Facebook ပေါ်က သတင်းတု သတင်းမှားများကို ရှာဖွေဖော်ပြထားသည့် boom Myanmar ဝက်ဘ်ဆိုက်ကို လွှင့်တင်ထား

Facebook ပေါ်က မြန်မာဘာသာနဲ့ရေးသာထားတဲ့ သတင်းတု သတင်းမှားတွေကို ရှာဖွေ ဖော်ပြထားတဲ့ www.boommyanmar.com ကိုလွှင့်တင်ထားတယ်လို့ သိရပါတယ်။

ဝက်ဘ်ဆိုက်မှာ သတင်းတုများ၊ ကျန်းမာရေး၊ အချက်အလက်ရယူရန်၊ ကိုရိုနာနှင့်ပတ်သက်သမျှစတဲ့ ကဏ္ဍလေးခုအနေနဲ့ ခွဲခြားဖော်ပြပေးထားပြီး Facebook ပေါ်က မြန်မာဘာသာနဲ့ ရေးသားထားတဲ့ အကြောင်းအရာတွေ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ဆန်းစစ်လေ့လာကာ မည်မျှတိကျ မှန်ကန်ကြောင်း အဆင့်သတ်မှတ်ဖော်ပြပေးထားတယ်လို့ သိရပါတယ်။

အဆိုပါဝက်ဘ်ဆိုက်မှာ သတင်းတု၊ သတင်းအမှား ပျံ့နှံ့မှုလျှော့ချရေးနှင့် အများပြည်သူဖတ်ရှုမယ့် သတင်းများရဲ့ အရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် Facebook အနေနဲ့ Poynter Institute ရဲ့ ဘက်လိုက်မှုကင်းသော နိုင်ငံတကာ အချက်အလက်စစ်ဆေးရေးကွန်ရက် (IFCN) မှ ထောက်ခံချက်ရရှိထားတဲ့ BOOM အဖွဲ့နဲ့ လက်တွဲလုပ်ကိုင်ခြင်း လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Facebook ပေါ်က သတင်းတု သတင်းမှားတွေကို လုံးဝမှား၊ တစ်ဝက်မှား၊ ခေါင်းစဉ်မှား စတဲ့ အဆင့်သုံးဆင့်နဲ့ ရှာဖွေဖော်ထုတ်ကာ Facebook သတင်းစဉ် (News Feed) မှာ အကြောင်းအရာပျံ့နှံ့မှု လျှော့ချခြင်းကို ၈၀ ရာခိုင်နှုန်း အထိ လျှော့ချခြင်း၊ အသိပေးနှိုးဆော်ချက် ကြားဖြတ်ပေးပို့ခြင်း၊ အသုံးပြုသူအား အသိပေးခြင်း၊ သတင်းအချက်အလက်အမှားဖြစ်ကြောင်း အသိပေးစာပြသခြင်းတို့ကို လုပ်ဆောင်လျက်ရှိပြီး Facebook ပေါ်က မြန်မာဘာသာနဲ့ အသုံးပြုဖန်တီးထားတဲ့ Instant Article, Meme, ဗီဒီယို အပါအဝင် Content မျိုးစုံကို အချက်အလက်တွေကို စစ်ဆေးဖော်ထုတ်ထားတဲ့ သတင်းတု သတင်းမှားဆိုင်ရာတွေကို ဝက်ဘ်ဆိုက်ကနေတစ်ဆင့် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း