Facebook လုပ်ဆောင်ချက်အသစ် အတွက် အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံမယ့် Apple

Facebook ဟာ feature အသစ်က တစ်ဆင့် in-app purchase အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံမယ့်အကြောင်း သုံးစွဲသူတွေဆီ သတင်းပေးမယ့် ကိစ္စအပေါ် Apple က တားမြစ်ထားပါတယ်။ Apple က Facebook update ဟာ App Store စည်းမျဉ်းကို ချိုးဖောက်ပြီး developer တွေက သုံးစွဲသူကို မလိုအပ်တဲ့ သတင်းအချက်အလက်တွေ ပြခွင့် မပြုပါဘူး။

Facebook ရဲ့လုပ်ဆောင်ချက် အသစ်က app ကတစ်ဆင့် အွန်လိုင်း event အတွက် လက်မှတ်ဝယ်ခွင့် ပြုပါတယ်။ Apple ရဲ့စည်းမျဉ်းအရ App Store ရဲ့ငွေပေးချေမှုစနစ်ကို အသုံးပြုရပြီး ၃၀ ရာခိုင်နှုန်း ကောက်ခံပါမယ်။ Apple အနေနဲ့ ငွေကြေးကောက်ခံမှုကို လျှော့ချပေးဖို့ Facebook ကတောင်းဆိုခဲ့ပါတယ်။ ဒါမှပဲ ဝင်ငွေတွေက ပွဲစီစဉ်သူတွေဆီ စီးဆင်းနိုင်မှာ ဖြစ်ပါတယ်။ Facebook တောင်းဆိုချက်ကို Apple က ငြင်းဆန်ခဲ့ပါတယ်။ အခု feature ကတော့ ဖြန့်ချိလိုက်ပြီ ဖြစ်ပေမယ့် Apple က ၃၀ ရာခိုင်နှုန်း ကောက်ခံမယ့်ကိစ္စကိုတော့ သုံးစွဲသူတွေဆီ သတင်းပေးဖို့လည်း တားမြစ်ထားပါတယ်။

အွန်လိုင်း event အတွက် လက်မှတ်ဝယ်ယူတဲ့အခါ app ထဲမှာ message ဘယ်လိုပေါ်မလဲ ဆိုတာကိုလည်း ဒီလအစောပိုင်းမှာ Facebook ကပုံတစ်ပုံ ဖြန့်ချိထားပါတယ်။

စိုးထက်
Ref: TheVerge

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««