Facebook သုံးစွဲသူများ နိုင်ငံရေးကြော်ငြာကို ပိတ်နိုင်မယ်

Facebook စီအီးအို မာ့ခ်ဇူကာဘတ်က သုံးစွဲသူတွေအနေနဲ့ နိုင်ငံရေးကြော်ငြာတွေကို ပိတ်နိုင်အောင် ခွင့်ပြုပေးမယ်လို့ ပြောခဲ့ပါတယ်။

အဲဒီအကြောင်းကို USA Today ရဲ့ သဘောထားအမြင်ကဏ္ဍမှာ ဇူကာဘတ်ကရေးသားခဲ့ပါတယ်။
Facebook ဟာ ဝန်ဆောင်မှုပေါ်မှာ သတင်းမှားအချက်အလက်တွေပါဝင်တဲ့ နိုင်ငံရေးကြော်ငြာတွေကို ခွင့်ပြုတဲ့ ပေါ်လစီကို လူများစွာ ဝေဖန်ခဲ့ကြပါတယ်။ တက်ကြွလှုပ်ရှားသူတွေနဲ့ ဒီမိုကရက်တစ် သမ္မတလောင်း လျာထားခံရဲတဲ့ ဂျိုးဘိုင်ဒင်ကလည်း Facebook ကိုဝေဖန်ထားပါတယ်။ ပြိုင်ဘက် Twitter ကတော့ ၂၀၁၉ အောက်တိုဘာလမှာ နိုင်ငံရေးကြော်ငြာတွေကို ပိတ်ပင်လိုက်တယ်။
Facebook သုံးစွဲသူတွေက နိုင်ငံရေး ကိုယ်စားလှယ်၊ Super PACs နဲ့ နိုင်ငံရေးနဲ့မသက်ဆိုင်ကြောင်း ‘Paid for by’ ပါဝင်တဲ့ အခြားအဖွဲ့အစည်းက နိုင်ငံရေး၊ ရွေးကောက်ပွဲဆိုင်ရာ၊ လူမှုပြဿနာ ကြော်ငြာတွေကို ပိတ်နိုင်ပါမယ်။

အခု feature ကို သုံးစွဲသူတချို့ဆီ စတင်ဖြန့်ချိလိုက်ပါတယ်။ လာမယ့်အပတ် အနည်းငယ်အတွင်း အမေရိကန်က သုံးစွဲသူအားလုံး အသုံးပြုနိုင်မယ်လို့ Facebook က ပြောကြားထားပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာတော့ နိုင်ငံရေးကြော်ငြာတွေအပေါ် တင်းကျပ်ထားတဲ့ နိုင်ငံတွေမှာ အခု feature ကိုတိုးချဲ့ပါမယ်။

စိုးထက်
Ref: CNBC