Facebook ၏ တာဝန္ရွိသူႏွင့္ အင္တာဗ်ဳး

[ Zawgyi ]

အေကာင့္တုေတြ၊ သတင္းစာမ်က္ႏွာအတုေတြကို ဖယ္ရွားဖို႔ ႀကိဳးစားေနတဲ့ ေဆာင္ရြက္ခ်က္အပါအဝင္ ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ Facebook က ဘာေတြေဆာင္ရြက္ေနသလဲ ဆိုတာကို Facebook ရဲ႕ Public Policy Director ျဖစ္သူ Mia Garlick ကို အင္တာနက္ဂ်ာနယ္က ေမးျမန္းထားတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာအသံုးျပဳေနတဲ့ Fake account ေတြကို ဖယ္ရွားဖို႔ Facebook ကႀကိဳးစားေနတယ္ လို႔ သိရပါတယ္။ ဘာေၾကာင့္ ေဆာင္ရြက္ရသလဲဆိုတာကို သိပါရေစ။

စစ္မွန္မႈဆိုတာကေတာ့ ကြ်န္မတို႔ Facebook မွာ လြန္စြာအေရးႀကီးပါတယ္။ ကြ်န္မတို႔မွာ နာမည္အစစ္မွန္သံုးရတဲ့ မူဝါဒဆိုတာ အၿမဲတမ္းရိွေနခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင္တို႔ရဲ႕ နာမည္အစစ္ အသံုးျပဳတာဟာ လူေတြရဲ႕ သူတို႔မွ်ေဝတာေတြအတြက္ ပိုမိုတာဝန္ခံမႈရိွေအာင္ လုပ္ေပးတယ္လို႔ ကြ်န္မတို႔ယံုၾကည္ပါတယ္။ အဲဒါဟာ လူေတြကို Facebook ရဲ႕အဓိပၸာယ္ေဖာ္ေဆာင္တဲ့ စစ္မွန္တဲ့ ဆက္ဆံေရးနဲ႔ လူထုတည္ေဆာက္မႈေတြ ေပၚေပါက္လာေစတာလည္း ျဖစ္ပါတယ္။ ကြ်န္မတို႔အေနနဲ႔ အေကာင့္တုေတြဆိုတာဟာ Facebook ေပၚမွာ ဘယ္သူမွမလိုခ်င္တဲ့ သတင္းအမွားေတြ၊ အလြဲေတြနဲ႔ မမွန္ကန္တဲ့ လုပ္ေဆာင္မႈေတြရဲ႕ အဓိကဇာစ္ျမစ္ဆိုတာလည္း သိရိွၿပီးျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ကြ်န္မတို႔ဟာ အေကာင့္တုေတြကို ဆန္႔က်င္တဲ့မူဝါဒ ရိွေနရတာၿပီး သူတို႔ကို Facebook ေပၚမွ ျဖဳတ္ခ်ႏိုင္ေအာင္လည္း ၾကိဳးစားေနရတာပါ။ ကြ်န္မတို႔ဟာ အေကာင့္တုေတြကို ပိုမို ေရြးထုတ္နိုင္ၿပီး ဖယ္ရွားႏိုင္ဖို႔ ေန႔တိုင္းဆိုသလိုု နည္းပညာစနစ္ကို တည္ေဆာက္ၿပီး အဆင့္ျမႇင့္လ်က္ရိွပါတယ္။

အေကာင့္တုဟုတ္မဟုတ္ ဘယ္လိုသိႏိုင္ပါသလဲ။

ကြ်န္မတို႔ဟာ လူေတြကို မမွန္ကန္တဲ့ ကိုယ္ေရးအခ်က္အလက္ေတြ အသံုးျပဳၿပီး အေကာင့္ဖြင့္တာကို ျပတ္ျပတ္သားသား တားျမစ္ထားၿပီး ကြ်န္မတို႔မွာလည္း အဲ့ဒီအေကာင့္ေတြကို ေရြးထုတ္ၿပီး လ်င္လ်င္ျမန္ျမန္ ဖယ္ရွားႏိုင္တဲ့ အလိုအေလ်ာက္စနစ္ကို တိုးတက္ေအာင္ လုပ္ေဆာင္လ်က္ရိွပါတယ္။ ကြ်န္မတို႔ရဲ႕ စက္ကသိရွိတဲ့ ေခတ္မီနည္းပညာဟာဆိုရင္ အရင္ကအတည္ျပဳထားတဲ့ လိမ္လည္မႈ၊ အေကာင့္တုေတြကုိ မွတ္မိၿပီး ေနာက္ထပ္အသစ္အသစ္ေသာ အေကာင့္အတုေတြကုိ ရွာေဖြေတြ႕ရိွႏုိင္ေအာင္ က်င့္ေပးထားျခင္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကဆိုရင္ ကြ်န္မတို႔ဟာ ကြ်န္မတို႔ အေကာင့္တုေတြရွာေဖြတာနဲ႔ အေကာင့္တုကာကြယ္တဲ့ နည္းလမ္းနဲ႔ ပတ္သက္ၿပီး တိုးတက္လာတာ ေတြကို ေၾကညာခဲ့ပါတယ္။ ဥပမာဆိုရင္ကြ်န္မတို႔စနစ္ဟာ အေၾကာင္းအရာ တစ္ခုတည္းကို ထပ္ခါထပ္ခါ တင္တာေတြ၊ messages ရဲ႕ျပန္႔ႏံွမႈတိုးလာတာေတြ၊ message ေတြက သာမန္မဟုတ္တဲ့ အဖြဲ႕ႀကီးေတြကို ပို႔ထားတာေတြ (သို႔) ပံုမွန္မဟုတ္တဲ့ အျပဳအမူေတြနဲ့ ပတ္သက္ၿပီးေတာ့ သတိျပဳမိႏိုင္ပါတယ္။ ျပီးေတာ့ ကြ်န္မတို႔ဟာ ကြ်န္မတို႔ရဲ႕ ျပန္ၾကားေရးအဖြဲ႔ေတြကို မမွန္ကန္မႈနဲ႔ စစ္မွန္မႈမရိွတဲ့ ကြ်န္မတို႔မူဝါဒကို ဆန္႔က်င္တဲ့အေကာင့္ေတြကို ရွာေဖြရာမွာ အကူအညီ ေပးႏိုင္ေအာင္ စက္ယႏၱရားသင္ၾကားေရးမွာ ထည့္သြင္းထားပါတယ္။  ကြ်န္မတို႔စနစ္ ေတြဟာ အေကာင့္ေထာင္ေပါင္းမ်ားစြာရဲ႕ မွတ္တမ္းေတြကို ဆန္းစစ္ၿပီး မေကာင္းတဲ့သူေတြအတြက္ Facebook ေပၚမွာ သူတို႔နဲ႔အျခားသူေတြနဲ႔ အဆက္အသြယ္ေတြ အပါအဝင္ အတုလုပ္ဖို႔ေတာင္ အလြန္ခက္ခဲတဲ့ အျပဳအမူေတြ ရွာေဖြမႈအေပၚမွာလည္း အာရံုစိုက္ထားပါတယ္။ ဒီလို စက္ကအလိုအေလ်ာက္ သတိျပဳမိတဲ့ နည္းစနစ္က Facebook ေပၚမွာ အေကာင့္တုတို႔ လိမ္လည္မႈတို႔ကို ေဖာ္ျပေနတဲ့ နည္းလမ္းေတြထဲက တစ္ခုသာျဖစ္ပါတယ္။ အဲ့ဒီအေကာင့္တုေတြ၊ လိမ္လည္မႈေတြကုိ အာရုံစုိက္သုံးသပ္ၿပီး ျဖဳတ္ခ်ေနတဲ့ ေလ့က်င့္ေပးထားတဲ့ ျပန္လည္သံုးသပ္သူမ်ားလည္း ရိွပါတယ္။ ဒါ့အျပင္ သုံးစြဲသူေတြဆီက အေထာက္အကူျဖစ္တဲ့ တိုင္ၾကားခ်က္ေတြကိုလည္း ေန႔တုိင္းလက္ခံရရွိပါတယ္။

သတင္းအမွား အမ်ားစုဟာ ေငြေၾကးနဲ႔ ပတ္သက္ေနၿပီး သတင္းအမွားျဖန္႔သူ spammer ေတြဟာ စစ္မွန္တဲ့ သတင္းဌာနေတြလုိ အေယာင္ေဆာင္ၿပီး သုံးစြဲသူေတြကုိ သူတုိ႔ website ေတြကုိႏွိပ္မိေအာင္ ေၾကျငာေတြ ေကာလဟာလေတြ ျဖန္႔လ်က္ရွိပါတယ္။ သတင္းအမွား ျပန္႔ႏွံ႕မႈကုိ ထိေရာက္စြာရပ္တန္႔ဖုိ႔ဆုိရင္ သတင္းအခ်က္အလက္အမွားေတြကုိ ျဖန္႔ေဝေနတဲ့သူေတြအတြက္ စီးပြားေရးအက်ဳိးအျမတ္ အခြင့္အလမ္းေတြကုိ ေဖ်ာက္ဖ်က္လုိက္ဖုိ႔ ျဖစ္ပါတယ္။  မွန္ကန္မႈကို ကာကြယ္တာဟာဆိုရင္ေတာ့ ယခုျဖစ္ေနတဲ့ စိန္ေခၚမႈပါဘဲ။ အဲ့ဒါဟာဆိုရင္ သတိ၀ရီယရိွမႈနဲ႔ တစိုက္မတ္မတ္လုပ္ေဆာင္မႈ၊ ၾကိဳတင္လုပ္ေဆာင္တဲ့စနစ္နဲ႔ အေၾကာင္းၾကားတာေတြ ေပါင္းစည္းထားမႈကို လိုအပ္ပါတယ္။ အေကာင့္တုရဲ႕ရွာေဖြမႈနဲ႔ ပတ္သက္ၿပီး ကြ်န္မတို႔တိုးတက္ေအာင္ ျပဳလုပ္ထားတာေတြ ဒီမွာေနရာမွာ ဖတ္လို႔ရပါတယ္။

အေကာင့္တုေတြကို ဘယ္လိုပံုစံနဲ႔ ဖယ္ရွားသြားမွာပါလဲ။

ကြ်န္မတို႔ရဲ႕စနစ္ေတြဟာဆိုရင္ သံသယျဖစ္စရာေကာင္းတဲ့ အျပဳအမူေတြကို ပိတ္ရာမွာအကူအညီေပးဖို႔ တစ္စကၠန္႔ကို အႀကိမ္သန္းေပါင္းမ်ားစြာ လုပ္ေဆာင္လ်က္ရိွသည္။ ၿပီးေတာ့ကြ်န္မတို႔ဟာ မွတ္ပံုတင္တဲ့ေနရာမွာ အေကာင့္တုသန္းေပါင္းမ်ားစြာကို ေန႔တိုင္း ပိတ္ပစ္လ်က္ ရိွပါတယ္။ ကြ်န္မတို႔ဟာ အရင္ကတည္းက မွတ္ပံုတင္ထားတဲ့ အဲ့အေကာင့္တုေတြကိုလည္း ရွာေဖြၿပီးပိတ္ပစ္ တာမ်ိဳးေတြ လုပ္ေဆာင္ေနပါတယ္။ မၾကာခင္ကဘဲ Community Standards Enforcement Report ကုိ ထုတ္ျပန္ခဲ့တဲ့အျပင္ လူမႈကြန္ရက္စံႏႈန္းကုိ ခ်ဳိးေဖာက္တဲ့ အေၾကာင္းအရာေတြကုိ တုိင္းတာတဲ့ စနစ္ကုိလည္း ပထမဆုံးအေနျဖင့္ ထုတ္ျပန္ခဲ့ပါတယ္။ ဒီထုတ္ျပန္ခ်က္ မွတ္တမ္းထဲမွာ က႑ေျခာက္ခုျဖစ္တဲ့ ပုံရိပ္ပုိင္းဆုိင္ရာ ခ်ဳိးေဖာက္မႈ၊ အေဖာ္အခြ်တ္၊ လိင္ပိုင္းဆိုင္ရာကိစၥ၊ အၾကမ္းဖက္ ဝါဒျဖန္႔ခ်ီမႈမ်ား၊ အမုန္းစကား၊ အေကာင့္အတုမ်ား နဲ႔ spam စတာေတြရဲ႕ Q4 2017 နဲ႔ Q1 2018 အတြက္ အတုိင္းအတာမ်ား ပါဝင္ပါတယ္။ ကၽြန္မတုိ႔ရဲ႕ AI စနစ္ဟာ အေကာင့္အတုေတြ နဲ႔ spam ေတြ ရွာေဖြေဖာ္ထုတ္ရာမွာ တကယ္ကုိ ထိေရာက္တာအျပင္ ဒီအေၾကာင္းအရာေတြရဲ႕ 98.5% နဲ႔ 97% အသီးသီးကုိ ကၽြန္မတုိ႔ အဖြဲ႕ေတြက အသိမေပးခင္မွာပင္ ရွာေဖြႏုိင္ခဲ့တာ ျဖစ္ပါတယ္။

သတင္းတု၊ အေကာင့္တုေတြကိုဖယ္ရွားျခင္းအားျဖင့္ Facebook အသံုးျပဳသူေတြအေပၚရိုက္ခတ္မႈ တစ္စံုတစ္ရာရွိႏိုင္ပါသလား။

ကြ်န္မတို႔က Facebook ေပၚမွာ မမွန္ကန္တဲ့ သတင္းအခ်က္အလက္ေတြ ပ်ံ႕ႏွံ႕ေနတာမ်ိဳးကို မလိုလားပါဘူး။ မမွန္ကန္တဲ့ သတင္းအခ်က္အလက္ေတြနဲ႔ မွားယြင္းတဲ့ေျပာဆိုခ်က္ေတြဟာ ကြ်န္မတို႔ တေလးတနက္ပူပန္မႈေတြျဖစ္တဲ့ တင္းမာမႈေတြနဲ႔ အမွန္တကယ္ ထိခိုက္နစ္နာမႈေတြကို ပိုမိုဆိုးရြားလာေစဖို႔ ဦးတည္ႏိုင္ပါတယ္။ ကြ်န္မတို႔ဟာလည္း Facebook ကို လူေတြအတြက္ ခ်ိတ္ဆက္ေပးတဲ့၊ လူထုဆက္ဆံေရး တည္ေဆာက္ေပးတဲ့၊ လူေတြအခ်င္းခ်င္း သူတို႔ကိုယ္ကိုေဖာ္ျပၿပီး သူတို႔ အိုင္ဒီယာေတြဖလွယ္ၿပီး သူတို႔နဲ႔သက္ဆိုင္တဲ့ ကိစၥေတြေဆြးေႏြးတဲ့ ေနရာေလးျဖစ္ေစခ်င္ပါတယ္။ သို႔ေသာ္လူေတြက တမင္သက္သက္ မမွန္ကန္တဲ့ သတင္းအခ်က္အလက္ေတြ မွ်ေဝတဲ့အခါ ဒီအရာေလးကိုရရိွဖို႔ ခက္ခဲသြားပါတယ္။ Facebook ေပၚမွာရွိတဲ့ သတင္းအမွားေတြရဲ႕ အရင္းအျမစ္ဟာ အေကာင့္အတုေတြ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီလုိအေကာင့္အတုေတြမရွိေအာင္၊ ျမန္ျမန္ရွာေဖြေတြ႔ရွိၿပီး ဖယ္ရွားႏုိင္ေအာင္ နည္းအမ်ဳိးမ်ဳိးနဲ႔ လုပ္ေဆာင္ရာမွာ အလုိအေလွ်ာက္သိရွိတဲ့ နည္းစနစ္ (automated system) ေတြအျပင္ အဲ့ဒီအေကာင့္အတုေတြကုိ လွံဳ႕ေဆာ္ေနတဲ့ စီးပြားေရး မက္လုံးေတြကုိလည္း ဖယ္ရွားႏုိင္ဖုိ႔ ႀကိဳးပမ္းေနပါတယ္။ သတင္းအမွားေတြကုိ ပယ္ဖ်က္ႏုိင္ဖုိ႔ ကၽြန္မတုိ႔ရဲ႕ လူမႈပတ္ဝန္းက်င္ကုိ သတင္းအခ်က္အလက္ေတြနဲ႔ ပညာေပးဖုိ႔ ႀကိဳးစားလ်က္ရွိပါတယ္။ ျမန္မာႏုိင္ငံမွာဆုိရင္လည္း ျပည္တြင္း အရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔ အတူတူပူးေပါင္းၿပီး လုပ္ေဆာင္မႈေတြရွိပါတယ္။ အြန္လုိင္းဆုိင္ရာ အသိပညာတတ္ေျမာက္မႈ Online Literacy Skills ေတြကုိ တုိးတက္ေစဖုိ႔ ႀကိဳးပမ္းေနတဲ့ First Draft ေခၚ nonprofit အဖြဲ႔အစည္းနဲ႔ ပူးေပါင္းၿပီး လြန္ခဲ့တဲ့ ဧၿပီလက ႏုိင္ငံအႏွံ႔ အသုံးျပဳသူ သန္းေပါင္းမ်ားစြာရဲ႕ News Feed အေပၚဆုံးမွာ သတင္းအမွား အသိပညာေပးျခင္း အခ်က္အလက္ေတြကုိ မွ်ေဝေပးခဲ့ပါတယ္။ ဒီသတင္းအမွား အသိပညာေပး အခ်က္အလက္ေတြကုိလည္း ျမန္မာဘာသာစကားနဲ႔ ျပည္တြင္းသတင္းစာေတြထဲမွာ အႀကိမ္ေပါင္း ၂၁ ႀကိမ္ပါဝင္ခဲ့ၿပီး အြန္လိုင္းမွာလည္း ေဝမွ်ေပးခဲ့ရာ ၾကည့္ရႈတဲ့ အႀကိမ္ေပါင္း သန္း ၂.၅ ေက်ာ္ ရွိခဲ့ပါတယ္။အာရွပစိဖိတ္ သတင္းအသိပညာေပး အုပ္စု (APAC News Literacy working group) သည္ ႏွစ္စဥ္ေတြ႔ဆုံစုေဝးမႈ ျပဳလုပ္ပါတယ္။ ဒီအစည္းအေဝးမွာ အာရွတဝွမ္းက အေယာက္ ၄၀ ေလာက္ရွိတဲ့ သတင္းအခန္းက တာဝန္ရွိသူမ်ား၊ ျဖန္႔ခ်ီသူမ်ား၊ platform ပုိင္းဆုိင္ရာမွ အဖြဲ႔သားမ်ား၊ ပညာေရးပုိင္းႏွင့္ nonprofit အပုိင္းက အႀကီးအကဲမ်ား ပါရွိပါတယ္။ ဒီထဲမွာ သတင္းအမွားနဲ႔ ပတ္သက္တဲ့ ကိစၥေတြကုိ ပုိမုိနက္နက္နဲနဲ နားလည္သိရွိေအာင္ ျမန္မာႏုိင္ငံလည္း ပါဝင္ၿပီးေဆြးေႏြး လ်က္ရွိပါတယ္။

Facebook က Dating ၀န္ေဆာင္မႈေပးမယ္လို႔ သိရပါတယ္။ အဲဒီအထဲမွာ ျမန္မာႏိုင္ငံကေရာခံစား ခြင့္ရွိပါသလား။

လူေတာ္ေတာ္မ်ားမ်ားဟာ Facebook ကုိ မိတ္ေဆြအသစ္၊ သူငယ္ခ်င္းအသစ္ေတြ ရဖုိ႔အတြက္ အသုံးျပဳၾကပါတယ္။ ဒီလုိလုပ္ရာမွာ ေကာင္းမြန္တဲ့ အေတြ႕အႀကံဳရေစခ်င္ပါတယ္။ ဒါေၾကာင့္ Facebook ‌app ထဲမွာဘဲ လက္တြဲေဖာ္ရွာႏုိင္မယ့္ dating န႔ဲ relationship feature ကုိ ထည့္သြင္းတည္ေဆာက္ေပးထားပါတယ္။ သုံးစြဲသူေတြအေနနဲ႔ Facebook profile နဲ႔မတူဘဲ dating profile သက္သက္ျပဳလုပ္ၿပီး လက္တြဲေဖာ္ကုိ သုံးစြဲသူရဲ႕ အႀကိဳက္၊ အႀကိဳက္တူတာေတြ နဲ႔ ႏွစ္ဦးႏွစ္ဖက္ သူငယ္ခ်င္းေတြေပၚမူတည္ၿပီး အႀကဳံျပဳေပးမွာ ျဖစ္ပါတယ္။ Facebook group ေတြ ပြဲေတြကေနတဆင့္ ဒီလုိ အႀကိဳက္တူတဲ့ အျခားသုံးစြဲသူေတြကုိ ရွာေတြ႕ႏုိင္မွာ ျဖစ္ပါတယ္။  ဒီ dating feature က ေရြးခ်ယ္မွသာ အသုံးျပဳလုိ႔ရမွာ ျဖစ္ၿပီး သူငယ္ခ်င္းျဖစ္ၿပီးသား လူေတြနဲ႔ match လုပ္ေပးမွာ မဟုတ္ပါဘူး။ ဒီ dating feature ထဲမွာ ျပဳလုပ္တာေတြကလည္း အျခားသူငယ္ခ်င္းေတြ ျမင္ရမွာ မဟုတ္ပါဘူး။ ထပ္မံၿပီး ဒီ feature နဲ႔ သက္ဆုိင္တဲ့ အခ်က္အလက္ေတြ နဲ႔ စတင္ အသုံးျပဳလုိ႔ရမယ့္ ေန႔ကိုလည္း ဒီႏွစ္ကုန္(၂၀၁၈) စမ္းသပ္ကာလအၿပီးမွာ ထုတ္ျပန္မွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံသား ၀န္ထမ္းေတြေခၚယူမႈနဲ႔ ပတ္သက္ၿပီးေတာ့လည္း သိပါရေစ။

ကြ်န္မတို႔သည္ Community Operations မွ Product, လံုၿခံဳမႈ၊စိတ္ခ်မႈ၊တည္ၾကည္မႈနဲ႔ မူ၀ါဒေတြ အျပင္ ျမန္မာလူမ်ိဳမ်ား၊ ေဒသဆိုင္ရာ ကြ်မ္းက်င္သူမ်ားနဲ႔ ျမန္မာႏိုင္ငံကို အာရံုစိုက္ထားၿပီး အေၾကာင္းအရာတစ္ခုခုနဲ႔ ပတ္သက္တဲ့၊ ကြ်န္မတို႔လူထုအတြက္ ကြ်န္မတို႔ ဝန္ေဆာင္မႈေတြဟာ အျပဳသေဘာေဆာင္တဲ့ အက်ိဳးသက္ေရာက္မႈ ရိွတယ္ဆိုတာေတြကို သက္ေသျပေနတဲ့ ကြ်မ္းက်င္သူေတြ ပါဝင္တဲ့ တစိုက္မတ္မတ္ လုပ္ေဆာင္တဲ့အသင္ေတြကို အားေကာင္းေအာင္ လုပ္ေနပါတယ္။ ဒီမွာထဲမွာ ေဒသဆိုင္ရာစိန္ေခၚမႈေတြကို ပိုမိုနားလည္ဖို႔နဲ႔ တိုင္းျပည္တြင္းမွာရိွတဲ့လူေတြ လံုၿခံဳစိတ္ခ်ေစဖို႔ သင့္ေတာ္တဲ့ ကိရိယာေတြ တည္ေဆာက္ဖို႔ တစိုက္မတ္မတ္ လုပ္ေဆာင္တဲ့ product အဖြဲ႕ ပါဝင္ပါတယ္။ ကြ်န္မတို႔မွာ ကမာၻတစ္ဝွမ္းမွ လူေပါင္း ၁၅၀၀၀ ျဖင့္ဖြဲ႕စည္းထားတဲ့ တစ္ကမာၻလံုးနဲ႔ ပတ္သက္တဲ့ Community Operations and Safety အဖြဲ႕ရိွပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ ၁၀၀၀၀ ႏွင့္အထက္ရိွၿပီး ဒီႏွစ္ကုန္တဲ့ အခ်ိန္မွာဆိုရင္ ကြ်န္မတို႔က ဒီအဖြဲ႕အတြက္ ၂၀၀၀၀ ထိ အားျဖည့္ဖို႔စီစဥ္ထားပါတယ္။

ျမန္မာႏိုင္ငံအတြက္ Facebook ရဲ႕အနာဂတ္ေဆာင္ရြက္ခ်က္ေတြကိုလည္း သိလိုပါတယ္။

ျမန္မာႏိုင္ငံမွ လူေပါင္း ၁၈ မီလီယံေလာက္ဟာ Facebook ေပၚမွာရိွၾကပါတယ္။ ဒီလူထုဟာဆိုရင္ ကြ်န္မတို႔အတြက္ အဆမတန္အေရးပါပါတယ္။ ၿပီးေတာ့ ကြ်န္မတို႔ဟာ သူတို႔ရဲ႕ Facebook ေပၚက အေတြ႕အၾကံဳဟာ အဓိပၸာယ္ရိွေအာင္၊ အျပဳသေဘာေဆာင္ေအာင္ ၿခံဳငံုေျပာရမယ္ဆိုရင္ လံုၿခံဳမႈရတာ ေသခ်ာေအာင္ ကတိေပးလုပ္ေဆာင္လ်က္ ရိွပါတယ္။ ျမန္မာႏိုင္ငံနဲ႔ တစ္မူထူးၿပီးသက္ဆိုင္တဲ့ စိန္ေခၚမႈေပါင္းအေရအတြက္ ေတာ္ေတာ္မ်ားမ်ား ရိွပါတယ္။ ကြ်န္မတို႔ဟာ တံုျပန္ဖို႔ေႏွးေကြးေသာ္ျငားလည္း အဲ့ဒီအခက္အခဲေတြကို ထုတ္ေဖာ္ဖို႔ ႏွစ္ျမႇဳပ္ထားပါတယ္။ ကြ်န္မတို႔ဟာ မူဝါဒေတြ၊ လူအင္အားေတြ၊ အစီအစဥ္ေတြနဲ႔ Product ေတြအေပၚမွာ အေတာ္အတန္ ျမႇဳပ္ႏွံထား႐ံုသာမက ဆက္လက္ျမႇဳပ္ႏွံသြားဖို႔ရိွပါတယ္။ ျပီးေတာ့ မၾကာေသးမီက အဲ့ဒီ ဧရိယာေတြကိုစီမွာ ေျခလွမ္းေတာ္ေတာ္မ်ား သိသိသာသာ လွမ္းထားၿပီးျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ႐ံုးခန္းဖြင့္မယ္ အစီအစဥ္ေ ရာရွိပါသလား။

ျမန္မာနုိင္ငံက သုံးစြဲသူေတြ ကၽြန္မတုိ႔ရဲ႕ ဝန္ေဆာင္မႈေတြကုိ တာဝန္ရွိစြာ အသုံးျပဳတတ္ဖုိ႔ ႀကိဳးပမ္းလာတာ ငါးႏွစ္ေက်ာ္ပါၿပီ။ ျပည္တြင္းမွာရွိတဲ့ မိတ္ဖတ္အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းၿပီး သတင္းအခ်က္အလက္ဆုိင္ရာ ပညာေပး အစီအစဥ္ေတြ၊ သတင္းမွား အသိပညာေပး အစီအစဥ္စတဲ့ အႀကိဳးရွိတဲ့ လုပ္ေဆာင္မႈေတြ၊ လူမႈကြန္ရက္စံႏႈန္းေတြနဲ႔ ပတ္သက္တဲ့ ျမန္မာဘာသာစကား ပညာေပးအစီအစဥ္ေတြ နဲ႔ Facebook ေပၚမွာ အျပဳသေဘာေဆာင္တဲ့ ေျပာဆုိမႈေတြကုိ အားေပးတဲ့ counter speech ကန္ပိန္းေတြကုိ လုပ္ေဆာင္ခဲ့ပါတယ္။ ေနာက္ၿပီးေတာ့ community operations ႏွင့္ product ပုိင္းဆုိင္ရာ၊ လုံၿခဳံေရး၊ ဂုဏ္သိကၡာပုိင္းဆုိင္ရာနဲ႔ policy ဆုိင္ရာအဖြဲ႕ေတြအျပင္ ျမန္မာႏုိင္ငံမွာ ႀကံဳေတြ႕ရတဲ့ အခက္အခဲေတြကုိ ကုိင္တြယ္ေျဖရွင္းဖုိ႔ အဖြဲ႕သားေတြကုိ တုိးပြားလာေအာင္ လုပ္ေနပါတယ္။ ဒီအဖြဲ႕သားေတြထဲမွာ ျမန္မာဘာသာစကား ကၽြမ္းက်င္သူေတြ၊ ႏုိင္ငံပုိင္းဆုိင္ရာ ကၽြမ္းက်င္သူေတြနဲ႔ အေၾကာင္းအရာအလိုက္ ကၽြမ္းက်င္သူေတြ ပါဝင္ၿပီး သုံးစြဲသူ လူမႈပတ္ဝန္းက်င္ ရဲ႕ အြန္လိုင္းအေတြ႕အႀကံဳ လုံၿခဳံေကာင္းမြန္ ေစဖုိ႔အတြက္ ႀကိဳးပမ္းေနၾကတာ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံက Facebook သုံးစြဲသူေတြရဲ႕ အြန္လုိင္းလုံၿခဳံမႈအတြက္ ကၽြန္မတုိ႔ တကယ္ကုိ ေလးေလးနက္နက္ ကတိျပဳထားပါတယ္။  သုံးစြဲသူေတြ ရင္ဆုိင္ႀကဳံေတြ႕ေနရတဲ့ အခက္အခဲ တခ်ဳိ႕ကုိ တုန္႔ျပန္တဲ့အခါ အလြန္မျမန္ဆန္ေသးတာ သိပါတယ္။ ဒါေၾကာင့္ သုံးစြဲသူေတြကုိ လုံၿခဳံမႈရွိေစဖုိ႔ လုိအပ္တဲ့ လူအင္အား၊ စည္းမ်ဥ္းစည္းကမ္းေတြ၊ product ပုိင္းဆုိင္ရာနဲ႔ ပ႐ိုဂရမ္ ပုိင္းဆုိင္ရာ စတာေတြ ရွိေစဖုိ႔ မွန္ကန္တဲ့ ေျခလွမ္းေတြနဲ႔  ဦးတည္ေနပါတယ္။

-ထြန္းထြန္း

[ Unicode ]

အကောင့်တုတွေ၊ သတင်းစာမျက်နှာအတုတွေကို ဖယ်ရှားဖို့ ကြိုးစားနေတဲ့ ဆောင်ရွက်ချက်အပါအဝင် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ Facebook က ဘာတွေဆောင်ရွက်နေသလဲ ဆိုတာကို Facebook ရဲ့ Public Policy Director ဖြစ်သူ Mia Garlick ကို အင်တာနက်ဂျာနယ်က မေးမြန်းထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ Fake account တွေကို ဖယ်ရှားဖို့ Facebook ကကြိုးစားနေတယ် လို့ သိရပါတယ်။ ဘာကြောင့် ဆောင်ရွက်ရသလဲဆိုတာကို သိပါရစေ။

စစ်မှန်မှုဆိုတာကတော့ ကျွန်မတို့ Facebook မှာ လွန်စွာအရေးကြီးပါတယ်။ ကျွန်မတို့မှာ နာမည်အစစ်မှန်သုံးရတဲ့ မူဝါဒဆိုတာ အမြဲတမ်းရှိနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်တို့ရဲ့ နာမည်အစစ် အသုံးပြုတာဟာ လူတွေရဲ့ သူတို့မျျှဝေတာတွေအတွက် ပိုမိုတာဝန်ခံမှုရှိအောင် လုပ်ပေးတယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။ အဲဒါဟာ လူတွေကို Facebook ရဲ့အဓိပ္ပာယ်ဖော်ဆောင်တဲ့ စစ်မှန်တဲ့ ဆက်ဆံရေးနဲ့ လူထုတည်ဆောက်မှုတွေ ပေါ်ပေါက်လာစေတာလည်း ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ အကောင့်တုတွေဆိုတာဟာ Facebook ပေါ်မှာ ဘယ်သူမှမလိုချင်တဲ့ သတင်းအမှားတွေ၊ အလွဲတွေနဲ့ မမှန်ကန်တဲ့ လုပ်ဆောင်မှုတွေရဲ့ အဓိကဇာစ်မြစ်ဆိုတာလည်း သိရှိပြီးဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်မတို့ဟာ အကောင့်တုတွေကို ဆန့်ကျင်တဲ့မူဝါဒ ရှိနေရတာပြီး သူတို့ကို Facebook ပေါ်မှ ဖြုတ်ချနိုင်အောင်လည်း ကြိုးစားနေရတာပါ။ ကျွန်မတို့ဟာ အကောင့်တုတွေကို ပိုမို ရွေးထုတ်နိုင်ပြီး ဖယ်ရှားနိုင်ဖို့ နေ့တိုင်းဆိုသလိုု နည်းပညာစနစ်ကို တည်ဆောက်ပြီး အဆင့်မြှင့်လျက်ရှိပါတယ်။

အကောင့်တုဟုတ်မဟုတ် ဘယ်လိုသိနိုင်ပါသလဲ။

ကျွန်မတို့ဟာ လူတွေကို မမှန်ကန်တဲ့ ကိုယ်ရေးအချက်အလက်တွေ အသုံးပြုပြီး အကောင့်ဖွင့်တာကို ပြတ်ပြတ်သားသား တားမြစ်ထားပြီး ကျွန်မတို့မှာလည်း အဲ့ဒီအကောင့်တွေကို ရွေးထုတ်ပြီး လျင်လျင်မြန်မြန် ဖယ်ရှားနိုင်တဲ့ အလိုအလျောက်စနစ်ကို တိုးတက်အောင် လုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်မတို့ရဲ့ စက်ကသိရှိတဲ့ ခေတ်မီနည်းပညာဟာဆိုရင် အရင်ကအတည်ပြုထားတဲ့ လိမ်လည်မှု၊ အကောင့်တုတွေကို မှတ်မိပြီး နောက်ထပ်အသစ်အသစ်သော အကောင့်အတုတွေကို ရှာဖွေတွေ့ရှိနိုင်အောင် ကျင့်ပေးထားခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် ကျွန်မတို့ဟာ ကျွန်မတို့ အကောင့်တုတွေရှာဖွေတာနဲ့ အကောင့်တုကာကွယ်တဲ့ နည်းလမ်းနဲ့ ပတ်သက်ပြီး တိုးတက်လာတာ တွေကို ကြေညာခဲ့ပါတယ်။ ဥပမာဆိုရင်ကျွန်မတို့စနစ်ဟာ အကြောင်းအရာ တစ်ခုတည်းကို ထပ်ခါထပ်ခါ တင်တာတွေ၊ messages ရဲ့ပြန့်နှံမှုတိုးလာတာတွေ၊ message တွေက သာမန်မဟုတ်တဲ့ အဖွဲ့ကြီးတွေကို ပို့ထားတာတွေ (သို့) ပုံမှန်မဟုတ်တဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီးတော့ သတိပြုမိနိုင်ပါတယ်။ ပြီးတော့ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ပြန်ကြားရေးအဖွဲ့တွေကို မမှန်ကန်မှုနဲ့ စစ်မှန်မှုမရှိတဲ့ ကျွန်မတို့မူဝါဒကို ဆန့်ကျင်တဲ့အကောင့်တွေကို ရှာဖွေရာမှာ အကူအညီ ပေးနိုင်အောင် စက်ယန္တရားသင်ကြားရေးမှာ ထည့်သွင်းထားပါတယ်။ ကျွန်မတို့စနစ် တွေဟာ အကောင့်ထောင်ပေါင်းများစွာရဲ့ မှတ်တမ်းတွေကို ဆန်းစစ်ပြီး မကောင်းတဲ့သူတွေအတွက် Facebook ပေါ်မှာ သူတို့နဲ့အခြားသူတွေနဲ့ အဆက်အသွယ်တွေ အပါအဝင် အတုလုပ်ဖို့တောင် အလွန်ခက်ခဲတဲ့ အပြုအမူတွေ ရှာဖွေမှုအပေါ်မှာလည်း အာရုံစိုက်ထားပါတယ်။ ဒီလို စက်ကအလိုအလျောက် သတိပြုမိတဲ့ နည်းစနစ်က Facebook ပေါ်မှာ အကောင့်တုတို့ လိမ်လည်မှုတို့ကို ဖော်ပြနေတဲ့ နည်းလမ်းတွေထဲက တစ်ခုသာဖြစ်ပါတယ်။ အဲ့ဒီအကောင့်တုတွေ၊ လိမ်လည်မှုတွေကို အာရုံစိုက်သုံးသပ်ပြီး ဖြုတ်ချနေတဲ့ လေ့ကျင့်ပေးထားတဲ့ ပြန်လည်သုံးသပ်သူများလည်း ရှိပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေဆီက အထောက်အကူဖြစ်တဲ့ တိုင်ကြားချက်တွေကိုလည်း နေ့တိုင်းလက်ခံရရှိပါတယ်။

သတင်းအမှား အများစုဟာ ငွေကြေးနဲ့ ပတ်သက်နေပြီး သတင်းအမှားဖြန့်သူ spammer တွေဟာ စစ်မှန်တဲ့ သတင်းဌာနတွေလို အယောင်ဆောင်ပြီး သုံးစွဲသူတွေကို သူတို့ website တွေကိုနှိပ်မိအောင် ကြေငြာတွေ ကောလဟာလတွေ ဖြန့်လျက်ရှိပါတယ်။ သတင်းအမှား ပြန့်နှံ့မှုကို ထိရောက်စွာရပ်တန့်ဖို့ဆိုရင် သတင်းအချက်အလက်အမှားတွေကို ဖြန့်ဝေနေတဲ့သူတွေအတွက် စီးပွားရေးအကျိုးအမြတ် အခွင့်အလမ်းတွေကို ဖျောက်ဖျက်လိုက်ဖို့ ဖြစ်ပါတယ်။ မှန်ကန်မှုကို ကာကွယ်တာဟာဆိုရင်တော့ ယခုဖြစ်နေတဲ့ စိန်ခေါ်မှုပါဘဲ။ အဲ့ဒါဟာဆိုရင် သတိ၀ရီယရှိမှုနဲ့ တစိုက်မတ်မတ်လုပ်ဆောင်မှု၊ ကြိုတင်လုပ်ဆောင်တဲ့စနစ်နဲ့ အကြောင်းကြားတာတွေ ပေါင်းစည်းထားမှုကို လိုအပ်ပါတယ်။ အကောင့်တုရဲ့ရှာဖွေမှုနဲ့ ပတ်သက်ပြီး ကျွန်မတို့တိုးတက်အောင် ပြုလုပ်ထားတာတွေ ဒီမှာနေရာမှာ ဖတ်လို့ရပါတယ်။

အကောင့်တုတွေကို ဘယ်လိုပုံစံနဲ့ ဖယ်ရှားသွားမှာပါလဲ။

ကျွန်မတို့ရဲ့စနစ်တွေဟာဆိုရင် သံသယဖြစ်စရာကောင်းတဲ့ အပြုအမူတွေကို ပိတ်ရာမှာအကူအညီပေးဖို့ တစ်စက္ကန့်ကို အကြိမ်သန်းပေါင်းများစွာ လုပ်ဆောင်လျက်ရှိသည်။ ပြီးတော့ကျွန်မတို့ဟာ မှတ်ပုံတင်တဲ့နေရာမှာ အကောင့်တုသန်းပေါင်းများစွာကို နေ့တိုင်း ပိတ်ပစ်လျက် ရှိပါတယ်။ ကျွန်မတို့ဟာ အရင်ကတည်းက မှတ်ပုံတင်ထားတဲ့ အဲ့အကောင့်တုတွေကိုလည်း ရှာဖွေပြီးပိတ်ပစ် တာမျိုးတွေ လုပ်ဆောင်နေပါတယ်။ မကြာခင်ကဘဲ Community Standards Enforcement Report ကို ထုတ်ပြန်ခဲ့တဲ့အပြင် လူမှုကွန်ရက်စံနှုန်းကို ချိုးဖောက်တဲ့ အကြောင်းအရာတွေကို တိုင်းတာတဲ့ စနစ်ကိုလည်း ပထမဆုံးအနေဖြင့် ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက် မှတ်တမ်းထဲမှာ ကဏ္ဍခြောက်ခုဖြစ်တဲ့ ပုံရိပ်ပိုင်းဆိုင်ရာ ချိုးဖောက်မှု၊ အဖော်အချွတ်၊ လိင်ပိုင်းဆိုင်ရာကိစ္စ၊ အကြမ်းဖက် ဝါဒဖြန့်ချီမှုများ၊ အမုန်းစကား၊ အကောင့်အတုများ နဲ့ spam စတာတွေရဲ့ Q4 2017 နဲ့ Q1 2018 အတွက် အတိုင်းအတာများ ပါဝင်ပါတယ်။ ကျွန်မတို့ရဲ့ AI စနစ်ဟာ အကောင့်အတုတွေ နဲ့ spam တွေ ရှာဖွေဖော်ထုတ်ရာမှာ တကယ်ကို ထိရောက်တာအပြင် ဒီအကြောင်းအရာတွေရဲ့ 98.5% နဲ့ 97% အသီးသီးကို ကျွန်မတို့ အဖွဲ့တွေက အသိမပေးခင်မှာပင် ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။

သတင်းတု၊ အကောင့်တုတွေကိုဖယ်ရှားခြင်းအားဖြင့် Facebook အသုံးပြုသူတွေအပေါ်ရိုက်ခတ်မှု တစ်စုံတစ်ရာရှိနိုင်ပါသလား။

ကျွန်မတို့က Facebook ပေါ်မှာ မမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပျံ့နှံ့နေတာမျိုးကို မလိုလားပါဘူး။ မမှန်ကန်တဲ့ သတင်းအချက်အလက်တွေနဲ့ မှားယွင်းတဲ့ပြောဆိုချက်တွေဟာ ကျွန်မတို့ တလေးတနက်ပူပန်မှုတွေဖြစ်တဲ့ တင်းမာမှုတွေနဲ့ အမှန်တကယ် ထိခိုက်နစ်နာမှုတွေကို ပိုမိုဆိုးရွားလာစေဖို့ ဦးတည်နိုင်ပါတယ်။ ကျွန်မတို့ဟာလည်း Facebook ကို လူတွေအတွက် ချိတ်ဆက်ပေးတဲ့၊ လူထုဆက်ဆံရေး တည်ဆောက်ပေးတဲ့၊ လူတွေအချင်းချင်း သူတို့ကိုယ်ကိုဖော်ပြပြီး သူတို့ အိုင်ဒီယာတွေဖလှယ်ပြီး သူတို့နဲ့သက်ဆိုင်တဲ့ ကိစ္စတွေဆွေးနွေးတဲ့ နေရာလေးဖြစ်စေချင်ပါတယ်။ သို့သော်လူတွေက တမင်သက်သက် မမှန်ကန်တဲ့ သတင်းအချက်အလက်တွေ မျှဝေတဲ့အခါ ဒီအရာလေးကိုရရှိဖို့ ခက်ခဲသွားပါတယ်။ Facebook ပေါ်မှာရှိတဲ့ သတင်းအမှားတွေရဲ့ အရင်းအမြစ်ဟာ အကောင့်အတုတွေ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီလိုအကောင့်အတုတွေမရှိအောင်၊ မြန်မြန်ရှာဖွေတွေ့ရှိပြီး ဖယ်ရှားနိုင်အောင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်ရာမှာ အလိုအလျှောက်သိရှိတဲ့ နည်းစနစ် (automated system) တွေအပြင် အဲ့ဒီအကောင့်အတုတွေကို လှုံ့ဆော်နေတဲ့ စီးပွားရေး မက်လုံးတွေကိုလည်း ဖယ်ရှားနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ သတင်းအမှားတွေကို ပယ်ဖျက်နိုင်ဖို့ ကျွန်မတို့ရဲ့ လူမှုပတ်ဝန်းကျင်ကို သတင်းအချက်အလက်တွေနဲ့ ပညာပေးဖို့ ကြိုးစားလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အတူတူပူးပေါင်းပြီး လုပ်ဆောင်မှုတွေရှိပါတယ်။ အွန်လိုင်းဆိုင်ရာ အသိပညာတတ်မြောက်မှု Online Literacy Skills တွေကို တိုးတက်စေဖို့ ကြိုးပမ်းနေတဲ့ First Draft ခေါ် nonprofit အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး လွန်ခဲ့တဲ့ ဧပြီလက နိုင်ငံအနှံ့ အသုံးပြုသူ သန်းပေါင်းများစွာရဲ့ News Feed အပေါ်ဆုံးမှာ သတင်းအမှား အသိပညာပေးခြင်း အချက်အလက်တွေကို မျှဝေပေးခဲ့ပါတယ်။ ဒီသတင်းအမှား အသိပညာပေး အချက်အလက်တွေကိုလည်း မြန်မာဘာသာစကားနဲ့ ပြည်တွင်းသတင်းစာတွေထဲမှာ အကြိမ်ပေါင်း ၂၁ ကြိမ်ပါဝင်ခဲ့ပြီး အွန်လိုင်းမှာလည်း ဝေမျှပေးခဲ့ရာ ကြည့်ရှုတဲ့ အကြိမ်ပေါင်း သန်း ၂.၅ ကျော် ရှိခဲ့ပါတယ်။အာရှပစိဖိတ် သတင်းအသိပညာပေး အုပ်စု (APAC News Literacy working group) သည် နှစ်စဉ်တွေ့ဆုံစုဝေးမှု ပြုလုပ်ပါတယ်။ ဒီအစည်းအဝေးမှာ အာရှတဝှမ်းက အယောက် ၄၀ လောက်ရှိတဲ့ သတင်းအခန်းက တာဝန်ရှိသူများ၊ ဖြန့်ချီသူများ၊ platform ပိုင်းဆိုင်ရာမှ အဖွဲ့သားများ၊ ပညာရေးပိုင်းနှင့် nonprofit အပိုင်းက အကြီးအကဲများ ပါရှိပါတယ်။ ဒီထဲမှာ သတင်းအမှားနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ပိုမိုနက်နက်နဲနဲ နားလည်သိရှိအောင် မြန်မာနိုင်ငံလည်း ပါဝင်ပြီးဆွေးနွေး လျက်ရှိပါတယ်။

Facebook က Dating ၀န်ဆောင်မှုပေးမယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံကရောခံစား ခွင့်ရှိပါသလား။

လူတော်တော်များများဟာ Facebook ကို မိတ်ဆွေအသစ်၊ သူငယ်ချင်းအသစ်တွေ ရဖို့အတွက် အသုံးပြုကြပါတယ်။ ဒီလိုလုပ်ရာမှာ ကောင်းမွန်တဲ့ အတွေ့အကြံုရစေချင်ပါတယ်။ ဒါကြောင့် Facebook ‌app ထဲမှာဘဲ လက်တွဲဖော်ရှာနိုင်မယ့် dating နဲ့ relationship feature ကို ထည့်သွင်းတည်ဆောက်ပေးထားပါတယ်။ သုံးစွဲသူတွေအနေနဲ့ Facebook profile နဲ့မတူဘဲ dating profile သက်သက်ပြုလုပ်ပြီး လက်တွဲဖော်ကို သုံးစွဲသူရဲ့ အကြိုက်၊ အကြိုက်တူတာတွေ နဲ့ နှစ်ဦးနှစ်ဖက် သူငယ်ချင်းတွေပေါ်မူတည်ပြီး အကြုံပြုပေးမှာ ဖြစ်ပါတယ်။ Facebook group တွေ ပွဲတွေကနေတဆင့် ဒီလို အကြိုက်တူတဲ့ အခြားသုံးစွဲသူတွေကို ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီ dating feature က ရွေးချယ်မှသာ အသုံးပြုလို့ရမှာ ဖြစ်ပြီး သူငယ်ချင်းဖြစ်ပြီးသား လူတွေနဲ့ match လုပ်ပေးမှာ မဟုတ်ပါဘူး။ ဒီ dating feature ထဲမှာ ပြုလုပ်တာတွေကလည်း အခြားသူငယ်ချင်းတွေ မြင်ရမှာ မဟုတ်ပါဘူး။ ထပ်မံပြီး ဒီ feature နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ နဲ့ စတင် အသုံးပြုလို့ရမယ့် နေ့ကိုလည်း ဒီနှစ်ကုန်(၂၀၁၈) စမ်းသပ်ကာလအပြီးမှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသား ၀န်ထမ်းတွေခေါ်ယူမှုနဲ့ ပတ်သက်ပြီးတော့လည်း သိပါရစေ။

ကျွန်မတို့သည် Community Operations မှ Product, လုံခြံုမှု၊စိတ်ချမှု၊တည်ကြည်မှုနဲ့ မူဝါဒတွေ အပြင် မြန်မာလူမျိုများ၊ ဒေသဆိုင်ရာ ကျွမ်းကျင်သူများနဲ့ မြန်မာနိုင်ငံကို အာရုံစိုက်ထားပြီး အကြောင်းအရာတစ်ခုခုနဲ့ ပတ်သက်တဲ့၊ ကျွန်မတို့လူထုအတွက် ကျွန်မတို့ ဝန်ဆောင်မှုတွေဟာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာတွေကို သက်သေပြနေတဲ့ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ တစိုက်မတ်မတ် လုပ်ဆောင်တဲ့အသင်တွေကို အားကောင်းအောင် လုပ်နေပါတယ်။ ဒီမှာထဲမှာ ဒေသဆိုင်ရာစိန်ခေါ်မှုတွေကို ပိုမိုနားလည်ဖို့နဲ့ တိုင်းပြည်တွင်းမှာရှိတဲ့လူတွေ လုံခြံုစိတ်ချစေဖို့ သင့်တော်တဲ့ ကိရိယာတွေ တည်ဆောက်ဖို့ တစိုက်မတ်မတ် လုပ်ဆောင်တဲ့ product အဖွဲ့ ပါဝင်ပါတယ်။ ကျွန်မတို့မှာ ကမ္ဘာတစ်ဝှမ်းမှ လူပေါင်း ၁၅၀၀၀ ဖြင့်ဖွဲ့စည်းထားတဲ့ တစ်ကမ္ဘာလုံးနဲ့ ပတ်သက်တဲ့ Community Operations and Safety အဖွဲ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ၁၀၀၀၀ နှင့်အထက်ရှိပြီး ဒီနှစ်ကုန်တဲ့ အချိန်မှာဆိုရင် ကျွန်မတို့က ဒီအဖွဲ့အတွက် ၂၀၀၀၀ ထိ အားဖြည့်ဖို့စီစဉ်ထားပါတယ်။

မြန်မာနိုင်ငံအတွက် Facebook ရဲ့အနာဂတ်ဆောင်ရွက်ချက်တွေကိုလည်း သိလိုပါတယ်။

မြန်မာနိုင်ငံမှ လူပေါင်း ၁၈ မီလီယံလောက်ဟာ Facebook ပေါ်မှာရှိကြပါတယ်။ ဒီလူထုဟာဆိုရင် ကျွန်မတို့အတွက် အဆမတန်အရေးပါပါတယ်။ ပြီးတော့ ကျွန်မတို့ဟာ သူတို့ရဲ့ Facebook ပေါ်က အတွေ့အကြံုဟာ အဓိပ္ပာယ်ရှိအောင်၊ အပြုသဘောဆောင်အောင် ခြံုငုံပြောရမယ်ဆိုရင် လုံခြံုမှုရတာ သေချာအောင် ကတိပေးလုပ်ဆောင်လျက် ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ တစ်မူထူးပြီးသက်ဆိုင်တဲ့ စိန်ခေါ်မှုပေါင်းအရေအတွက် တော်တော်များများ ရှိပါတယ်။ ကျွန်မတို့ဟာ တုံပြန်ဖို့နှေးကွေးသော်ငြားလည်း အဲ့ဒီအခက်အခဲတွေကို ထုတ်ဖော်ဖို့ နှစ်မြှုပ်ထားပါတယ်။ ကျွန်မတို့ဟာ မူဝါဒတွေ၊ လူအင်အားတွေ၊ အစီအစဉ်တွေနဲ့ Product တွေအပေါ်မှာ အတော်အတန် မြှုပ်နှံထားရုံသာမက ဆက်လက်မြှုပ်နှံသွားဖို့ရှိပါတယ်။ ပြီးတော့ မကြာသေးမီက အဲ့ဒီ ဧရိယာတွေကိုစီမှာ ခြေလှမ်းတော်တော်များ သိသိသာသာ လှမ်းထားပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရုံးခန်းဖွင့်မယ် အစီအစဉ်ေ ရာရှိပါသလား။

မြန်မာနိုင်ငံက သုံးစွဲသူတွေ ကျွန်မတို့ရဲ့ ဝန်ဆောင်မှုတွေကို တာဝန်ရှိစွာ အသုံးပြုတတ်ဖို့ ကြိုးပမ်းလာတာ ငါးနှစ်ကျော်ပါပြီ။ ပြည်တွင်းမှာရှိတဲ့ မိတ်ဖတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သတင်းအချက်အလက်ဆိုင်ရာ ပညာပေး အစီအစဉ်တွေ၊ သတင်းမှား အသိပညာပေး အစီအစဉ်စတဲ့ အကြိုးရှိတဲ့ လုပ်ဆောင်မှုတွေ၊ လူမှုကွန်ရက်စံနှုန်းတွေနဲ့ ပတ်သက်တဲ့ မြန်မာဘာသာစကား ပညာပေးအစီအစဉ်တွေ နဲ့ Facebook ပေါ်မှာ အပြုသဘောဆောင်တဲ့ ပြောဆိုမှုတွေကို အားပေးတဲ့ counter speech ကန်ပိန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ နောက်ပြီးတော့ community operations နှင့် product ပိုင်းဆိုင်ရာ၊ လုံခြုံရေး၊ ဂုဏ်သိက္ခာပိုင်းဆိုင်ရာနဲ့ policy ဆိုင်ရာအဖွဲ့တွေအပြင် မြန်မာနိုင်ငံမှာ ကြံုတွေ့ရတဲ့ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အဖွဲ့သားတွေကို တိုးပွားလာအောင် လုပ်နေပါတယ်။ ဒီအဖွဲ့သားတွေထဲမှာ မြန်မာဘာသာစကား ကျွမ်းကျင်သူတွေ၊ နိုင်ငံပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အကြောင်းအရာအလိုက် ကျွမ်းကျင်သူတွေ ပါဝင်ပြီး သုံးစွဲသူ လူမှုပတ်ဝန်းကျင် ရဲ့ အွန်လိုင်းအတွေ့အကြံု လုံခြုံကောင်းမွန် စေဖို့အတွက် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေရဲ့ အွန်လိုင်းလုံခြုံမှုအတွက် ကျွန်မတို့ တကယ်ကို လေးလေးနက်နက် ကတိပြုထားပါတယ်။ သုံးစွဲသူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ တချို့ကို တုန့်ပြန်တဲ့အခါ အလွန်မမြန်ဆန်သေးတာ သိပါတယ်။ ဒါကြောင့် သုံးစွဲသူတွေကို လုံခြုံမှုရှိစေဖို့ လိုအပ်တဲ့ လူအင်အား၊ စည်းမျဉ်းစည်းကမ်းတွေ၊ product ပိုင်းဆိုင်ရာနဲ့ ပရိုဂရမ် ပိုင်းဆိုင်ရာ စတာတွေ ရှိစေဖို့ မှန်ကန်တဲ့ ခြေလှမ်းတွေနဲ့ ဦးတည်နေပါတယ်။

-ထွန်းထွန်း