Facebook မှ COVID-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား မိတ်ဆက်ရှင်းလင်း

Facebook မှ ၂၀၂၀ ခုနှစ် ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့၊ နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီ ၁၅ မိနစ် အတွင်း အွန်လိုင်းမှ တစ်ဆင့် သတင်းမီဒီယာများနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် Facebook မှ ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလျက်ရှိတဲ့ COVID-19 ကပ်ရောဂါနဲ့စပ်လျဉ်းပြီး ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေဖို့နဲ့ အချိန်နဲ့တစ်ပြေးညီ သတင်းအချက်အလက်များ ရရှိစေဖို့ လတ်တလော ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေအကြောင်းကို မျှဝေသွားပါတယ်။

၎င်းရဲ့ လုပ်ငန်းစဉ်များတွင် Facebook ရဲ့ မူဝါဒပိုင်းဆိုင်ရာ အဓိက အပြောင်းအလဲများ (သတင်းအချက်အလက်အမှား၊ ကုန်သွယ်စီးပွားနှင့် အွန်လိုင်းပေါ်ရှိ အကြောင်းအရာများ)၊ Facebook ကုမ္ပဏီရဲ့ အက်ပလီကေးရှင်းများ အတွင်း နည်းပညာထုတ်ကုန် အဆင့်မြှင့်တင်ထားမှုများ၊ ယခုကဲ့သို့ ကြိုတင်မခန့်မှန်းနိုင်တဲ့ စိန်ခေါ်မှုများကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တုံ့ပြန်ရာမှာ အကူအညီပေးနိုင်ဖို့ ကျန်းမာရေးအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းနဲ့ အခြားသော ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများနဲ့ ပူးပေါင်းဆောင်ရွက်နေပုံတွေကို Facebook Myanmar ရဲ့ Head of Public Policy ဖြစ်သူ KHOE REH က အဓိက ရှင်းလင်းပြောကြားခဲ့ပါတယ်။

-ရဲထွဋ်ဝင်း

သတင်းတွေကို စာဖတ်စရာမလိုဘဲ အသံပဲ နားထောင်နိုင်တဲ့ https://anchor.fm/internetjournal ရှိတယ်နော် . . .