Facebook ၏ Dating ဝန္ေဆာင္မႈအေၾကာင္း ၂၀၁၈ စမ္းသပ္ကာလအၿပီးမွ ထုတ္ျပန္မည္

[ Zawgyi ]

Facebook က ေဆာင္ရြက္ေနတဲ့ Dating ၀န္ေဆာင္မႈအေၾကာင္းကို ၂၀၁၈ စမ္းသပ္ကာလ အၿပီးမွသာထုတ္ ျပန္မွာျဖစ္ေၾကာင္း သိရပါတယ္။

“လူေတာ္ေတာ္မ်ားမ်ားဟာ Facebook ကုိ မိတ္ေဆြအသစ္၊ သူငယ္ခ်င္းအသစ္ေတြ ရဖုိ႔အတြက္ အသုံးျပဳၾကပါတယ္။ ဒီလုိလုပ္ရာမွာ ေကာင္းမြန္တဲ့ အေတြ႕အႀကံဳရေစခ်င္ပါတယ္၊ ဒါေၾကာင့္ Facebook app ထဲမွာဘဲ လက္တြဲေဖာ္ရွာႏုိင္မယ့္ dating န႔ဲ relationship feature ကုိ ထည့္သြင္းတည္ေဆာက္ေပးထားပါတယ္” လို႔ Facebook ရဲ႕ Public Policy Director ျဖစ္သူ Mia Garlick ကေျပာပါတယ္။ သုံးစြဲသူေတြအေနနဲ႔ Facebook profile နဲ႔မတူဘဲ dating profile သက္သက္ျပဳလုပ္ၿပီး လက္တြဲေဖာ္ကုိ သုံးစြဲသူရဲ႕ အႀကိဳက္၊ အႀကိဳက္တူတာေတြ နဲ႔ ႏွစ္ဦးႏွစ္ဖက္ သူငယ္ခ်င္းေတြေပၚမူတည္ၿပီး အႀကဳံျပဳေပးမွာ ျဖစ္ပါတယ္။ Facebook group ေတြ ပြဲေတြကေနတဆင့္ ဒီလုိ အႀကိဳက္တူတဲ့ အျခားသုံးစြဲသူေတြကုိ ရွာေတြ႕ႏုိင္မွာျဖစ္ပါတယ္။

“ ဒီ dating feature က ေရြးခ်ယ္မွသာ အသုံးျပဳလုိ႔ရမွာ ျဖစ္ၿပီး သူငယ္ခ်င္းျဖစ္ၿပီးသား လူေတြနဲ႔ match လုပ္ေပးမွာ မဟုတ္ပါဘူး။ ဒီ dating feature ထဲမွာ ျပဳလုပ္တာေတြကလည္း အျခားသူငယ္ခ်င္းေတြ ျမင္ရမွာ မဟုတ္ပါဘူး” လို႔ သူကဆိုပါတယ္။ ဒီ feature နဲ႔ သက္ဆုိင္တဲ့ အခ်က္အလက္ေတြ နဲ႔ စတင္ အသုံးျပဳလုိ႔ရမယ့္ ေန႔ကိုလည္း ဒီႏွစ္ကုန္(၂၀၁၈) စမ္းသပ္ကာလအၿပီးမွာ ထုတ္ျပန္မွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

-ထြန္းထြန္း

[ Unicode ]

Facebook က ဆောင်ရွက်နေတဲ့ Dating ၀န်ဆောင်မှုအကြောင်းကို ၂၀၁၈ စမ်းသပ်ကာလ အပြီးမှသာထုတ် ပြန်မှာဖြစ်ကြောင်း သိရပါတယ်။

“လူတော်တော်များများဟာ Facebook ကို မိတ်ဆွေအသစ်၊ သူငယ်ချင်းအသစ်တွေ ရဖို့အတွက် အသုံးပြုကြပါတယ်။ ဒီလိုလုပ်ရာမှာ ကောင်းမွန်တဲ့ အတွေ့အကြုံရစေချင်ပါတယ်၊ ဒါကြောင့် Facebook app ထဲမှာဘဲ လက်တွဲဖော်ရှာနိုင်မယ့် dating နဲ့ relationship feature ကို ထည့်သွင်းတည်ဆောက်ပေးထားပါတယ်” လို့ Facebook ရဲ့ Public Policy Director ဖြစ်သူ Mia Garlick ကပြောပါတယ်။ သုံးစွဲသူတွေအနေနဲ့ Facebook profile နဲ့မတူဘဲ dating profile သက်သက်ပြုလုပ်ပြီး လက်တွဲဖော်ကို သုံးစွဲသူရဲ့ အကြိုက်၊ အကြိုက်တူတာတွေ နဲ့ နှစ်ဦးနှစ်ဖက် သူငယ်ချင်းတွေပေါ်မူတည်ပြီး အကြုံပြုပေးမှာ ဖြစ်ပါတယ်။ Facebook group တွေ ပွဲတွေကနေတဆင့် ဒီလို အကြိုက်တူတဲ့ အခြားသုံးစွဲသူတွေကို ရှာတွေ့နိုင်မှာဖြစ်ပါတယ်။

“ ဒီ dating feature က ရွေးချယ်မှသာ အသုံးပြုလို့ရမှာ ဖြစ်ပြီး သူငယ်ချင်းဖြစ်ပြီးသား လူတွေနဲ့ match လုပ်ပေးမှာ မဟုတ်ပါဘူး။ ဒီ dating feature ထဲမှာ ပြုလုပ်တာတွေကလည်း အခြားသူငယ်ချင်းတွေ မြင်ရမှာ မဟုတ်ပါဘူး” လို့ သူကဆိုပါတယ်။ ဒီ feature နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ နဲ့ စတင် အသုံးပြုလို့ရမယ့် နေ့ကိုလည်း ဒီနှစ်ကုန်(၂၀၁၈) စမ်းသပ်ကာလအပြီးမှာ ထုတ်ပြန်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

-ထွန်းထွန်း