Facebook Messenger ရဲ့ Notification Sound & Call Ringtone ကို ဘယ်လိုပြောင်းသုံးမလဲ

Facebook Messenger ရဲ့ default အသုံးပြုထားတဲ့ notification sound & call ringtone ကို မနှစ်သက်တဲ့သူတွေ အနေနဲ့ ကိုယ့်စိတ်ကြိုက် အသံကို အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

အရင်ဆုံး ဖုန်းရဲ့ Messenger app ကို ဖွင့်လိုက်ပါ။

ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း သင့်ရဲ့ profile ပုံ icon ကို တစ်ချက်နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ messenger ရဲ့ profile settings ထဲကို ရောက်သွားမှာ ဖြစ်ပြီး Notifications & Sounds ဆိုတဲ့ စာသားကို ထပ်နှိပ်လိုက်ပါ။

Notification & Sounds စနစ်ထဲကို ရောက်သွားပါမယ်။ အဲဒီထဲက Notification sound နဲ့ Free call ringtone ဆိုတဲ့နေရာတွေကို နှိပ်ပြီး သင့်အနေနဲ့ ကိုယ်နှစ်သက်တဲ့ အသိပေးချက်အသံကို ပြောင်းလဲနိုင်သလို call ringtone ကိုလည်း ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

ဒီနေရာမှာ သင့်အနေနဲ့ ရွေးချယ်နိုင်တဲ့ notification နဲ့ ringtone အသံတွေက Android ဖုန်းမော်ဒယ်အလိုက် အနည်းအများ ကွာခြားမှုရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီက notification နဲ့ ringtone အသံထောက်ပံ့ပေးတဲ့ အရေအတွက်ပေါ် မူတည်လို့ ဖြစ်ပါတယ်။ ဥပမာဆိုရင် Google ကထုတ်တဲ့ Pixel မော်ဒယ်ဖုန်းတွေက Samsung ရဲ့ Galaxy ဖုန်းတွေထက် မတူညီတဲ့ ရွေးချယ်စရာတွေပါဝင်လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ ဖုန်းကထောက်ပံ့ပေးတဲ့ အသံတွေတစ်ခုချင်းစီကို နှိပ်ကာ သင်နှစ်သက်မယ့်အသံနားထောင်ကာ ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အဲလို ရွေးချယ်ပြီးရင်တော့ OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Messenger က သင်ရွေးချယ်ထားတဲ့ notification နဲ့ call ringtone သံတွေကို default အနေနဲ့ ထားရှိပေးထားမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««