Facebook page ကို follow လုပ်ဖို့ သုံးစွဲသူတွေကို ဖိတ်ခေါ်မှုက အရေးပါတယ်။ သုံးစွဲသူများစွာကိုဖိတ်ခေါ်ဖို့ နည်းလမ်းများစွာရှိတယ်။ ပါးနပ်စွာ အသုံးချနိုင်လေ Facebook page ကိုမြှင့်တင်နိုင်လေပါပဲ။
(၁) Plugin တွေကို အသုံးချပါ
ဝက်ဘ်ဆိုက်ပေါ်က Plugin တစ်ခုကို သုံးပြီး သုံးစွဲသူတွေကို ဖိတ်ခေါ်လို့ရပါတယ်။ သုံးစွဲသူတွေက ဝက်ဘ်ဆိုက်ကနေပဲ page ကို like လုပ်သွားပါလိမ့်မယ်။
(၂) အီးမေးလ်နဲ့ ဈေးကွက်ရှာဖွေခြင်း
အီးမေးလ်နဲ့ ဈေးကွက်ရှာဖို့ လင့်ခ်တွေကနေ နာမည်ကျော် post တွေထည့်သွင်းပြီး follow ခလုတ်တွေကို နှိပ်ခိုင်းလို့ရပါမယ်။
(၃) ခေတ်စားနေတဲ့ အကြောင်းအရာကို အသုံးချပါ
နေ့စဉ်နေ့တိုင်း ရေပန်းစားတဲ့ အကြောင်းအရာတွေက ပြောင်းလဲနေပါတယ်။ သင့်ဘက်က အသုံံးချဖို့ အမြဲအဆင်သင့်ရှိပါစေ။
(၄) အခြားကွန်ရက်တွေကို အသုံးပြုပါ
မတူညီတဲ့ channel တွေမှာ ကွဲပြားတဲ့ အရာတွေ တင်ပါ။ ဖြစ်နိုင်ရင် အခြား profile တွေကိုပါ ညွှန်းပါ။
(၅) ပရိသတ်တွေနဲ့ စကားပြောပါ
Follow လုပ်ထားသူတွေ သူငယ်ချင်းနဲ့ မိသားစုတွေနဲ့အတူ fan page ကိုဝေမျှဖို့ ဖိတ်ခေါ်သင့်ပါတယ်။
(၆) Facebook မှာပါ hashtag သုံးပါ
ကိုယ်ရောင်းချမယ့် အမှတ်တံဆိပ်နဲ့ ဆက်နွှယ်မယ့် နာမည်ကျော် hashtag ကို ရှာဖွေ အသုံးပြုပါ။
(၇) အလားအလာရှိတဲ့ ပရိသတ်
Account ကို like လုပ်နိုင်မယ့် တစ်စုံတစ်ယောက်ကို follow လုပ်လိုက်တဲ့အခါ သူတို့က သင့်ရဲ့ content ကိုကြည့်နိုင်ပါမယ်။ သူတို့သဘောကျရင် follow ပြန်လုပ်နိုင်ပါတယ်။
(၈) လက်ဆောင်တွေပေးပါ
လက်ဆောင်တွေပေးတာက လူတွေကို စိတ်ဝင်စားစေပါတယ်။ ပရိသတ်တွေကိုလည်း page ကို follow လုပ်ဖို့ တောင်းဆိုနိုင်ပါတယ်။
(၉) Influencer တွေနဲ့ပူးပေါင်းပါ
စီးပွားရေးအခွင့်အလမ်း အတွက် အရေးပါဆုံး influencer တွေကို လေ့လာပါ။ သူတို့နဲ့ အလုပ်တွဲ လုပ်ကိုင်ဖို့ ကမ်းလှမ်းသင့်ပါတယ်။
(၁၀) ကြော်ငြာကို အသုံးချပါ
Facebook ရဲ့ algorithm က စိတ်ဝင်စားမှုကဏ္ဍ အသီးသီးအလိုက် ကြော်ငြာတွေကို ပြသပေးပါတယ်။
Ref: Howsociable