Facebook ပိတ်သိမ်းမယ်လို့ ဒူတာတေး ခြိမ်းခြောက်

Facebook ဟာ ဖိလစ်ပိုင်စစ်တပ်နဲ့ ဆက်စပ်နေတဲ့ account ကွန်ရက်ကို ဖြုတ်ချခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်ကြောင့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက Facebook ကိုဝေဖန်ပြီး နိုင်ငံတွင်းမှာ ပိတ်သိမ်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒူတာတေးက တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ရုပ်သံမိန့်ခွန်းမှာ Facebook အပေါ် လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။ အာရှရဲ့ ကာလရှည်ရှိနေတဲ့ ကွန်မြူနစ်သောင်းကျန်းသူတွေကို ရပ်ဖို့ အစိုးရက Facebook ကို အသုံးပြုတာဖြစ်ကြောင်း သမ္မတက ပြောခဲ့ပါတယ်။

Facebook က လူမှုရေးမီဒီယာ စည်းမျဉ်းချိုးဖောက်မှုကြောင့် ဖိလစ်ပိုင်စစ်တပ်နဲ့ဆက်စပ်နေတဲ့ Instagram account တွေအပြင် page နဲ့ account ၁၅၅ ခုပါဝင်တဲ့ ကွန်ရက်ကို ဖယ်ရှားအပြီး သမ္မတ ရုပ်သံမိန့်ခွန်း ပြောခဲ့ပါတယ်။

Facebook ရဲ့ဖော်ပြချက်အရ အဲဒီကွန်ရက်က တက်ကြွလှုပ်ရှားသူ၊ အတိုက်အခံ၊ ဖိလစ်ပိုင်ကွန်မြူနစ်ပါတီ အပြင် National People’ Army စစ်တပ်အဖွဲ့ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

-စိုးထက်
Ref: VICE

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««