
Twitter အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဂျက်ဒိုဆေးဟာ Facebook ရဲ့ cryptocurrency စီမံကိန်းကို ချဲ့ကားထားတဲ့ ကြွားလုံးတစ်ခုလို့ ဝေဖန်ရှုတ်ချလိုက်ပါတယ်။ Bitcoin ကိုထောက်ခံတဲ့ ဂျက်ဒိုဆေးဟာ နယူးယောက်စီးတီးမှာ ပြုလုပ်တဲ့ Twitter News Summit မှာပြောကြားခဲ့တာ ဖြစ်ပါတယ်။ Libra ဟာ cryptocurrency အစစ် မဟုတ်သလို Twitter နဲ့မသက်ဆိုင်ဘူးလို့ ဂျက်ဒိုဆေးက ပြောလိုက်ပါတယ်။
CNN မီဒီယာသတင်းထောက် ကယ်ရီဖလင်းက Twitter အနေနဲ့ Libra မှာပါဝင်မလားဆိုတဲ့ မေးခွန်းကို ဂျက်ဒိုဆေးက “လုံးဝပါပဲ။ Libra ဟာ cryptocurrency နဲ့ဘာမှမဆိုင်ဘဲ သူတို့လုပ်ချင်တာ လုပ်နေတာပါ။ အဲဒီအသုံးအနှုန်းကို လိုသလို သုံးနေပါတယ်။ ဒါဟာ လုံးဝ မမှန်ကန်ပါဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။
Would Twitter join Libra? “No. Hell no. Nothing within Libra had to be a cryptocurrency to do what they want to do. They use that label liberally. It’s completely incorrect. I don’t know if it’s a gimmick but cryptocurrency wasn’t necessary to make that thing work.” – @jack
— Kerry Flynn 🐶 (@kerrymflynn) October 24, 2019
Libra ရဲ့ cryptocurrency နဲ့ဆက်သွယ်မှုဟာ ဈေးကွက်ရှာဖွေမှု စတန့်ပြုလုပ်တာလို့ ဂျက်ဒိုဆေးက သွယ်ဝိုက်ပြောကြားခဲ့ပါတယ်။
“Libra ကချဲ့ကားထားတာလား ဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမဲ့ cryptocurrency ကတော့ အလုပ်ဖြစ်ဖို့ မလိုပါဘူး”
ဒါ့အပြင် cryptocurrency ပညာရှင်နဲ့ Monero ကိုပြုပြင်ထိန်းသိမ်းသူ ဖြစ်တဲ့ ရီကာဒိုစပါနီကည်း Libra cryptocurrency ဟာ ဉာဏပိုင်းဆိုင်ရာ မရိုးသားသလို ဗဟိုထိန်းချုပ်မှုမရှိတဲ့ ပြဇာတ်လို့ Mashable ကိုပြောခဲ့ပါတယ်။
စိုးထက်
Ref: Mashable