Facebook ေခတ္မွာေတြ႔သမ်ွ ယံုမလား အမည္ျဖင့္ ေဆြးေႏြးပြဲ ျပဳလုပ္မည္

[ Zawgyi ]

Facebook ေခတ္မွာေတြ႔သမ်ွ ယံုမလားေဆြးေႏြးပြဲ ကို ဇြန္ ၁၅ ရက္၊ Phandeeyar မွာ ညေန ၆ နာရီ ကေန ၈ နာရီအထိ က်င္းပမယ္လို႔ သိရပါတယ္။

Facebook ေပၚက ဂ်င္းေလာက အေျခအေနေတြ၊ သတင္းတုပုံစံအမ်ိဳးမ်ိဳးေတြ နဲ႔ သတင္း ဌာနႀကီးေတြရဲ႕ page ေတြ အတုလုပ္ခံရတဲ့ ျပႆနာေတြ ဘယ္လိုရင္ဆိုင္ရတယ္ဆိုတာေတြကို ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။ ပါ၀င္ေဆြးေႏြးႏိုင္ဖို႔အတြက္ ဒီေနရာမွာ စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရပါတယ္။

ဒီေန႔ေခတ္ ျမန္မာႏိုင္ငံမွာ Facebook က သတင္းအခ်က္အလက္ေတြကို ရယူဖို႔အတြက္ အလြန္အေရးပါတဲ့ေနရာတစ္ခု ျဖစ္ေနေပမယ္႔ ေတြ႕သမွ်ျမင္သမွ် Post ေတြက အ ေၾကာင္းအရာေတြအားလုံးကို ယုံႏိုင္မယံုႏိုင္ ဘယ္လိုဆုံးျဖတ္သလဲ အေၾကာင္းေတြ ပါဝင္မွာျဖစ္ေၾကာင္း၊ ICT နဲ႔ မီဒီယာ နယ္ပယ္မွ အေတြ႕အႀကဳံရွိသူေတြက Facebook က သတင္းအခ်က္အလက္ေတြကို ဘယ္လိုဆန္းစစ္မလဲ ဆိုတာကို ေဆြးေႏြးၾကမွာျဖစ္ေၾကာင္း သိရပါတယ္။

-ေကာင္းျမတ္ထြန္း

[ Unicode ]

Facebook ခေတ်မှာတွေ့သမျှ ယုံမလားဆွေးနွေးပွဲ ကို ဇွန် ၁၅ ရက်၊ Phandeeyar မှာ ညနေ ၆ နာရီ ကနေ ၈ နာရီအထိ ကျင်းပမယ်လို့ သိရပါတယ်။

Facebook ပေါ်က ဂျင်းလောက အခြေအနေတွေ၊ သတင်းတုပုံစံအမျိုးမျိုးတွေ နဲ့ သတင်း ဌာနကြီးတွေရဲ့ page တွေ အတုလုပ်ခံရတဲ့ ပြဿနာတွေ ဘယ်လိုရင်ဆိုင်ရတယ်ဆိုတာတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပါ၀င်ဆွေးနွေးနိုင်ဖို့အတွက် ဒီနေရာမှာ စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။

ဒီနေ့ခေတ် မြန်မာနိုင်ငံမှာ Facebook က သတင်းအချက်အလက်တွေကို ရယူဖို့အတွက် အလွန်အရေးပါတဲ့နေရာတစ်ခု ဖြစ်နေပေမယ့် တွေ့သမျှမြင်သမျှ Post တွေက အ ကြောင်းအရာတွေအားလုံးကို ယုံနိုင်မယုံနိုင် ဘယ်လိုဆုံးဖြတ်သလဲ အကြောင်းတွေ ပါဝင်မှာဖြစ်ကြောင်း၊ ICT နဲ့ မီဒီယာ နယ်ပယ်မှ အတွေ့အကြုံရှိသူတွေက Facebook က သတင်းအချက်အလက်တွေကို ဘယ်လိုဆန်းစစ်မလဲ ဆိုတာကို ဆွေးနွေးကြမှာဖြစ်ကြောင်း သိရပါတယ်။

-ကောင်းမြတ်ထွန်း