Facebook ရဲ႕ Libra cryptocurrency အိႏၵိယမွာ ပိတ္ပင္ခံရႏိုင္

[ Zawgyi ]

Facebook ကအသစ္မိတ္ဆက္လိုက္တဲ့ cryptocurrency Libra ကို အိႏၵိယအစိုးရက ႏိုင္ငံတြင္းကုန္သြယ္ဖို႔ ခြင့္ျပဳမွာ မဟုတ္ဘူးလို႔ Bloomberg ကေဖာ္ျပခဲ့ပါတယ္။

၂၀၁၈ ဧၿပီမွာ အိႏၵိယေငြေၾကးအရန္ဘဏ္က ျပ႒ာန္းလိုက္တဲ့ စည္းမ်ဥ္းေတြအရ cryptocurrency နဲ႔ virtual coin ေတြကုိ ပိတ္ပင္ထားပါတယ္။ ဒါေပမဲ့ bitcoin လိုမ်ိဳး တစ္ဦးခ်င္းသုံး ကုန္သြယ္ေရး ေငြေၾကးစနစ္ေတြကုိေတာ့ တရားဝင္ခြင့္ျပဳထားပါတယ္။ ၿပီးခဲ့တဲ့လ အိႏၵိယအစုိးရအေနနဲ႔ crypto သုံးစြဲသူေတြကုိ ေထာင္ဒဏ္ခ်မွတ္ႏိုင္တဲ့ ဥပေဒၾကမ္းေတြကုိ လုပ္ကုိင္ေနတယ္လို႔ သိရပါတယ္။

“Facebook ေငြေၾကးဒီဇိုင္းကို ျပည့္ျပည့္စုံစုံ မရွင္းျပထားပါဘူး။ ဒါေပမဲ့ တစ္ဦးခ်င္းသုံး cryptocurrency ပဲျဖစ္ၿပီး ကၽြန္ေတာ္တို႔အတြက္ သက္ေသာင့္သက္သာ မျဖစ္ပါဘူး” လို႔ အိႏၵိယစီးပြားေရးဝန္ႀကီးက Bloomberg ကုိ ေျပာခဲ့ပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Facebook ကအသစ်မိတ်ဆက်လိုက်တဲ့ cryptocurrency Libra ကို အိန္ဒိယအစိုးရက နိုင်ငံတွင်းကုန်သွယ်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူးလို့ Bloomberg ကဖော်ပြခဲ့ပါတယ်။

၂၀၁၈ ဧပြီမှာ အိန္ဒိယငွေကြေးအရန်ဘဏ်က ပြဋ္ဌာန်းလိုက်တဲ့ စည်းမျဉ်းတွေအရ cryptocurrency နဲ့ virtual coin တွေကို ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ bitcoin လိုမျိုး တစ်ဦးချင်းသုံး ကုန်သွယ်ရေး ငွေကြေးစနစ်တွေကိုတော့ တရားဝင်ခွင့်ပြုထားပါတယ်။ ပြီးခဲ့တဲ့လ အိန္ဒိယအစိုးရအနေနဲ့ crypto သုံးစွဲသူတွေကို ထောင်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေကြမ်းတွေကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

“Facebook ငွေကြေးဒီဇိုင်းကို ပြည့်ပြည့်စုံစုံ မရှင်းပြထားပါဘူး။ ဒါပေမဲ့ တစ်ဦးချင်းသုံး cryptocurrency ပဲဖြစ်ပြီး ကျွန်တော်တို့အတွက် သက်သောင့်သက်သာ မဖြစ်ပါဘူး” လို့ အိန္ဒိယစီးပွားရေးဝန်ကြီးက Bloomberg ကို ပြောခဲ့ပါတယ်။

Ref: CNET