Facebook မှာ ကိုယ်ပိုင်အချက်အလက်တွေ ဘယ်လိုကာကွယ်မလဲ

Facebook တည်ထောင်သူ၊ စီအီးအို မာ့ခ်ဇူကာဘတ်က တစ်ကိုယ်ရေအချက်အလက် လုံခြုံမှုက လူမှုရေးစံသတ်မှတ်ချက် မဟုတ်တော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သူ့စကားကတော့ မှန်ကန်လာပါပြီ။ Facebook ဟာ သူငယ်ချင်းနဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်ဖို့ အသုံးဝင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သုံးစွဲသူတွေက တစ်ကိုယ်ရေ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။

Facebook ဟာ နောက်ကွယ်ကနေ သုံးစွဲသူအချက်အလက်တွေကို နေ့စဉ်နဲ့အမျှ ကဲ့ယူနေပါတယ်။ Facebook ဟာ privacy settings ကနေ third-party app တွေကတစ်ဆင့် တစ်ကိုယ်ရေ အချက်လက်တွေကို ယူနေတယ်။ အခုဆောင်းပါးမှာ Facebook က သုံးစွဲသူ တစ်ကိုယ်ရေလုံခြုံရေးကို ကျူးကျော်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးပါတယ်။ ဒါ့အပြင် Facebook လုပ်ရပ်တွေကို တားဆီးနိုင်မယ့် နည်းလမ်းကိုလည်း ဖော်ပြပေးပါမယ်။

(၁) Facial Recognition နည်းပညာ Facebook အသုံးပြု

Facial recognition နည်းပညာကတော့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေက မျက်နှာပုံစံတွေကို ခွဲခြားသိနိုင်ပါတယ်။ Facebook ကတော့ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒိယိုမှာ tag ခံရတဲ့အကြောင်း သတိပေးဖို့ အသုံးပြုပါတယ်။

Facebook ရဲ့ Facial Recognition နည်းပညာကတော့ ဓာတ်ပုံထဲမှာ လူတွေအားလုံးကို ခွဲခြားသိနိုင်ပါတယ်။ အဲဒီ နည်းပညာနဲ့ ပတ်သက်လို့ သက်သောင့်သက်သာ မဖြစ်ဘူးဆိုရင်တော့ facial recognition ကို ပိတ်နိုင်ပါတယ်။

သုံးစွဲသူက Facebook new feed စာမျက်နှာ ထိပ်ဆုံးညာဘက်ထောင့်က တြိဂံ icon ကိုနှိပ်ပါ။ Settings ထဲက Settings & privacy က Facial recognition ကိုတွေ့ရပါမယ်။ အဲဒီမှာ အဖွင့်၊ အပိတ် လိုက်နိုင်ပါတယ်။

(၂) သင်ကိုယ်တိုင် မသိဘဲ follow လုပ်ထားသူရှိ

Facebook ဟာ friend မဖြစ်သူတွေနဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေကို ဖန်တီးပေးထားပါတယ်။ တကယ်လို့ သင့်ပရိုဖိုင်ကို public လုပ်ထားရင်း follow လုပ်ထားသူတွေ ရှိပါမယ်။ တချို့လူတွေကို သိကောင်းသိနိုင်ပေမယ့် သူစိမ်းတွေ အများစုလည်း ပါနေနိုင်ပါတယ်။ Follow လုပ်ထားသူ ရှိ၊ မရှိ သိနိုင်ဖို့ Facebook Profile ကိုသွားပြီး Friends ကိုရွေးချယ်ကာ Followers ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။

Facebook ပေါ်မှာ friend ဖြစ်ထားသူတွေပဲ follow လုပ်ခွင့်ပြုမယ် ဆိုရင်တော့ တြိဂံ icon ကိုနှိပ်ပြီး Settings ထဲက Settings & privacy ကိုရွေးချယ်ပါ။ ပြီးရင်တော့ ဘေးဘက်က Public Posts tab ကိုနှိပ်ပါ။ Who Can Follow Me အောက်က Friends ကိုရွေးချယ်လိုက်ရုံပါပဲ။

(၃) Friend Request ရှိတဲ့အခါ post တွေကိုကြည့်နိုင်

သုံးစွဲသူတွေက Facebook မှာတက်လာတဲ့ friend request တွေကို လက်ခံ၊ ပယ်ဖျက်တာ မလုပ်ဘဲ ထားတတ်ကြပါတယ်။ လူတော်တော်များများ မသိတာက friend request ပို့သူက post တွေကို ကြည့်နိုင်ဖြစ်ပါတယ်။ Friend request တွေများလာတဲ့အခါမှာ privacy ကျိုးပေါက်မှုကို တားဆီးလို့ရပါတယ်။

Friends icon ထဲမှာ Confirm ဒါမှမဟုတ် Deleteနှိပ်ပြီး friend request တစ်ခုချင်းစီကို ရှင်းပစ်လို့ရပါတယ်။

(၄) Third-Party App တွေက အချက်အလက်တွေ စုဆောင်းနေ

Facebook application နဲ့ ဂိမ်းတွေက အန္တရာယ်ရှိပါတယ်။ Facebook က third-party app တွေကို အချက်အလက်စုဆောင်းခွင့် ပြုထားပါတယ်။ ဘယ်လို third-party application တွေက အချက်အလက်ကို ဝေမျှနေလဲဆိုတာ ကြည့်လို့ရပါတယ်။

ညာဘက်ထိပ်က တြိဂံ icon နှိပ်ပြီး Settings ထဲက Settings & Privacy ကိုရွေးချယ်ပါ။ Your Facebook Information ကိုနှိပ်ပြီး Off-Facebook activity မှာကြည့်နိုင်ပါတယ်။ အဲဒီမှာ app တစ်ခုချင်းစီအတွက် settings ကိုပြင်နိုင်ပါတယ်။

(၅) ကွယ်လွန်ပြီးသူရဲ့ Profile ကိုထိန်းချုပ်နိုင်

Facebook ကတော့ ကွယ်လွန်ပြီးသူရဲ့ Profile ကိုထိန်းချုပ်နိုင်ပါတယ်။ တကယ်လို့ သင်ကွယ်လွန်တဲ့အခါမှာ အခြားသူတစ်ဦးဦးကို Profile ထိန်းချုပ်ဖို့လည်း သတ်မှတ်ထားလို့ရပါတယ်။

Settings ထဲက Settings & privacy ကိုရွေးချယ်ပြီး General ကိုရွေးချယ်ပါ။ အဲဒီအောက်က Memorialization Settings မှာ ယုံကြည်ရသူအမည်ကို ထည့်သွင်းပေးရပါမယ်။

-စိုးထက်
Ref: Makeuseof

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««