Facebook မွာအသစ္ပါဝင္လာမယ့္ News Tab feature အတြက္ ဂ်ာနယ္လစ္ေတြ ခန္႔အပ္

[ Zawgyi ]

Facebook ဟာ အသစ္ထည့္သြင္းမယ့္ News Tab feature အတြက္ သတင္းေတြေရြးခ်ယ္ေပးဖို႔ ဂ်ာနယ္လစ္အဖြဲ႕ေလးတစ္ခုကို ခန္႔အပ္ခဲ့ပါတယ္။ အဲဒီအဖြဲ႕က သတင္းေတြကုိ စုစည္းေဖာ္ျပေပးပါမယ္။ News Tab အတြင္း သတင္းေဆာင္းပါး အမ်ားစုဟာ algorithm အရ ထုတ္လုပ္ထားတယ္လို႔ New York Times က ေဖာ္ျပခဲ့ပါတယ္။ ထိပ္စည္းသတင္းေတြက ဝါရင့္သတင္းေထာက္ ၁၀ ေယာက္ရွိတဲ့ အဖြဲ႕ကေန ေရြးခ်ယ္ေပးပါတယ္။ News Tab ကုိ Facebook ရဲ႕အဓိက feed နဲ႔ခြဲထုတ္ထားပါတယ္။

Facebook ဟာ သုံးစြဲသူေတြအတြက္ သတင္းေတြကို အခ်ိန္ကုိက္ေဖာ္ျပေပးဖို႔ ႐ုန္းကန္ေနရပါတယ္။ အရင္က “Trending Topics” က႑မွာေဖာ္ျပေပးတဲ့ သတင္းေတြက ေဟာင္းႏြမ္းၿပီး ပ်င္းစရာေကာင္းပါတယ္။ အဲဒီ algorithm ကသတင္းမွားေတြ၊ နားလည္မႈလြဲမွားႏိုင္တဲ့ သတင္းေတြကုိ ေဖာ္ျပေပးပါတယ္။ အရင္တုန္းက က႑အတြက္ သတင္းေတြကုိ ကန္ထ႐ိုက္တာ အဖြဲ႕က စုစည္းေပးပါတယ္။ ကန္ထ႐ိုက္တာေတြက ေရွး႐ိုးစြဲသတင္းစာေတြက သတင္းေတြကို ဖိႏွိပ္တယ္ဆိုတဲ့ စြပ္စြဲမႈေတြကုိ Facebook ရင္ဆုိင္ခဲ့ရပါတယ္။ Facebook ဟာ ၿပီးခဲ့တဲ့ႏွစ္က trending topics က႑ကုိ ပိတ္ပင္လိုက္ပါတယ္။

Ref: TheVerge

[ Unicode ]

Facebook ဟာ အသစ်ထည့်သွင်းမယ့် News Tab feature အတွက် သတင်းတွေရွေးချယ်ပေးဖို့ ဂျာနယ်လစ်အဖွဲ့လေးတစ်ခုကို ခန့်အပ်ခဲ့ပါတယ်။ အဲဒီအဖွဲ့က သတင်းတွေကို စုစည်းဖော်ပြပေးပါမယ်။ News Tab အတွင်း သတင်းဆောင်းပါး အများစုဟာ algorithm အရ ထုတ်လုပ်ထားတယ်လို့ New York Times က ဖော်ပြခဲ့ပါတယ်။ ထိပ်စည်းသတင်းတွေက ဝါရင့်သတင်းထောက် ၁၀ ယောက်ရှိတဲ့ အဖွဲ့ကနေ ရွေးချယ်ပေးပါတယ်။ News Tab ကို Facebook ရဲ့အဓိက feed နဲ့ခွဲထုတ်ထားပါတယ်။

Facebook ဟာ သုံးစွဲသူတွေအတွက် သတင်းတွေကို အချိန်ကိုက်ဖော်ပြပေးဖို့ ရုန်းကန်နေရပါတယ်။ အရင်က “Trending Topics” ကဏ္ဍမှာဖော်ပြပေးတဲ့ သတင်းတွေက ဟောင်းနွမ်းပြီး ပျင်းစရာကောင်းပါတယ်။ အဲဒီ algorithm ကသတင်းမှားတွေ၊ နားလည်မှုလွဲမှားနိုင်တဲ့ သတင်းတွေကို ဖော်ပြပေးပါတယ်။ အရင်တုန်းက ကဏ္ဍအတွက် သတင်းတွေကို ကန်ထရိုက်တာ အဖွဲ့က စုစည်းပေးပါတယ်။ ကန်ထရိုက်တာတွေက ရှေးရိုးစွဲသတင်းစာတွေက သတင်းတွေကို ဖိနှိပ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို Facebook ရင်ဆိုင်ခဲ့ရပါတယ်။ Facebook ဟာ ပြီးခဲ့တဲ့နှစ်က trending topics ကဏ္ဍကို ပိတ်ပင်လိုက်ပါတယ်။

Ref: TheVerge