Facebook သုံးစြဲသူ ၃ သန္းရဲ႕ အခ်က္အလက္မ်ား ေပါက္ၾကားခဲ့

[Zawgyi]

ကိန္းဘရစ္ခ်္သုေတသီေတြဟာ လူအမ်ားဝင္ေရာက္ၾကည့္႐ႈႏိုင္တဲ့ portal ေပၚမွာ Facebook သုံးစြဲသူ ၃ သန္းရဲ႕ အခ်က္အလက္ေတြကို တင္ခဲ့ပါတယ္။ အဲဒီအခ်က္အလက္ေတြကို သုံးစြဲသူအမည္၊ စကားဝွက္တစ္ခုနဲ႔ ပိတ္ထားပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ ေက်ာင္းသားေတြဟာ login credential ေတြကို အြန္လိုင္းေပၚ တင္ခဲ့ပါတယ္။

ေပါက္ၾကားထြက္ေပၚလာတဲ့ အခ်က္အလက္ထဲမွာ ပါဝင္သူေတြကို ရွာေဖြတဲ့အခါမွာ သုံးစြဲသူအမည္နဲ႔ စကားဝွက္ကိုေတြ႕ရိွခဲ့တယ္လို႔ New Scientist က ေဖာ္ျပခဲ့ပါတယ္။

အခုကိစၥဟာ ကိန္းဘရစ္ခ်္တကၠသိုလ္နဲ႔ ပူးေပါင္းထားတဲ့ Facebook နဲ႔ သုေတသီေတြကို ကပ္ဆိုးဆိုက္ေစခဲ့တဲ့ အ႐ႈပ္ေတာ္ပုံရဲ႕ ေနာက္ဆက္တြဲျဖစ္ရပ္ ျဖစ္ပါတယ္။ ႏိုင္ငံေရးအႀကံေပး Cambridge Analytica ဟာ Facebook သုံးစြဲသူ ၈၇ သန္းရဲ႕အခ်က္အလက္ေတြကို မေလ်ာ္မကန္ ရယူခဲ့ပါတယ္။ သုေတသီ အလက္ဆန္ဒါးကိုဂန္က ကိုယ္ရည္ကိုယ္ေသြးအေမးအေျဖကတစ္ဆင့္ စုေဆာင္းထားတဲ့ သတင္းအခ်က္အလက္ေတြကို ကုမၸဏီနဲ႔ ေဝမွ်ခဲ႔ပါတယ္။

အခုသတင္းအခ်က္အလက္ေပါက္ၾကားမႈမွာ myPersonality လို႔အမည္ရတဲ့ personality app ကတစ္ဆင့္ သုံးစြဲသူေတြရဲ႕ ခြင့္ျပဳခ်က္နဲ႔ သတင္းအခ်က္အလက္ကုိ သုေတသီအဖြဲ႕ေတြက စုစည္းခဲ့ၿပီး web portal ေပၚတင္ခဲ့တယ္လို႔ New Scientist ကေဖာ္ျပခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၄ ႏွစ္ခန္႔က အခ်က္အလက္ေတြ အသုံးျပဳႏိုင္တဲ့ ေက်ာင္းသားေတြက အခ်က္အလက္ေဝမွ် ဝက္ဘ္ဆိုက္ GitHub ေပၚမွာ သုံးစြဲသူအမည္နဲ႔ စကားဝွက္ကို အြန္လိုင္းေပၚ တင္ခဲ့ပါတယ္။ အခ်က္အလက္ေတြကို မထင္ရွားေအာင္ ျပဳလုပ္ခဲ့စဥ္က Facebook မွာတင္ထားတဲ့ မူလလူပုဂၢိဳလ္ေတြပါဝင္တဲ့ အခ်က္အလက္စုစညး္မႈကို အလြယ္တကူ ဆက္စပ္ၾကည့္ႏိုင္ေအာင္ ျပဳလုပ္ဖို႔ တစ္ကုိယ္ေရအခ်က္အလက္အပုိင္း ကၽြမ္းက်င္သူေတြက အခ်က္အလက္ျဖန္႔ခ်ိသူေတြကုိ ေျပာခဲ့ပါတယ္။

Facebook အေနနဲ႔ ဧၿပီလ ၇ ရက္မွာ myPersonality app ကုိဖယ္ရွားခဲ့ပါတယ္။ GitHub မွာ login credential တင္ထားတာကုိလည္း Facebook က သတိထားမိပါတယ္။ အဲဒီျပႆနာကို ကုမၸဏီအတြင္းက Facebook သုံးစြဲသူအခ်က္အလက္ မတရားအသုံးျပဳတာ ဒါမွမဟုတ္ အလြဲသုုံးစားျပဳလုပ္မႈနဲ႔ ပတ္သက္တဲ့ သက္ဆိုင္ရာသတင္းအခ်က္အလက္အတြက္ ပ႐ိုဂရမ္မွာ သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။

အဲဒီအခ်က္အလက္ကုိထိန္းခ်ဳပ္ထားတဲ့ သုေတသီေတြဟာ ကိန္းဘရစ္ခ်္တကၠသိုလ္ရဲ႕ Psychometrics စင္တာမွာ အေျခစိုက္ထားတယ္လို႔ New Scientist ကေဖာ္ျပခဲ့ပါတယ္။ အဲဒီစီမံကိန္းမွာ သုေတသီကုိဂန္ ပါဝင္ခဲ့ဖူးတယ္လုိ႔ သိရပါတယ္။

စိုးထက္
Ref: CNET

================

[Unicode]

ကိန်းဘရစ်ချ်သုတေသီတွေဟာ လူအများဝင်ရောက်ကြည့်ရှုနိုင်တဲ့ portal ပေါ်မှာ Facebook သုံးစွဲသူ ၃ သန်းရဲ့ အချက်အလက်တွေကို တင်ခဲ့ပါတယ်။ အဲဒီအချက်အလက်တွေကို သုံးစွဲသူအမည်၊ စကားဝှက်တစ်ခုနဲ့ ပိတ်ထားပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျောင်းသားတွေဟာ login credential တွေကို အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။

ပေါက်ကြားထွက်ပေါ်လာတဲ့ အချက်အလက်ထဲမှာ ပါဝင်သူတွေကို ရှာဖွေတဲ့အခါမှာ သုံးစွဲသူအမည်နဲ့ စကားဝှက်ကိုတွေ့ရှိခဲ့တယ်လို့ New Scientist က ဖော်ပြခဲ့ပါတယ်။

အခုကိစ္စဟာ ကိန်းဘရစ်ချ်တက္ကသိုလ်နဲ့ ပူးပေါင်းထားတဲ့ Facebook နဲ့ သုတေသီတွေကို ကပ်ဆိုးဆိုက်စေခဲ့တဲ့ အရှုပ်တော်ပုံရဲ့ နောက်ဆက်တွဲဖြစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံရေးအကြံပေး Cambridge Analytica ဟာ Facebook သုံးစွဲသူ ၈၇ သန်းရဲ့အချက်အလက်တွေကို မလျော်မကန် ရယူခဲ့ပါတယ်။ သုတေသီ အလက်ဆန်ဒါးကိုဂန်က ကိုယ်ရည်ကိုယ်သွေးအမေးအဖြေကတစ်ဆင့် စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေကို ကုမ္ပဏီနဲ့ ဝေမျှခဲ့ပါတယ်။

အခုသတင်းအချက်အလက်ပေါက်ကြားမှုမှာ myPersonality လို့အမည်ရတဲ့ personality app ကတစ်ဆင့် သုံးစွဲသူတွေရဲ့ ခွင့်ပြုချက်နဲ့ သတင်းအချက်အလက်ကို သုတေသီအဖွဲ့တွေက စုစည်းခဲ့ပြီး web portal ပေါ်တင်ခဲ့တယ်လို့ New Scientist ကဖော်ပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်ခန့်က အချက်အလက်တွေ အသုံးပြုနိုင်တဲ့ ကျောင်းသားတွေက အချက်အလက်ဝေမျှ ဝက်ဘ်ဆိုက် GitHub ပေါ်မှာ သုံးစွဲသူအမည်နဲ့ စကားဝှက်ကို အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။ အချက်အလက်တွေကို မထင်ရှားအောင် ပြုလုပ်ခဲ့စဉ်က Facebook မှာတင်ထားတဲ့ မူလလူပုဂ္ဂိုလ်တွေပါဝင်တဲ့ အချက်အလက်စုစညး်မှုကို အလွယ်တကူ ဆက်စပ်ကြည့်နိုင်အောင် ပြုလုပ်ဖို့ တစ်ကိုယ်ရေအချက်အလက်အပိုင်း ကျွမ်းကျင်သူတွေက အချက်အလက်ဖြန့်ချိသူတွေကို ပြောခဲ့ပါတယ်။

Facebook အနေနဲ့ ဧပြီလ ရ ရက်မှာ myPersonality app ကိုဖယ်ရှားခဲ့ပါတယ်။ GitHub မှာ login credential တင်ထားတာကိုလည်း Facebook က သတိထားမိပါတယ်။ အဲဒီပြဿနာကို ကုမ္ပဏီအတွင်းက Facebook သုံးစွဲသူအချက်အလက် မတရားအသုံးပြုတာ ဒါမှမဟုတ် အလွဲသုုံးစားပြုလုပ်မှုနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာသတင်းအချက်အလက်အတွက် ပရိုဂရမ်မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

အဲဒီအချက်အလက်ကိုထိန်းချုပ်ထားတဲ့ သုတေသီတွေဟာ ကိန်းဘရစ်ချ်တက္ကသိုလ်ရဲ့ Psychometrics စင်တာမှာ အခြေစိုက်ထားတယ်လို့ New Scientist ကဖော်ပြခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ သုတေသီကိုဂန် ပါဝင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

စိုးထက်
Ref: CNET