Facebook သုံးစွဲခွင့် အကန့်အသတ်မရှိ ပိတ်ပင်ခံရတဲ့ ဒေါ်နယ်ထရမ့်

ဒေါ်နယ်ထရမ့်ဟာ Facebook နဲ့ Instagram အသုံးပြုမှု အကန့်အသတ်မရှိ ပိတ်ခံခဲ့ရပါတယ်။

ဒေါ်နယ်ထရမ့်ဟာ အနည်းဆုံးတော့ သမ္မတသက်တမ်း ပြီးဆုံးမှ Facebook ပြန်လည် အသုံးပြုနိုင်ပါတယ်။ ဒေါ်နယ်ထရမ့်အနေနဲ့ ဗုဒ္ဓဟူးနေ့က အမေရိကန် Capitol သိမ်းပိုက်ဖို့ ဆန္ဒပြသူတွေအပေါ် ထောက်ခံခဲ့တာကြောင့် Facebook အသုံးပြုခွင့် ပိတ်လိုက်တာလို့ မာ့ဇူကာဘတ်က ပြောခဲ့ပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ဟာ ကနဦးမှာ Facebook ၂၄ နာရီကြာ အသုံးပြုခွင့် ပိတ်ပင်ခဲ့ရပါတယ်။ ဆန္ဒပြသူတွေအပေါ် ချီးကျူတဲ့ post နှစ်ခုကြောင့် ပိတ်ပင်ခံခဲ့ရတာပါ။ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ Facebook ရဲ့ post မှာ မာ့ခ်ဇူကာဘတ်က အခုလို ပြောကြားထားပါတယ်။ “သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတနေရာဆက်ခံမယ့် ဂျိုးဘိုင်ဒင်ဆီ ငြိမ်းချမ်းပြီး ဥပဒေနဲ့အညီ အာဏာလွှဲပြောင်းမှုကို အားနည်းအောင် ရာထူးရှိချိန်မှာ အသုံးပြုခဲ့တယ်ဆိုတာ ပြီးခဲ့တဲ့ ၂၄ နာရီလုံးလုံး ဖြစ်ပွားခဲ့တဲ့ တုန်လှုပ်စရာဖြစ်ရပ်တွေက ဖော်ပြနေပါတယ်” လို့ Facebook စီအီးအိုက ရေးသားခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ သမ္မတကို အခုကာလအတွင်း လူမှုကွန်ရက် အသုံးပြုထားတာကနေ အန္တရာယ် ဖြစ်လာနိုင်တယ်လို့ ယုံကြည်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့က သူ့ရဲ့ Facebook နဲ့ Instagram အကောင့်တွေကို အကန့်သတ်မရှိ ပိတ်လိုက်ပါတယ်။ အနည်းဆုံးလာမယ့်နှစ်ပတ်အတွင်း ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းမှု ပြီးဆုံးချိန်အထိ ပိတ်ပင်ထားပါမယ်”

-စိုးထက်
Ref: TheGuardian