Facebook သုံးစွဲသူ ဖုန်းနံပါတ်တွေကို Telegram bot ကတစ်ဆင့် ရောင်းချနေ

တစ်စုံတစ်ယောက်ကတော့ Facebook သုံးစွဲသူတွေရဲ့ ဖုန်းနံပါတ် အပြည့်အစုံ ပါဝင်တဲ့ database တစ်ခုကို ရရှိထားပြီး Telegram bot အသုံးပြုကာ အချက်အလက်တွေ ရောင်းချနေတယ်လို့ Motherboard ကဖော်ပြခဲ့ပါတယ်။

လုံခြုံရေးသုတေသီတစ်ဦး အေလွန်ဂေကတော့ bot ဆီမှာ သုံးစွဲသူ ၅၃၃ သန်းရဲ့ အချက်အလက်တွေ ရှိတယ်လို့ ပြောကြားထားပါတယ်။ ၂၀၁၉ ခုနှစ်က patch ထုတ်ပေးခဲ့တဲ့ Facebook အားနည်းချက်က ထွက်လာတာလို့ သိရပါတယ်။

Database များစွာမှာ အသုံးဝင်တဲ့အချက်အလက်တွေ ရှာဖွေဖို့ နည်းစနစ်ကျွမ်းကျင်မှု လိုအပ်ပါတယ်။ တစ်ခါတလေမှာ လူနဲ့ database အကြားက ဆက်သွယ်မှုကနေ အချက်အလက်တွေ ရရှိဖို့ ကြိုးစားရပါတယ်။ ဆိုလိုတာက database ပိုင်ဆိုင်သူက လူတစ်ယောက်ကို တန်ဖိုးရှိတဲ့ အချက်အလက်တွေ အလွယ်တကူ မပေးပါဘူး။ ဒါကြောင့် အချက်အလက်ကို အလွယ်တကူ ရှာဖွေဖို့ telegram bot ကိုအသုံးပြုတာ ဖြစ်ပါတယ်။

Telegram bot ဟာ Facebook သုံးစွဲသူ ID ရှိရင် ဖုန်းနံပါတ်ကိုလည်း ရှာပေးနိုင်သလို ဖုန်းနံပါတ်ရှိရင်လည်း ID ကိုရှာပေးနိုင်ပါတယ်။ လိုချင်တဲ့အချက်အလက်ရှာဖွေဖို့ ငွေကြေးကုန်ကျမှုရှိပြီး ဖုန်းနံပါတ် ဒါမှမဟုတ် Facebook ID ကိုရှာဖွေဖို့ bot ဖန်တီးသူက credit တစ်ခုအတွက် ဒေါ်လာ ၂၀ နဲ့ရောင်းချနေပါတယ်။ ဒါ့အပြင် credit ၁၀,၀၀၀ အတွက် ဒေါ်လာ ၅,၀၀၀ ကျသင့်ပါမယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««