Facebook ရဲ႕ Libra အြန္လိုင္းေငြေၾကးနဲ႔ပတ္သက္ၿပီး အေမရိကန္ဆိနိတ္ ၾကားနာမႈျပဳလုပ္မည္

[ Zawgyi ]

Facebook ရဲ႕ cryptocurrency အစီအစဥ္ Libra နဲ႔ပတ္သက္ၿပီး မ်က္ျမင္သက္ေသေတြကုိ လာမယ့္လအတြင္း ေခၚယူေမးျမန္းသြားမယ္လို႔ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က Senate Banking Committee ကေၾကညာခဲ့ပါတယ္။

အဲဒီၾကားနာမႈကို Facebook ရဲ႕ဒီဂ်စ္တယ္ေငြေၾကးနဲ႔ အခ်က္အလက္ လုံၿခဳံေရးအေပၚ ထည့္သြင္းစဥ္းစား စစ္ေဆးျခင္းလို႔ ေခါင္းစဥ္တပ္ထားပါတယ္။ ၾကားနာမႈကုိ ဇူလိုင္ ၁၆ ရက္မွာ ျပဳလုပ္မွာျဖစ္ၿပီး သက္ေသထြက္ဆိုမယ့္သူေတြကုိ မသိရေသးပါဘူး။ Facebook အေနနဲ႔ cryptocurrency နဲ႔ blockchain စနစ္သစ္ Libra ကုိမိတ္ဆက္ၿပီးေနာက္ ၾကားနာမယ့္အစီအစဥ္ ထြက္ရွိလာပါတယ္။ Facebook ရဲ႕အစီအစဥ္ကုိ ဥပေဒကို ျပဳလုပ္သူေတြက ေဝဖန္ခဲ့သလို သုံးစြဲသူေတြအတြက္ အႏၲရာယ္ရွိတဲ့အတြက္ စုံစမ္းစစ္ေဆးဖို႔ ေတာင္းဆိုလာၾကပါတယ္။

Facebook ရဲ႕ထုတ္ကုန္သစ္နဲ႔ ပတ္သက္ၿပီး ေမးျမန္းၾကားနာမယ့္သူက ဥပေဒျပေကာ္မတီထဲမွာပါဝင္တဲ့ ထိပ္တန္းဒီမိုကရက္လႊတ္ေတာ္အမတ္ ရွာေရာ႔ဘေရာင္းျဖစ္ပါတယ္။ “Facebook ဟာ အလြန္ႀကီးမားၿပီး အင္အားလည္းႀကီးလာပါတယ္။ စြမ္းအင္အာဏာကုိ အသုံးခ်ၿပီး သုံးစြဲသူ တစ္ကိုယ္ေရအခ်က္အလက္ေတြကုိ မကာကြယ္ အသာစီးယူဖူးပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ ႀကီးၾကပ္မႈမရွိဘဲ ဆြစ္ဘဏ္ေငြစာရင္းမွာ မပါတဲ့ cryptocurrency သစ္ကုိ Facebook စီမံမႈကုိ ခြင့္မျပဳႏိုင္ပါဘူး။ ကၽြန္ေတာ္တုိ႔ရဲ႕ ဘ႑ာေရး ေစာင့္ၾကည့္ထိန္းေက်ာင္းသူ အေနနဲ႔ သုံးစြဲသူေတြကုိ ကာကြယ္ဖို႔ အနီးကပ္ေစာင့္ၾကည့္ စိစစ္ဖို႔ ေတာင္းဆိုပါတယ္” လို႔ေျပာၾကားခဲ့ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Facebook ရဲ့ cryptocurrency အစီအစဉ် Libra နဲ့ပတ်သက်ပြီး မျက်မြင်သက်သေတွေကို လာမယ့်လအတွင်း ခေါ်ယူမေးမြန်းသွားမယ်လို့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က Senate Banking Committee ကကြေညာခဲ့ပါတယ်။

အဲဒီကြားနာမှုကို Facebook ရဲ့ဒီဂျစ်တယ်ငွေကြေးနဲ့ အချက်အလက် လုံခြုံရေးအပေါ် ထည့်သွင်းစဉ်းစား စစ်ဆေးခြင်းလို့ ခေါင်းစဉ်တပ်ထားပါတယ်။ ကြားနာမှုကို ဇူလိုင် ၁၆ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး သက်သေထွက်ဆိုမယ့်သူတွေကို မသိရသေးပါဘူး။ Facebook အနေနဲ့ cryptocurrency နဲ့ blockchain စနစ်သစ် Libra ကိုမိတ်ဆက်ပြီးနောက် ကြားနာမယ့်အစီအစဉ် ထွက်ရှိလာပါတယ်။ Facebook ရဲ့အစီအစဉ်ကို ဥပဒေကို ပြုလုပ်သူတွေက ဝေဖန်ခဲ့သလို သုံးစွဲသူတွေအတွက် အန္တရာယ်ရှိတဲ့အတွက် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလာကြပါတယ်။

Facebook ရဲ့ထုတ်ကုန်သစ်နဲ့ ပတ်သက်ပြီး မေးမြန်းကြားနာမယ့်သူက ဥပဒေပြကော်မတီထဲမှာပါဝင်တဲ့ ထိပ်တန်းဒီမိုကရက်လွှတ်တော်အမတ် ရှာရော့ဘရောင်းဖြစ်ပါတယ်။ “Facebook ဟာ အလွန်ကြီးမားပြီး အင်အားလည်းကြီးလာပါတယ်။ စွမ်းအင်အာဏာကို အသုံးချပြီး သုံးစွဲသူ တစ်ကိုယ်ရေအချက်အလက်တွေကို မကာကွယ် အသာစီးယူဖူးပါတယ်။ ကျွန်တော်တို့အနေနဲ့ ကြီးကြပ်မှုမရှိဘဲ ဆွစ်ဘဏ်ငွေစာရင်းမှာ မပါတဲ့ cryptocurrency သစ်ကို Facebook စီမံမှုကို ခွင့်မပြုနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေး စောင့်ကြည့်ထိန်းကျောင်းသူ အနေနဲ့ သုံးစွဲသူတွေကို ကာကွယ်ဖို့ အနီးကပ်စောင့်ကြည့် စိစစ်ဖို့ တောင်းဆိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။

Ref: TheVerge