Facebook မှ သတင်းတုဖော်ပြသေ ာရင်းမြစ်များ ဖော်ထုတ်ပိတ်ပင်ရာတွင် အရှေ့တောင်အာရှ ဆက်သွယ်ရေးကုမ္ပဏီများပါဝင်

Facebook ဟာ Instagram နဲ့ platform ပေါ်က သတင်းတုဖော်ပြတဲ့ ရင်းမြစ်တွေ ဖော်ထုတ်ပြီး ပိတ်ပင်လိုက်ပါတယ်။ ပိတ်ပင်လိုက်တဲ့ စာမျက်နှာတွေမှာ အရှေ့တောင်အာရှ ဆက်သွယ်ရေးကုမ္ပဏီတွေ ပါဝင်နေပါတယ်။ အရှေ့တောင်အာရှက ဆက်သွယ်ရေးကုမ္ပဏီတွေက ပြိုင်ဘက်ကို တိုက်ခိုက်ဖို့ သတင်းတုဖြန့်ချိတဲ့ စာမျက်နှာတွေကို အသုံးချပါတယ်။ အမျိုးသားရေးထက် စီးပွားရေးပြိုင်ဆိုင်မှုမှာ အသာရဖို့ သတင်းတုတွေကို အသုံးပြုကြပါတယ်။

Facebook ရဲ့လုံခြုံရေးပေါ်လစီအကြီးအကဲ ဖြစ်တဲ့ Nathaniel Gleicher ရဲ့ထုတ်ပြန်ချက်အရ မြန်မာက Mytel နဲ့ ဗီယက်နမ် Viettle လိုမျိုး နိုင်ငံပိုင် ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ သတင်းတုစာမျက်နှာတွေဆက်နွှယ်နေပါတယ်။ Facebook ဟာ စည်းမျဉ်းချိုးဖောက်တဲ့ account ၁၃ ခုနဲ့ စာမျက်နှာ ၁၀ ခု ပိတ်သိမ်းခဲ့ပါတယ်။ အဲဒီစာမျက်နှာတွေက အခြားကုမ္ပဏီတွေကို တိုက်ခိုက်ဖို့ memes နဲ့ သတင်းတွေကို အသုံးပြုခဲ့ကြတယ်။

Facebook ဟာ post တွေနဲ့ဆက်စပ်မှု ရှာဖွေတဲ့အခါ ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ ဗီယက်နမ်ပီအာကုမ္ပဏီ အထိ ခြေရာခံမိခဲ့ပါတယ်။ စာမျက်နှာတွေထဲက တစ်ခုက သုံးစွဲသူတွေက code တစ်ခုကို ရိုက်ထည့်လိုက်ရင် data အပို 10gbs အထိရနိုင်မယ့် နည်းလမ်းကို အသုံးပြုခဲ့တယ်လို့ Atlantic Council ရဲ့ Digital Forensic Research Lab ကဖော်ထုတ်ခဲ့ပါတယ်။

အခု campaign အတွက် ဒေါ်လာ ၁.၂ သန်း အသုံးပြုခဲ့တယ်လို့ Facebook ကခန့်မှန်းထားပါတယ်။ အစီအစဉ်ထဲမှာ account ပေါင်း ၂၆၅,၆၀၀ က စာမျက်နှာအတု ၁ ခုထက်မနည်းကို follow လုပ်ထားပါတယ်။ အခုနည်းလမ်းကို အသုံးပြုဖို့ ခွင့်မပြုထားသလို Facebook ရဲ့ပြောကြားချက်ကို အတည်ပြုဖို့ ကုမ္ပဏီတွင်း သုံးသပ်မှု ပြုလုပ်နေတယ်လို့ Viettel ပြောရေးဆိုခွင့်ရှိသူက The Financial Times ကိုပြောခဲ့ပါတယ်။

စိုးထက်
Ref: TheNextWeb