Facebook Messenger အတွက် လုံခြုံရေးနည်းလမ်းသစ်တစ်ခု ထောက်ပံ့ပေး

Facebook ဟာ iPhone ဒါမှမဟုတ် iPad ပေါ်က Messenger ဖွင့်တဲ့အခါ ပိုမိုလုံခြုံစေမယ့် လုံခြုံရေးအလွှာတစ်ခုကို ထည့်သွင်းပေးလိုက်ပါတယ်။ ဒါကြောင့် app ကို lock လုပ်လိုက်တဲ့အတွက် အဖွင့်အပိတ်ကို Face ID ဒါမှမဟုတ် Touch ID အသုံးပြုကာ ဖွင့်နိုင်ပါတယ်။

Facebook က App Lock လို့ခေါ်တဲ့ လုပ်ဆောင်ချက်ဟာ တစ်ကိုယ်ရေ အချက်အလက်နဲ့ လုံခြုံရေးအသားပေး Messenger ဆီရောက်လာတဲ့ စီမံကိန်းအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ Messenger ရဲ့ settings ထဲမှာ Privacy ကဏ္ဍတစ်ခု ပါဝင်လာပြီး App Lock လိုမျိုး လုပ်ဆောင်ချက်တွေကနေ တည်နေရာတစ်ခုတည်း ပေးတာအထိ ပါဝင်သလို block ထားတဲ့ သုံးစွဲသူတွေလည်း မြင်နိုင်ပါတယ်။ App Lock ဟာ လာမယ့်လအနည်းငယ် အတွင်း

Android အတွက်လည်း ဖြန့်ချိပါမယ်။

အခြား feature တွေကိုလည်း စတင်စမ်းသပ်သွားမယ်လို့ Facebook ကပြောထားပါတယ်။

-စိုးထက်
Ref: TheVerge