Facebook မှ နည်းပညာရင်းနှီးမြှပ်နှံမှုများပြုလုပ်ခဲ့သည့်အတွက် အမုန်းစကားမူဝါဒချိုးဖောက်သူများကို ပိုမိုစစ်ဆေးဖော်ထုတ်နိုင်ခဲ့ဟုဆို

Facebook အနေနဲ့ နည်းပညာရင်းနှီးမှုတွေပြုလုပ်ခဲ့တာကြောင့် အမုန်းစကားမူဝါဒချိုးဖောက်သူတွေကို ပိုမို စစ်ဆေးဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အန္တရာယ်ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကို အသုံးပြုသူတွေ မတိုင်ကြားမီကတည်းက ကြိုတင်စ စ်ဆေး တွေ့ရှိနိုင်ဖို့ Facebook မှပလက်ဖောင်းပေါ်မှာတိုင်ကြားနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပို ကောင်းအောင် နည်းပညာရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ အကောင့်တွေကို ဒေသတွင်း ပုံမှန်မဟုတ်တဲ့ စုပေါင်းလှုံ့ဆော်မှုတွေ စောင့်ကြည့်လေ့လာတဲ့ ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုတွေကနေ တစ်ဆင့် ဖော်ထုတ်ခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။ Facebook အနေနဲ့ ဖယ်ရှားခဲ့တဲ့ အကြောင်း အရာပေါင်းရဲ့ ၆၈ ရာခိုင်နှုန်းကို အသုံးပြုသူတွေ မတိုင်ကြားခင် ကြိုတင်ရှာဖွေတွေ့ရှိ ဖယ်ရှားခဲ့တာ ဖြစ်ကြောင်းဆိုပါတယ်။

ပုံမှန်မဟုတ်သော စုပေါင်းလှုံ့ဆော်မှုတွေကို ပြုလုပ်နေသူတွေဟာ ၄င်းတို့ရဲ့နောက်ကွယ်မှအချက်အလက် များကို ဖုံးကွယ်ရန် ကြိုးစားခဲ့ကြသော်လည်း စုံစမ်းစစ်ဆေးမှုအရ အချို့သောလှုံ့ဆော်မှုတွေဟာ မြန်မာ စစ်တပ်နဲ့ ဆက်စပ်မှုရှိနေတဲ့ ပုဂ္ဂိုလ်တွေပါဝင်နေတာကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ကြောင်း facebook ဆိုက်ဘာလုံခြုံလုံရေး ပေါ်လစီအကြီးအကဲ Mr. Nathaniel Gleicher ရဲ့ပြောကြားချက်အရသိရပါတယ်။

-ဝေဝေ