Facebook မွ တာဝန္ရွိသူ တစ္ဦးႏွင့္ေတြ႕ဆံုျခင္း

[ Zawgyi ]

Facebook နဲ႔ပတ္သက္တဲ့ အခ်က္အလက္အခ်ိဳ႕ကို အင္တာနက္ဂ်ာနယ္ စာဖတ္ပရိသတ္ေတြ သိရွိႏိုင္ဖို႔အတြက္ Facebook မွ တာ၀န္ရွိသူတစ္ဦးနဲ႔ ယခုလိုေတြ႔ဆံု ေမးျမန္းျဖစ္ခဲ့ပါတယ္။

Facebook ရဲ႕ ပလက္ေဖာင္းမွာ အမုန္းစကားနဲ႔ လူအခ်င္းခ်င္း ခြဲျခားဆက္ဆံခံရတာေတြကို အေရးယူဖုိ႔အတြက္ ဘယ္လုိမူဝါဒေတြ ခ်မွတ္ထားလဲ။

Facebook ရဲ႕ လူမႈအသိုင္းအဝိုင္း စံႏႈန္းေတြဟာ Facebook ေပၚမွာ ဘယ္အရာက ခြင့္ျပဳတယ္၊ ခြင့္မျပဳဘူးဆုိတာကို အၾကမ္းဖ်င္း ေဖာ္ျပေပးတဲ့ စည္းမ်ဥ္းေတြ ျဖစ္တယ္။ ဒီစည္းမ်ဥ္းေတြကို အမ်ားနားလည္ လက္ခံႏုိင္ေအာင္ ခ်မွတ္ေရးဆြဲထားၿပီး Facebook က လူတစ္ေယာက္ရဲ႕ ကိုယ္ပိုင္ျဖစ္တည္မႈလုိ႔ သတ္မွတ္ထားတဲ့ လူမ်ိဳး၊ တုိင္းရင္းသား၊ ေမြးဖြားရာႏုိင္ငံ၊ လိင္ပိုင္းဆုိင္ရာ တိမ္းညြတ္မႈ၊ လူတန္းစား၊ လိင္၊ က်ားမ၊ က်ားမ ခြဲျခားသတ္မွတ္မႈနဲ႔ ေဝဒနာရွင္ ဒါမွမဟုတ္ မသန္စြမ္းစတဲ့ အေၾကာင္းအရာေတြကို တုိက္႐ိုက္တုိက္ခိုက္တဲ့ အမုန္းစကားေတြအတြက္လည္း မူဝါဒေတြ ရွိပါတယ္။ Facebook ေပၚက အမုန္းစကားေတြကို လူေတြနဲ႔ နည္းပညာေတြ ပူးေပါင္းၿပီး စစ္ေဆးေဖာ္ထုတ္ပါတယ္။ ဒီလိုစစ္ေဆးထုတ္ ေဖာ္ရာမွာ ျမန္မာဘာသာ အပါအဝင္ ဘာသာေပါင္း (၅၀) နဲ႔ ေရးသားထားတဲ့ အေၾကာင္းအရာေတြကို စစ္ေဆးႏုိင္ဖုိ႔ Facebook ရဲ႕ တစ္ကမ႓ာလံုးဆုိင္ရာ အေၾကာင္းအရာ စစ္ေဆးသူမ်ားအဖြဲ႕မွာ ကၽြမ္းက်င္ သူေပါင္း (၁၅,၀၀၀) ရွိပါတယ္။ အဲ့ဒီအဖြဲ႕က ေတြ႕ရွိရင္ပဲျဖစ္ျဖစ္၊ Facebook လူမႈအသိုင္းအဝိုင္းက ေနတုိင္ၾကားရင္ျဖစ္ျဖစ္ အေၾကာင္းအရာေတြကို စစ္ေဆးေပးပါတယ္။ ဒါ့အျပင္ Facebook က ႀကိဳတင္စံုစမ္းသိရွိတဲ့ေနရာမွာလည္း ပိုၿပီးထိထိေရာက္ေရာက္ လုပ္ႏုိင္လာပါတယ္။ ဥပမာေျပာရရင္ ၂၀၁၈ ခုႏွစ္၊ တတိယေလး လပတ္တုန္းက တစ္ကမ႓ာလံုး အတုိင္းအတာနဲ႔ အမုန္းစကား အေၾကာင္းအရာ (၂.၉) သန္းကို ဖယ္ရွားႏုိင္ခဲ့ရာမွာ (၅၂) ရာခိုင္ႏႈန္းက တစ္ေယာက္ေယာက္ မတုိင္ၾကားခင္ Facebook ရဲ႕ နည္းပညာ လုပ္ေဆာင္ခ်က္နဲ႔ ေတြ႕ရွိအေရးယူႏုိင္ခဲ့တာပါ။ တကယ္ေတာ့ Facebook ရဲ႕ ႀကိဳတင္စံု စမ္းေဖာ္ထုတ္ႏႈန္းက ႏုိင္ငံတကာႏႈန္းနဲ႔တြက္ရင္ ျမန္မာႏုိင္ငံမွာ ေတာင္ပိုအားရဖုိ႔ ေကာင္းပါတယ္။ Facebook က ဒီႏိုင္ငံအတြက္ ပိုၿပီးရင္းႏွီးျမႇဳပ္ႏွံမႈေတြ လုပ္ထားတာလည္း ပါတာေပါ့။ ၂၀၁၈ ခုႏွစ္၊ တတိယေလးလပတ္မွာ ျမန္မာႏုိင္ငံက အမုန္းစကားအေၾကာင္းအရာ (၆၃%) ကို ဘယ္သူမွ မတုိင္ၾကားခင္ Facebook ရဲ႕ နည္းပညာလုပ္ ေဆာင္ခ်က္ေတြနဲ႔ စစ္ေဆးေဖာ္ထုတ္ ေပးခဲ့ပါတယ္။ အရင္လက ေနာက္ဆံုးထုတ္ျပန္ထားတဲ့ လူမႈအသိုင္းအဝိုင္းစံႏႈန္း သက္ေရာက္မႈ အစီရင္ခံစာမွာ ဆက္ၿပီး တိုးတက္လာတဲ့ အေျခအေနကိုေတြ႕ရမွာပါ။ ၂၀၁၉ ခုႏွစ္၊ ပထမေလးလပတ္အတြင္း တစ္ကမ႓ာလံုး အတိုင္းအတာနဲ႔ အမုန္းစကား အေၾကာင္းအရာ (၄) သန္း ဖယ္ရွားႏုိင္ခဲ့ၿပီး (၆၅.၄) ရာခိုင္ႏႈန္းက တစ္ေယာက္ေယာက္ မတုိင္ၾကားခင္ Facebook က ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

Facebook အေနနဲ႔ လူမႈပလက္ေဖာင္းကို အလြဲသံုးစားလုပ္မႈေတြ အထူးသျဖင့္ အမုန္းစကားနဲ႔ သတင္းအမွားေတြကို ကာကြယ္ႏိုင္ဖုိ႔ ျမန္မာႏုိင္ငံမွာ ဘယ္သူေတြနဲ႔ လုပ္ကိုင္ေနလဲ။

Facebook မွာ ျမန္မာႏိုင္ငံအတြက္ အဓိကအလုပ္လုပ္ေနတဲ့ အဖြဲ႕တစ္ဖြဲ႕ရွိၿပီး ဒီႏိုင္ငံမွာ လူမႈပလက္ေဖာင္းကို အလြဲသံုးစား လုပ္ေနတာေတြကို စံုစမ္းေျဖရွင္းဖုိ႔ လူအင္အား နည္းပညာနဲ႔ မိတ္ဖက္အဖြဲ႕အစည္းေတြထားရွိဖို႔ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ အမ်ားႀကီး ျပဳလုပ္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ Facebook ေပၚက ဆိုးဝါးတဲ့ အေၾကာင္းအရာေတြကို ပိုၿပီး ထိထိေရာက္ေရာက္ စံုစမ္းေဖာ္ထုတ္ႏိုင္ဖို႔ နည္းပညာအရ အဆင့္ျမႇင့္တင္မႈေတြ ျပဳလုပ္ခဲ့ၿပီး ျပင္ပမွာ အႏၲရာယ္ျဖစ္ေစႏုိင္တဲ့ သတင္းအမွားေတြ ပ်ံ႕ႏွံ႔မႈကို ေျဖရွင္းႏုိင္မယ့္ မူဝါဒေတြနဲ႔ မိတ္ဆက္ေပးဖုိ႔ ျမန္မာႏုိင္ငံအတြက္ အလုပ္လုပ္ေပးမယ့္သူေတြ ပိုၿပီးခန္႔အပ္ခဲ့ပါတယ္။ Facebook ရဲ႕ နည္းပညာ ထုတ္ကုန္ကို ဘယ္လိုအသံုးခ်ေနလဲဆိုတာ ပိုၿပီးနားလည္ေအာင္ လူမႈအသိုင္းအဝိုင္းနဲ႔အတူ အခ်ိန္ေတြ အမ်ားႀကီးယူၿပီး ပူးေပါင္းလုပ္ေဆာင္ခဲ့ပါတယ္။ Facebook အေနနဲ႔ ျမန္မာႏိုိင္ငံက လူမႈအသိုင္းအဝိုင္းကို ပလက္ေဖာင္းေပၚမွာ သူတုိ႔ျမင္ရတဲ့ အေၾကာင္းအရာေတြရဲ႕ ေနာက္ကြယ္က အလုပ္လုပ္ပံုကို ပိုၿပီးနားလည္လာေအာင္နဲ႔ ဆိုးဝါးတဲ့အေၾကာင္းအရာေတြကို တုိင္ၾကားႏုိင္ေအာင္ ပညာေပးလမ္းျပႏုိင္တဲ့ ဒီဂ်စ္တယ္နဲ႔ မီဒီယာ သိနားလည္မႈ တိုးတက္ေရး ေဆာင္ရြက္ေနတဲ့ မိတ္ဖက္အဖြဲ႕အစည္းေတြ အပါအဝင္ မိတ္ေဆြမ်ားစြာနဲ႔ ပူးေပါင္းလုပ္ကိုင္ေနပါတယ္။ ဥပမာ ျမန္မာစာ ပံ့ပိုးကူညီမႈႏွင့္ ထိန္းသိမ္းေစာင့္ေရွာက္မႈ ပရဟိတအဖြဲ႕ (Myanmar Book Aid and Preservation Foundation) နဲ႔ ပူးေပါင္းၿပီး လက္ရွိအသံုးျပဳေနတဲ့ ဒီဂ်စ္တယ္တတ္ေျမာက္မႈ သင္႐ိုးညႊန္းတမ္းကို ပိုမိုေကာင္းမြန္ေအာင္၊ ျမန္မာႏိုင္ငံအႏွံ႔မွာရွိတဲ့ သူတို႔ရဲ႕ ကြန္ရက္ထဲက စာၾကည့္တုိက္ေတြကေနတစ္ဆင့္ လြန္ခဲ့တဲ့ ေျခာက္လအတြင္း သင္တန္းေတြ ပို႔ခ်ႏုိင္ေအာင္ ကူညီပံ့ပိုးေပးခဲ့ပါတယ္။

Facebook က ပလက္ေဖာင္းေပၚက အေကာင့္ေတြကို ဖယ္ရွားဖုိ႔ ျဖဳတ္ခ်ဖုိ႔ ဘယ္လိုဆံုးျဖတ္ပါလဲ။

Facebook လူမႈအသုိင္းအဝိုင္း စံႏႈန္းေတြထဲမွာ ပလက္ေဖာင္းေပၚက ဘယ္အေၾကာင္း အရာကိုေတာ့ ခြင့္ျပဳတယ္၊ ခြင့္မျပဳဘူးဆိုတာ အၾကမ္းဖ်င္းေဖာ္ျပထားၿပီး ဒီစည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ ထားတယ္ဆိုတာ ေတြ႕ရွိတာနဲ႔ ဖယ္ရွားလုိက္ပါတယ္။ Facebook ကေတာ့ စည္းမ်ဥ္းေတြကို ဘယ္ေလာက္အတုိင္းအတာအထိ ခ်ိဳးေဖာက္ထားလဲ တစ္စံုတစ္ေယာက္ ဒါမွမဟုတ္ အသင္းအဖြဲ႕ တစ္ခုတည္းကေန ဘယ္ႏွစ္ႀကိမ္ေလာက္ ခ်ိဳးေဖာက္လုိက္တာနဲ႔ အႏၲရာယ္ရွိတဲ့ တစ္ေယာက္ခ်င္း၊ တစ္ဖြဲ႕ခ်င္းကို ဖယ္ရွားလုိက္ပါတယ္။ ဘာလုိ႔လဲဆိုေတာ့ Facebook ဝန္ေဆာင္မႈေတြရဲ႕ ျဖစ္တည္မႈကို အသံုးခ်ၿပီး လူတစ္ေယာက္ ဒါမွမဟုတ္ အသင္းအဖြဲ႕ေတြကို အႏိုင္က်င့္ အၾကမ္းဖက္ဖုိ႔၊ အမုန္းစကားေတြ ျဖန္႔ေဝဖုိ႔ဆုိတဲ့ ေနရာေတြမွာ မသံုးေစခ်င္လုိ႔ပါ။

Facebook ပလက္ေဖာင္းကို အဓိကထား အသံုးျပဳေနရတဲ့ ျမန္မာႏုိင္ငံက အေသးစားနဲ႔ အလတ္စား (SME) လုပ္ငန္းေတြအတြက္ ဘယ္လိုအေထာက္အပံ့ေတြ ေပးေနပါသလဲ။

ျမန္မာႏိုင္ငံမွာရွိတဲ့ အေသးစားနဲ႔ အလတ္စား (SME) လုပ္ငန္းေတြအတြက္ နည္းပညာ လုပ္ေဆာင္ခ်က္ေတြ၊ ထုတ္ကုန္ေတြ၊ စီးပြားေရးလုပ္ဖုိ႔ လုိအပ္တဲ့ ကၽြမ္းက်င္မႈေတြ ပံ့ပိုးေပးၿပီး ျမန္မာႏုိင္ငံမွာ အလုပ္အကိုင္ အခြင့္အလမ္းေတြ မ်ားျပားလာေအာင္ ဖန္တီး ေပးေနပါတယ္။ ျမန္မာႏိုင္ငံက လူမႈအသိုင္းအဝိုင္းေတြအတြက္ ေခါင္းေဆာင္မႈစြမ္းရည္ တိုးတက္ေရး အစီအစဥ္ေတြလည္း လုပ္ေဆာင္ေပးခ့ဲတယ္။ ၂၀၁၈ ခုႏွစ္၊ ေအာက္တုိဘာလမွာ Facebook ရဲ႕ ပထမဆံုး လူမႈအဖြဲ႕အစည္း ေခါင္းေဆာင္မႈဆုိင္ရာ အစီအစဥ္ကေန ေရြးခ်ယ္ခံရသူေတြကို ထုတ္ျပန္ေၾကညာ ေပးခဲ့ပါတယ္။ ျမန္မာႏုိင္ငံက လူငယ္ဖြံ႕ၿဖိဳးတုိးတက္ေရး ပလက္ေဖာင္းတစ္ခုျဖစ္တဲ့ ျမန္မာလူငယ္တိုးတက္ေရး အခြင့္အလမ္းမ်ား (MYEO) တည္ေထာင္သူ မထက္သီရိေရႊက ေရြးခ်ယ္ခံရသူေတြထဲမွာ တစ္ဦးအပါအဝင္ ျဖစ္ခဲ့ပါတယ္။ ေရြးခ်ယ္ခံရတဲ့အတြက္ မထက္သီရိေရႊဟာ Facebook ကေန သင္တန္းေတြ၊ ေခါင္းေဆာင္မႈစြမ္းရည္ ျမႇင့္တင္ေရးနဲ႔ လမ္းျပညႊန္ၾကားမႈေတြ ရရွိသြားမွာပါ။ MYEO အဖြဲ႕ရဲ႕ ေခါင္းေဆာင္တစ္ေယာက္ျဖစ္တဲ့ မထက္သီရိေရႊဟာ အဖြဲ႕ဝင္ေတြအတြက္ ပညာေရး၊ စြမ္းေဆာင္ရည္နဲ႔ ပေရာ္ဖက္ရွင္နယ္ အလုပ္ေတြမွာ တိုးတက္လာဖုိ႔ ပ့ံပိုးကူညီေပးတဲ့အေနနဲ႔ လူငယ္ဖြံ႕ၿဖိဳးတိုးတက္ေရး ပလက္ေဖာင္းတစ္ခုကို ဖန္တီးခဲ့တာပါ။ MYEO မွာ အဖြဲ႕ဝင္ေပါင္း (၇၀,၀၀၀) နီးပါးရွိၿပီး (၈၀%) က အသက္ ၁၈ ႏွစ္ကေန ၂၄ ႏွစ္ အရြယ္ေတြ ျဖစ္ပါတယ္။ အဖြဲ႕ဝင္ေတြဟာ အဖြဲ႕ထဲမွာ ေဝမွ်ေပးထားတဲ့ တကၠသိုလ္က သင္တန္းအခ်က္အလက္ေတြနဲ႔ ဒီဂ်စ္တယ္ သိိနားလည္မႈဆိုင္ရာ လႈပ္ရွားမႈေတြကေန အခြင့္အလမ္းေတြရႏုိင္မွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံက အမ်ိဳးသမီး လုပ္ငန္းရွင္ (၁၀) ဦးမွာ (၈) ဦးက သူတို႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြ တိုးတက္ဖို႔ ဆုိရွယ္မီဒီယာက အသံုးဝင္တဲ့အေၾကာင္း ေျပာတာေတြ႕ရတဲ့အတြက္ အမ်ိဳးသမီး စြန္႔ဦးတီထြင္ စီးပြားေရးလုပ္ငန္းရွင္ေတြရဲ႕ အေရးပါပံုကို Facebook က သတိျပဳမိပါတယ္။ ျမန္မာႏုိင္ငံက အမ်ိဳးသမီး စီးပြားေရးလုပ္ငန္းရွင္ေတြရဲ႕ လူမႈအသိုင္းအဝိုင္းအတြက္ လုပ္ေဆာင္ခ်က္ေတြနဲ႔ လမ္းညႊန္မႈေတြေၾကာင့္ အက်ိဳးေက်းဇူးေတြ ရခဲ့တယ္လုိ႔ဆုိၾကၿပီး (၁၀) ဦးမွာ (၆) ဦးေလာက္က သူတုိ႔အတြက္ စံျပပုဂိၢဳလ္တစ္ေယာက္စီ ရွိတယ္ဆိုတာ သိရွိခဲ့ရပါတယ္။ အဲ့ဒီအထဲမွာ (၄) ဦးမွာ (၃) ဦးေလာက္ရဲ႕ စံျပပုဂၢိဳလ္က အမ်ိဳးသမီး ျဖစ္ေနပါတယ္။

အဆက္အသြယ္နဲ႔ လမ္းညႊန္မႈေတြက တစ္ခါတစ္ရံမွာ အိမ္မက္ေတြကို လက္ေတြ႕အေကာင္အထည္ေဖာ္ဖုိ႔ အေထာက္အပံ့ ေပးႏုိင္ပါတယ္။ ဒါေၾကာင့္ပဲ Facebook က အမ်ိဳးသမီးေတြကို သူတုိ႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြ ေနာက္ထပ္တစ္ဆင့္ တိုးခ်ဲ႕ႏုိင္ေအာင္ ရည္ရြယ္ၿပီး ျပဳလုပ္ေပးေနတဲ့ ကမ႓ာလံုးဆုိင္ရာ လႈပ္ရွားမႈတစ္ခုျဖစ္တဲ့ #shemeansbusi ness အစီအစဥ္ကို ဆက္လက္ ရင္းႏွီးျမႇဳပ္ႏွံေနတာပါ။ ဒီအစီအစဥ္ကေန ေငြေၾကးဆုိင္ရာ အေထာက္အပံ့ေတြ၊ အႀကံဉာဏ္ေတြ၊ သင္တန္းေတြနဲ႔ လုိအပ္တဲ့ အကူအညီေပးႏုိင္မယ့္ ေခါင္းေဆာင္သူေတြနဲ႔ စီးပြားဖက္ေတြပါဝင္တဲ့ လူမႈအသိုင္းအဝိုင္းတစ္ခုကို ဖန္တီးေပးေနပါတယ္။

-ေဝေဝျမင့္

[ Unicode ]

Facebook နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို အင်တာနက်ဂျာနယ် စာဖတ်ပရိသတ်တွေ သိရှိနိုင်ဖို့အတွက် Facebook မှ တာဝန်ရှိသူတစ်ဦးနဲ့ ယခုလိုတွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

Facebook ရဲ့ ပလက်ဖောင်းမှာ အမုန်းစကားနဲ့ လူအချင်းချင်း ခွဲခြားဆက်ဆံခံရတာတွေကို အရေးယူဖို့အတွက် ဘယ်လိုမူဝါဒတွေ ချမှတ်ထားလဲ။

Facebook ရဲ့ လူမှုအသိုင်းအဝိုင်း စံနှုန်းတွေဟာ Facebook ပေါ်မှာ ဘယ်အရာက ခွင့်ပြုတယ်၊ ခွင့်မပြုဘူးဆိုတာကို အကြမ်းဖျင်း ဖော်ပြပေးတဲ့ စည်းမျဉ်းတွေ ဖြစ်တယ်။ ဒီစည်းမျဉ်းတွေကို အများနားလည် လက်ခံနိုင်အောင် ချမှတ်ရေးဆွဲထားပြီး Facebook က လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုလို့ သတ်မှတ်ထားတဲ့ လူမျိုး၊ တိုင်းရင်းသား၊ မွေးဖွားရာနိုင်ငံ၊ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှု၊ လူတန်းစား၊ လိင်၊ ကျားမ၊ ကျားမ ခွဲခြားသတ်မှတ်မှုနဲ့ ဝေဒနာရှင် ဒါမှမဟုတ် မသန်စွမ်းစတဲ့ အကြောင်းအရာတွေကို တိုက်ရိုက်တိုက်ခိုက်တဲ့ အမုန်းစကားတွေအတွက်လည်း မူဝါဒတွေ ရှိပါတယ်။ Facebook ပေါ်က အမုန်းစကားတွေကို လူတွေနဲ့ နည်းပညာတွေ ပူးပေါင်းပြီး စစ်ဆေးဖော်ထုတ်ပါတယ်။ ဒီလိုစစ်ဆေးထုတ် ဖော်ရာမှာ မြန်မာဘာသာ အပါအဝင် ဘာသာပေါင်း (၅၀) နဲ့ ရေးသားထားတဲ့ အကြောင်းအရာတွေကို စစ်ဆေးနိုင်ဖို့ Facebook ရဲ့ တစ်ကမ႓ာလုံးဆိုင်ရာ အကြောင်းအရာ စစ်ဆေးသူများအဖွဲ့မှာ ကျွမ်းကျင် သူပေါင်း (၁၅,၀၀၀) ရှိပါတယ်။ အဲ့ဒီအဖွဲ့က တွေ့ရှိရင်ပဲဖြစ်ဖြစ်၊ Facebook လူမှုအသိုင်းအဝိုင်းက နေတိုင်ကြားရင်ဖြစ်ဖြစ် အကြောင်းအရာတွေကို စစ်ဆေးပေးပါတယ်။ ဒါ့အပြင် Facebook က ကြိုတင်စုံစမ်းသိရှိတဲ့နေရာမှာလည်း ပိုပြီးထိထိရောက်ရောက် လုပ်နိုင်လာပါတယ်။ ဥပမာပြောရရင် ၂၀၁၈ ခုနှစ်၊ တတိယလေး လပတ်တုန်းက တစ်ကမ႓ာလုံး အတိုင်းအတာနဲ့ အမုန်းစကား အကြောင်းအရာ (၂.၉) သန်းကို ဖယ်ရှားနိုင်ခဲ့ရာမှာ (၅၂) ရာခိုင်နှုန်းက တစ်ယောက်ယောက် မတိုင်ကြားခင် Facebook ရဲ့ နည်းပညာ လုပ်ဆောင်ချက်နဲ့ တွေ့ရှိအရေးယူနိုင်ခဲ့တာပါ။ တကယ်တော့ Facebook ရဲ့ ကြိုတင်စုံ စမ်းဖော်ထုတ်နှုန်းက နိုင်ငံတကာနှုန်းနဲ့တွက်ရင် မြန်မာနိုင်ငံမှာ တောင်ပိုအားရဖို့ ကောင်းပါတယ်။ Facebook က ဒီနိုင်ငံအတွက် ပိုပြီးရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတာလည်း ပါတာပေါ့။ ၂၀၁၈ ခုနှစ်၊ တတိယလေးလပတ်မှာ မြန်မာနိုင်ငံက အမုန်းစကားအကြောင်းအရာ (၆၃%) ကို ဘယ်သူမှ မတိုင်ကြားခင် Facebook ရဲ့ နည်းပညာလုပ် ဆောင်ချက်တွေနဲ့ စစ်ဆေးဖော်ထုတ် ပေးခဲ့ပါတယ်။ အရင်လက နောက်ဆုံးထုတ်ပြန်ထားတဲ့ လူမှုအသိုင်းအဝိုင်းစံနှုန်း သက်ရောက်မှု အစီရင်ခံစာမှာ ဆက်ပြီး တိုးတက်လာတဲ့ အခြေအနေကိုတွေ့ရမှာပါ။ ၂၀၁၉ ခုနှစ်၊ ပထမလေးလပတ်အတွင်း တစ်ကမ႓ာလုံး အတိုင်းအတာနဲ့ အမုန်းစကား အကြောင်းအရာ (၄) သန်း ဖယ်ရှားနိုင်ခဲ့ပြီး (၆၅.၄) ရာခိုင်နှုန်းက တစ်ယောက်ယောက် မတိုင်ကြားခင် Facebook က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Facebook အနေနဲ့ လူမှုပလက်ဖောင်းကို အလွဲသုံးစားလုပ်မှုတွေ အထူးသဖြင့် အမုန်းစကားနဲ့ သတင်းအမှားတွေကို ကာကွယ်နိုင်ဖို့ မြန်မာနိုင်ငံမှာ ဘယ်သူတွေနဲ့ လုပ်ကိုင်နေလဲ။

Facebook မှာ မြန်မာနိုင်ငံအတွက် အဓိကအလုပ်လုပ်နေတဲ့ အဖွဲ့တစ်ဖွဲ့ရှိပြီး ဒီနိုင်ငံမှာ လူမှုပလက်ဖောင်းကို အလွဲသုံးစား လုပ်နေတာတွေကို စုံစမ်းဖြေရှင်းဖို့ လူအင်အား နည်းပညာနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေထားရှိဖို့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ Facebook ပေါ်က ဆိုးဝါးတဲ့ အကြောင်းအရာတွေကို ပိုပြီး ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်နိုင်ဖို့ နည်းပညာအရ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ပြီး ပြင်ပမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ သတင်းအမှားတွေ ပျံ့နှံ့မှုကို ဖြေရှင်းနိုင်မယ့် မူဝါဒတွေနဲ့ မိတ်ဆက်ပေးဖို့ မြန်မာနိုင်ငံအတွက် အလုပ်လုပ်ပေးမယ့်သူတွေ ပိုပြီးခန့်အပ်ခဲ့ပါတယ်။ Facebook ရဲ့ နည်းပညာ ထုတ်ကုန်ကို ဘယ်လိုအသုံးချနေလဲဆိုတာ ပိုပြီးနားလည်အောင် လူမှုအသိုင်းအဝိုင်းနဲ့အတူ အချိန်တွေ အများကြီးယူပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ Facebook အနေနဲ့ မြန်မာနိိုင်ငံက လူမှုအသိုင်းအဝိုင်းကို ပလက်ဖောင်းပေါ်မှာ သူတို့မြင်ရတဲ့ အကြောင်းအရာတွေရဲ့ နောက်ကွယ်က အလုပ်လုပ်ပုံကို ပိုပြီးနားလည်လာအောင်နဲ့ ဆိုးဝါးတဲ့အကြောင်းအရာတွေကို တိုင်ကြားနိုင်အောင် ပညာပေးလမ်းပြနိုင်တဲ့ ဒီဂျစ်တယ်နဲ့ မီဒီယာ သိနားလည်မှု တိုးတက်ရေး ဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အပါအဝင် မိတ်ဆွေများစွာနဲ့ ပူးပေါင်းလုပ်ကိုင်နေပါတယ်။ ဥပမာ မြန်မာစာ ပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့ (Myanmar Book Aid and Preservation Foundation) နဲ့ ပူးပေါင်းပြီး လက်ရှိအသုံးပြုနေတဲ့ ဒီဂျစ်တယ်တတ်မြောက်မှု သင်ရိုးညွှန်းတမ်းကို ပိုမိုကောင်းမွန်အောင်၊ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ သူတို့ရဲ့ ကွန်ရက်ထဲက စာကြည့်တိုက်တွေကနေတစ်ဆင့် လွန်ခဲ့တဲ့ ခြောက်လအတွင်း သင်တန်းတွေ ပို့ချနိုင်အောင် ကူညီပံ့ပိုးပေးခဲ့ပါတယ်။

Facebook က ပလက်ဖောင်းပေါ်က အကောင့်တွေကို ဖယ်ရှားဖို့ ဖြုတ်ချဖို့ ဘယ်လိုဆုံးဖြတ်ပါလဲ။

Facebook လူမှုအသိုင်းအဝိုင်း စံနှုန်းတွေထဲမှာ ပလက်ဖောင်းပေါ်က ဘယ်အကြောင်း အရာကိုတော့ ခွင့်ပြုတယ်၊ ခွင့်မပြုဘူးဆိုတာ အကြမ်းဖျင်းဖော်ပြထားပြီး ဒီစည်းမျဉ်းတွေကို ချိုးဖောက် ထားတယ်ဆိုတာ တွေ့ရှိတာနဲ့ ဖယ်ရှားလိုက်ပါတယ်။ Facebook ကတော့ စည်းမျဉ်းတွေကို ဘယ်လောက်အတိုင်းအတာအထိ ချိုးဖောက်ထားလဲ တစ်စုံတစ်ယောက် ဒါမှမဟုတ် အသင်းအဖွဲ့ တစ်ခုတည်းကနေ ဘယ်နှစ်ကြိမ်လောက် ချိုးဖောက်လိုက်တာနဲ့ အန္တရာယ်ရှိတဲ့ တစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်းကို ဖယ်ရှားလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ Facebook ဝန်ဆောင်မှုတွေရဲ့ ဖြစ်တည်မှုကို အသုံးချပြီး လူတစ်ယောက် ဒါမှမဟုတ် အသင်းအဖွဲ့တွေကို အနိုင်ကျင့် အကြမ်းဖက်ဖို့၊ အမုန်းစကားတွေ ဖြန့်ဝေဖို့ဆိုတဲ့ နေရာတွေမှာ မသုံးစေချင်လို့ပါ။

Facebook ပလက်ဖောင်းကို အဓိကထား အသုံးပြုနေရတဲ့ မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စား (SME) လုပ်ငန်းတွေအတွက် ဘယ်လိုအထောက်အပံ့တွေ ပေးနေပါသလဲ။

မြန်မာနိုင်ငံမှာရှိတဲ့ အသေးစားနဲ့ အလတ်စား (SME) လုပ်ငန်းတွေအတွက် နည်းပညာ လုပ်ဆောင်ချက်တွေ၊ ထုတ်ကုန်တွေ၊ စီးပွားရေးလုပ်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ပံ့ပိုးပေးပြီး မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ များပြားလာအောင် ဖန်တီး ပေးနေပါတယ်။ မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းတွေအတွက် ခေါင်းဆောင်မှုစွမ်းရည် တိုးတက်ရေး အစီအစဉ်တွေလည်း လုပ်ဆောင်ပေးခဲ့တယ်။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှာ Facebook ရဲ့ ပထမဆုံး လူမှုအဖွဲ့အစည်း ခေါင်းဆောင်မှုဆိုင်ရာ အစီအစဉ်ကနေ ရွေးချယ်ခံရသူတွေကို ထုတ်ပြန်ကြေညာ ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံက လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ပလက်ဖောင်းတစ်ခုဖြစ်တဲ့ မြန်မာလူငယ်တိုးတက်ရေး အခွင့်အလမ်းများ (MYEO) တည်ထောင်သူ မထက်သီရိရွှေက ရွေးချယ်ခံရသူတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။ ရွေးချယ်ခံရတဲ့အတွက် မထက်သီရိရွှေဟာ Facebook ကနေ သင်တန်းတွေ၊ ခေါင်းဆောင်မှုစွမ်းရည် မြှင့်တင်ရေးနဲ့ လမ်းပြညွှန်ကြားမှုတွေ ရရှိသွားမှာပါ။ MYEO အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ မထက်သီရိရွှေဟာ အဖွဲ့ဝင်တွေအတွက် ပညာရေး၊ စွမ်းဆောင်ရည်နဲ့ ပရော်ဖက်ရှင်နယ် အလုပ်တွေမှာ တိုးတက်လာဖို့ ပ့ံပိုးကူညီပေးတဲ့အနေနဲ့ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ပလက်ဖောင်းတစ်ခုကို ဖန်တီးခဲ့တာပါ။ MYEO မှာ အဖွဲ့ဝင်ပေါင်း (၇၀,၀၀၀) နီးပါးရှိပြီး (၈၀%) က အသက် ၁၈ နှစ်ကနေ ၂၄ နှစ် အရွယ်တွေ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေဟာ အဖွဲ့ထဲမှာ ဝေမျှပေးထားတဲ့ တက္ကသိုလ်က သင်တန်းအချက်အလက်တွေနဲ့ ဒီဂျစ်တယ် သိိနားလည်မှုဆိုင်ရာ လှုပ်ရှားမှုတွေကနေ အခွင့်အလမ်းတွေရနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီး လုပ်ငန်းရှင် (၁၀) ဦးမှာ (၈) ဦးက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖို့ ဆိုရှယ်မီဒီယာက အသုံးဝင်တဲ့အကြောင်း ပြောတာတွေ့ရတဲ့အတွက် အမျိုးသမီး စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အရေးပါပုံကို Facebook က သတိပြုမိပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လူမှုအသိုင်းအဝိုင်းအတွက် လုပ်ဆောင်ချက်တွေနဲ့ လမ်းညွှန်မှုတွေကြောင့် အကျိုးကျေးဇူးတွေ ရခဲ့တယ်လို့ဆိုကြပြီး (၁၀) ဦးမှာ (၆) ဦးလောက်က သူတို့အတွက် စံပြပုဂ္ဂိုလ်တစ်ယောက်စီ ရှိတယ်ဆိုတာ သိရှိခဲ့ရပါတယ်။ အဲ့ဒီအထဲမှာ (၄) ဦးမှာ (၃) ဦးလောက်ရဲ့ စံပြပုဂ္ဂိုလ်က အမျိုးသမီး ဖြစ်နေပါတယ်။

အဆက်အသွယ်နဲ့ လမ်းညွှန်မှုတွေက တစ်ခါတစ်ရံမှာ အိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ အထောက်အပံ့ ပေးနိုင်ပါတယ်။ ဒါကြောင့်ပဲ Facebook က အမျိုးသမီးတွေကို သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ နောက်ထပ်တစ်ဆင့် တိုးချဲ့နိုင်အောင် ရည်ရွယ်ပြီး ပြုလုပ်ပေးနေတဲ့ ကမ႓ာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ #shemeansbusi ness အစီအစဉ်ကို ဆက်လက် ရင်းနှီးမြှုပ်နှံနေတာပါ။ ဒီအစီအစဉ်ကနေ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေ၊ အကြံဉာဏ်တွေ၊ သင်တန်းတွေနဲ့ လိုအပ်တဲ့ အကူအညီပေးနိုင်မယ့် ခေါင်းဆောင်သူတွေနဲ့ စီးပွားဖက်တွေပါဝင်တဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို ဖန်တီးပေးနေပါတယ်။