Facebook ဝန်ဆောင်မှုအမျိုးမျိုးမှာ post တင်နိုင်မယ့် Accounts Center

Facebook ဟာ ကိုယ်ပိုင် platform အမျိုးမျိုးမှာ post တင်နိုင်မယ့် Accounts Center အမည်ရ portal ကို မိတ်ဆက်လိုက်ပါတယ်။

Accounts Center ကတော့ စုပေါင်း interface ကတစ်ဆင့် Messenger အပါအဝင် Facebook ပိုင်ဆိုင်တဲ့ app တွေအတွက် account အသေးစိတ် စီမံနိုင်တယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။ ဒါ့အပြင် ငွေပေးချေမှု ပြုလုပ်တာအပြင် (ဒီနှစ် နှောင်းပိုင်းမှာ Facebook Pay ပါဝင်) platform တွေမှာ post တင်နိုင်ပါတယ်။

Facebook ရဲ့ Accounts Center က password မေ့နေတဲ့ account တွေကိုလည်း အလွယ်တကူ recovery ပြန်လုပ်နိုင်ပါတယ်။ Accounts Center က Facebook app တွေမှာ မတူညီတဲ့ ID နဲ့လည်း အသုံးပြုနိုင်ပါတယ်။
Facebook ဟာ ဒီတစ်ပတ်အတွင်း portal ကို စတင် စမ်းသပ်မှာဖြစ်ပြီး ဘယ်အချိန်မှာ ဖြန့်ချိမလဲဆိုတာ မသိသေးပါဘူး။

-စိုးထက်
Ref: CNET

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««