub က ရောင်းအားမြှင့်တင်ရေး ဗီဒီယို ၂ ခု တင်ခဲ့ပါတယ်။ အဲဒီ ဗီဒီယိုတွေကနေ Oculus Quest 2 VR headset ထုတ်ကုန် ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီ ဗီဒီယိုတွေက ၂၀၁၉ Oculus Quest ဆက်ခံမယ့် Oculus Quest 2 VR အသေးစိတ် အချက်အလက်ကို အကြမ်းဖျင်း ဖော်ပြထားပါတယ်။ စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်မှာ Oculus Quest 2 VR ကိုမိတ်ဆက်မယ်လို့ ဝက်ဘ်ဆိုက်မှာ စာရင်းသွင်းထားပါတယ်။

ဗီဒီယိုအရ Oculus Quest 2 VR မှာတော့ Qualcomm ရဲ့ Snapdragon XR2 platform ကိုအသုံးပြုထားပြီး AR နဲ့ VR ထုတ်ကုန်အတွက် သီးသန့်ထုတ်ထားတဲ့ platform ဖြစ်တယ်။ Quest 2 မှာတော့ 4K နီးပါး ရုပ်ထွက်အရည်အသွေး ပါဝင်တယ်လို့ သိရပါတယ်။ Quest 2 မှာတော့ RAM 6GB နဲ့ storage 256GB အပြင် တည်နေရာတကျ 3D အသံပိုင်းဆိုင်ရာ ပါဝင်လာပြီး ခလုတ်မလိုဘဲ လက်ခြေရာခံစနစ်လည်း ပြန်လည် ပါဝင်လာပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««