Facebook သုံးစွဲသူတွေရဲ့ ဖုန်းနံပါတ်တွေ အွန်လိုင်းမှာ ပေါက်ကြား

Facebook account များစွာနဲ့ ဆက်စပ်နေတဲ့ ဖုန်းနံပါတ် ရာပေါင်းများစွာ အွန်လိုင်း database မှာ ပေါ်လာပါတယ်။ ဒါကြောင့် အဲဒီနံပါတ်တွေကို လူပေါင်းများစွာက မရှာနိုင်ခင်မှာ ဖြုတ်ချခဲ့ပါတယ်။

လုံခြုံရေးသုတေသီက မကာကွယ်ထားတဲ့ ဆာဗာအစိတ်အပိုင်းမှာ database အတွင်းက မှတ်တမ်းပေါင်း ၄၁၉ သန်းကျော်ရှိတယ်လို့ TechCrunch ကဖော်ပြခဲ့ပါတယ်။ မှတ်တမ်းပေါင်း ၁၃၃ သန်းက အမေရိကန် Facebook သုံးစွဲသူဆီက အချက်အလက်တွေဖြစ်ပြီး မှတ်တမ်း ၁၈ သန်းလောက်က ယူကေသုံးစွဲသူတွေဆီက ဖြစ်တယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ မှတ်တမ်းများစွာ ဖြုတ်ချခဲ့ပေမယ့် မှတ်တမ်းတွေကို ကူးယူထားတယ်လို့ သိရပါတယ်။ Facebook သုံးစွဲသူ သန်း၂ဝဝကျော် ထိခိုက်ခဲ့တယ်လို့ ခန့်မှန်ထားပါတယ်။

“အခုအချက်အလက်တွေက ဟောင်းနွမ်းပြီး သုံးစွဲသူတွေက ဖုန်းနံပါတ်ကို အသုံးပြုပြီး အခြားလူတွေ ရှာဖွေနိုင်တဲ့ လုပ်ဆောင်ချက်ကို ဖယ်ရှားဖို့ ပြီးခဲ့တဲ့နှစ်အတွင်း အပြောင်းအလဲ မပြုလုပ်ခင် ယူထားတဲ့အချက်အလက်တွေ ဖြစ်ပါတယ်။ အခုဆိုရင် အချက်အလက်တွေကို ဖြုတ်ချလိုက်ပြီး Facebook account တွေထိခိုက်တယ်ဆိုတဲ့ သက်သေမရှိပါဘူး” လို့ Facebook ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

စိုးထက်
Ref: CNET