Facebook ၏ Portal ထုတ္ကုန္သစ္ကုိ ဗီဒီယိုဝန္ေဆာင္မႈမ်ားႏွင့္အတူ မိတ္ဆက္ႏိုင္

[ Zawgyi ]

Facebook ဟာ မ်ိဳးဆက္သစ္ Portal ထုတ္ကုန္သစ္ကုိ ဒီႏွစ္ေႏွာင္းပုိင္းမွာ ျဖန္႔ခ်ိဖို႔ စီစဥ္ေနပါတယ္။

ဒါေၾကာင့္ Facebook ဟာ တီဗီနဲ႔ခ်ိတ္ဆက္ႏိုင္တဲ့ Portal ထုတ္ကုန္ကုိ ဒီႏွစ္ေႏွာင္းပုိင္းမွာ မိတ္ဆက္ႏုိင္တယ္လို႔ The Information ကေဖာ္ျပခဲ့ပါတယ္။ Portal ထုတ္ကုန္သစ္က လက္ရွိထုတ္ကုန္လိုမ်ိဳး စပီကာေတြနဲ႔ ဗီဒီယိုေခၚဆိုမႈေတြလည္း ပါဝင္သလို တီဗီနဲ႔ခ်ိတ္ဆက္တာ၊ streaming ဝန္ေဆာင္မႈေတြလည္း ပါဝင္လာပါတယ္။

Facebook အေနနဲ႔ Hulu, Disney, HBO, Netflix နဲ႔ Amazon တို႔ Portal ထုတ္ကုန္သစ္အတြင္း ပါဝင္လာေအာင္ စကားေျပာဆိုမႈျပဳလုပ္ေနတယ္လို႔ The Information ကေဖာ္ျပခဲ့ပါတယ္။

တီဗီနဲ႔ခ်ိတ္ဆက္ထားတဲ့ ထုတ္ကုန္တစ္မ်ိဳးကို Facebook ျဖန္႔ခ်ိမယ့္သတင္းဟာ ၿပီးခဲ့တဲ့ႏွစ္က ထြက္ေပၚခဲ့ပါတယ္။ အဲဒီထုတ္ကုန္မွာ Facebook ရဲ႕ကုိယ္ပိုင္ Watch ဝန္ေဆာင္မႈအျပင္ အျခား platform ေတြလည္း ပါဝင္လာႏိုင္ပါတယ္။

Portal ပထမဆုံးမ်ိဳးဆက္ကေတာ့ ဗီဒီယိုေခၚဆိုမႈျပဳလုပ္ႏိုင္တဲ့ သီးသန္႔ထုတ္ကုန္တစ္မ်ိဳးျဖစ္ပါတယ္။

စိုးထက္
Ref: Mashable

[ Unicode ]

Facebook ဟာ မျိုးဆက်သစ် Portal ထုတ်ကုန်သစ်ကို ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချိဖို့ စီစဉ်နေပါတယ်။

ဒါကြောင့် Facebook ဟာ တီဗီနဲ့ချိတ်ဆက်နိုင်တဲ့ Portal ထုတ်ကုန်ကို ဒီနှစ်နှောင်းပိုင်းမှာ မိတ်ဆက်နိုင်တယ်လို့ The Information ကဖော်ပြခဲ့ပါတယ်။ Portal ထုတ်ကုန်သစ်က လက်ရှိထုတ်ကုန်လိုမျိုး စပီကာတွေနဲ့ ဗီဒီယိုခေါ်ဆိုမှုတွေလည်း ပါဝင်သလို တီဗီနဲ့ချိတ်ဆက်တာ၊ streaming ဝန်ဆောင်မှုတွေလည်း ပါဝင်လာပါတယ်။

Facebook အနေနဲ့ Hulu, Disney, HBO, Netflix နဲ့ Amazon တို့ Portal ထုတ်ကုန်သစ်အတွင်း ပါဝင်လာအောင် စကားပြောဆိုမှုပြုလုပ်နေတယ်လို့ The Information ကဖော်ပြခဲ့ပါတယ်။

တီဗီနဲ့ချိတ်ဆက်ထားတဲ့ ထုတ်ကုန်တစ်မျိုးကို Facebook ဖြန့်ချိမယ့်သတင်းဟာ ပြီးခဲ့တဲ့နှစ်က ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီထုတ်ကုန်မှာ Facebook ရဲ့ကိုယ်ပိုင် Watch ဝန်ဆောင်မှုအပြင် အခြား platform တွေလည်း ပါဝင်လာနိုင်ပါတယ်။

Portal ပထမဆုံးမျိုးဆက်ကတော့ ဗီဒီယိုခေါ်ဆိုမှုပြုလုပ်နိုင်တဲ့ သီးသန့်ထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။

စိုးထက်
Ref: Mashable