Facebook သုံးစွဲသူတချို့ log out ဖြစ်သွားတဲ့အကြောင်းအရင်း ကုမ္ပဏီထုတ်ပြန်

ဇန်နဝါရီ ၂၂ ရက်က Facebook သုံးစွဲသူတွေဟာ platform ပေါ်ကနေ log out ဖြစ်သွားခဲ့ကြပါတယ်။ Facebook app ကိုဖွင့်တဲ့အခါမှာလည်း “session expired” သတိပေးချက်ကို ရရှိပြီး log in ပြန်လုပ်ဖို့ ညွှန်ကြားထားပါတယ်။
Facebook ရဲ့ log out ပြဿနာနဲ့ ပတ်သက်ပြီး လူအများစုက သတင်းမှား‌တွေ ဖြန့်ဝေခဲ့ကြပါတယ်။ Facebook ဟာ အချက်အလက်နဲ့ တည်နေရာ ခြေရာခံဖို့ update လုပ်လိုက်တာလို့ လူတွေက ပြောဆိုနေကြပါတယ်။ အဲဒီ ပြောဆိုချက်တွေကိုတော့ Facebook ကရှင်းလင်းလိုက်ပါတယ်။

Facebook app ကနေ log out ဖြစ်သွားတဲ့ အကြောင်းအရင်းကတော့ စနစ်ပြောင်းလဲသွားတာဖြစ်တယ် လို့ ကုမ္ပဏီက ဖြေရှင်းခဲ့ပါတယ်။ “ဇန်နဝါရီ ၂၂ ရက်မှာ စနစ်အပြောင်းအလဲကြောင့် လူတွေဟာ Facebook account တွေကနေ log out ဖြစ်စေပါတယ်။ ကျွန်တော်တို့တွေဟာ လူတိုင်းအတွက် အားနည်းချက်ကို ပြင်ဆင်လိုက်ပါပြီ။ အဆင်မပြေမှုအတွက်လည်း တောင်းပန်ပါတယ်” လို့ Facebook က ဇန်နဝါရီ ၂၃ ရက်မှာ USA Today ကိုပြောခဲ့ပါတယ်။

-စိုးထက်
Ref: USAToday

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««