
Facebook နဲ့ Apple ကတော့ app permission ကိစ္စနဲ့ ပတ်သက်ပြီး တိုက်ပွဲဝင်နေကြပါတယ်။ မာ့ခ်ဇူကာဘတ်ရဲ့ ကုမ္ပဏီကတော့ Apple လုပ်ရပ်က လုပ်ငန်းတွေများစွာကို သတ်ပစ်တာပဲလို့ ဝေဖန်ခဲ့ပါတယ်။
မကြာသေးခင်က သတင်းတွေမှာ Facebook ဟာ မုန်းတီးစိတ်နဲ့ လူမှုကွန်ရက်ပေါ်က Apple စာမျက်နှာပေါ်က အပြာရောင် အမှန်ခြစ် အမှတ်အသားကို ဖယ်ရှားလိုက်တယ်လို့ ဖော်ပြနေကြပါတယ်။ နာမည်ကျော် လူမှုရေးမီဒီယာ အကြံပေးဖြစ်တဲ့ မတ်နာဗားရားက အဲ့ကိစ္စကို စတင် သတိပြုမိပြီး “Facebook ကတော့ Apple စာမျက်နှာက အပြာရောင်အမှန်ခြစ် သင်္ကေတကို ဖယ်ရှားလိုက်တယ်” လို့ Twitter မှာရေးခဲ့ပါတယ်။ သူက အဲ့စာသားရေးပြီး မကြာမီမှာပဲ Apple စာမျက်နှာက verify မလုပ်ထားဘူးလို့ အလျင်အမြန် ဖြေရှင်းလိုက်ပါတယ်။ Facebook ကလည်း Apple စာမျက်နှာက admin တွေက verification လုပ်ငန်းစဉ်ကို မလုပ်ထားဘူးလို့ ဖြေရှင်းခဲ့ပါတယ်။
Facebook has removed Apple’s blue tick Page verification 😆 pic.twitter.com/HtL3EcSdn6
— Matt Navarra (@MattNavarra) December 23, 2020
Apple TV, Apple Store နဲ့ Apple Music လိုမျိုး အခြား Facebook စာမျက်နှာမှာလည်း အပြာရောင် အမှန်ခြစ်ပါပါတယ်။ Facebook ပိုင် Instagram ရဲ့ Apple စာမျက်နှာမှာလည်း အပြာရောင်အမှန်ခြစ် ရှိပါတယ်။
-စိုးထက်
Ref: HindustanTimes
»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««