[ Zawgyi ]
Facebook ဟာ ဒီဂ်စ္တယ္ေငြေၾကးကုိ လုပ္ကိုင္ေနတာ လအနည္းငယ္ၾကာၿပီ ျဖစ္ပါတယ္။ အဂၤါေန႔ကေတာ့ Libra လို႔အမည္ရတဲ့ cryptocurrency ကုိ Facebook ကထုတ္ေဖာ္ျပသလုိက္ပါတယ္။
Facebook အေနနဲ႔ ကုိယ္ပိုင္ cryptocurrency ကို ထုတ္ေဖာ္မိတ္ဆက္အၿပီး မးခြန္းမ်ားစြာေျဖဆိုဖို႔ က်န္ပါေသးတယ္။ Facebook အေနနဲ႔ cryptocurrency ကုိတစ္ကမ႓ာလုံးအတြက္ ဘယ္လိုစည္းမ်ဥ္းသတ္မွတ္ၿပီး ကုမၸဏီက ထိန္းေက်ာင္းမယ့္ေငြေၾကးစနစ္က ယုံၾကည္ႏုိင္ျခင္း ရွိ၊ မရွိကုိ လူေတြက စိုးရိမ္ေနၾကပါတယ္။ Facebook ဟာ crytocurrency အမည္ကို Libra လို႔ေပးခဲ့ပါတယ္။ Libra ဟာ နကၡတ္သေကၤတတစ္ခုျဖစ္ၿပီး ကုိယ္ပိုင္ဖြင့္ဆိုခ်က္နဲ႔ အဓိပၸာယ္သတ္မွတ္ခ်က္ရွိပါတယ္။
နကၡတ္ေဗဒင္အရ Libra (တူရာသီ) ဟာ ဟန္ခ်က္ညီျခင္းကို ကုိယ္စားျပဳပါတယ္။ အဲဒီသေကၤတဟာ ညီမွ်မႈ၊ တရားမွ်တမႈနဲ႔ ေဝခြဲမႈကို ဆိုလိုတယ္လို႔ နကၡတ္ေဗဒင္ပညာရွင္ အယ္လိုင္ဇာကယ္လီကေျပာခဲ့ပါတယ္။ တူရာသီဖြား သေကၤတဟာ ဘယ္လိုအခ်ိန္မွာပဲျဖစ္ျဖစ္ ေရွ႕ေနာက္ညီတဲ့အရာတစ္ခုခုကို ေထာက္ပံ့ေပးႏိုင္တယ္လို႔ ကယ္လီကေျပာထားပါတယ္။
“တူရာသီဖြားေတြအေနနဲ႔ စိတ္ဆိုးေဒါသထြက္ခြင့္ရွိပါတယ္။ Facebook က တူရာသီရဲ႕ အျပဳသေဘာေဆာင္တဲ့ အရည္အေသြးလိုမ်ိဳး ညီညႊတ္မွ်တမႈကို ကုိယ္စားျပဳဖုိ႔ ႀကိဳးစားတာ ျဖစ္ပါတယ္။ မွတ္တမ္းေတြအရ သူတို႔ေတြ တူရာသီ (Libra) အတိုင္း ရွင္သန္ႏိုင္မယ္လို႔ မထင္ပါဘူး” လို႔ နကၡတ္ေဗဒင္ပညာရွင္ မက္ကင္ဇီဂရီယာက Business Insider ကုိေျပာထားပါတယ္။
စိုးထက္
Ref: BusinessInsider
[ Unicode ]
Facebook ဟာ ဒီဂျစ်တယ်ငွေကြေးကို လုပ်ကိုင်နေတာ လအနည်းငယ်ကြာပြီ ဖြစ်ပါတယ်။ အင်္ဂါနေ့ကတော့ Libra လို့အမည်ရတဲ့ cryptocurrency ကို Facebook ကထုတ်ဖော်ပြသလိုက်ပါတယ်။
Facebook အနေနဲ့ ကိုယ်ပိုင် cryptocurrency ကို ထုတ်ဖော်မိတ်ဆက်အပြီး မးခွန်းများစွာဖြေဆိုဖို့ ကျန်ပါသေးတယ်။ Facebook အနေနဲ့ cryptocurrency ကိုတစ်ကမ႓ာလုံးအတွက် ဘယ်လိုစည်းမျဉ်းသတ်မှတ်ပြီး ကုမ္ပဏီက ထိန်းကျောင်းမယ့်ငွေကြေးစနစ်က ယုံကြည်နိုင်ခြင်း ရှိ၊ မရှိကို လူတွေက စိုးရိမ်နေကြပါတယ်။ Facebook ဟာ crytocurrency အမည်ကို Libra လို့ပေးခဲ့ပါတယ်။ Libra ဟာ နက္ခတ်သင်္ကေတတစ်ခုဖြစ်ပြီး ကိုယ်ပိုင်ဖွင့်ဆိုချက်နဲ့ အဓိပ္ပာယ်သတ်မှတ်ချက်ရှိပါတယ်။
နက္ခတ်ဗေဒင်အရ Libra (တူရာသီ) ဟာ ဟန်ချက်ညီခြင်းကို ကိုယ်စားပြုပါတယ်။ အဲဒီသင်္ကေတဟာ ညီမျှမှု၊ တရားမျှတမှုနဲ့ ဝေခွဲမှုကို ဆိုလိုတယ်လို့ နက္ခတ်ဗေဒင်ပညာရှင် အယ်လိုင်ဇာကယ်လီကပြောခဲ့ပါတယ်။ တူရာသီဖွား သင်္ကေတဟာ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် ရှေ့နောက်ညီတဲ့အရာတစ်ခုခုကို ထောက်ပံ့ပေးနိုင်တယ်လို့ ကယ်လီကပြောထားပါတယ်။
“တူရာသီဖွားတွေအနေနဲ့ စိတ်ဆိုးဒေါသထွက်ခွင့်ရှိပါတယ်။ Facebook က တူရာသီရဲ့ အပြုသဘောဆောင်တဲ့ အရည်အသွေးလိုမျိုး ညီညွှတ်မျှတမှုကို ကိုယ်စားပြုဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ သူတို့တွေ တူရာသီ (Libra) အတိုင်း ရှင်သန်နိုင်မယ်လို့ မထင်ပါဘူး” လို့ နက္ခတ်ဗေဒင်ပညာရှင် မက်ကင်ဇီဂရီယာက Business Insider ကိုပြောထားပါတယ်။
စိုးထက်
Ref: BusinessInsider