Facebook နဲ့ PSI တို့ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် လှုပ်ရှားမှုတစ်ခုပြုလုပ်မည်

Facebook နဲ့ PSI တို့ပူးပေါင်းပြီး လှုပ်ရှားမှုတစ်ခု ပြုလုပ်မယ်လို့ သိရပါတယ်။

အဲဒါကတော့ လာမယ့် ၂၀၁၈ တုပ်ကွေးရာသီမတိုင်ခင် တုပ်ကွေးကာကွယ်ရေးဆိုင်ရာမှာ အသုံးပြုမယ့် အချက်အလက်တွေကို ဖန်တီးဖို့ကြိုးစားနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ကျန်းမာရေးနဲ့ တုပ်ကွေးရောဂါတွေအပေါ်ထားရှိတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေကို သိရှိစေနိုင်ဖို့နဲ့ တုပ်ကွေးရောဂါကူးစက်ခြင်းကို ကာကွယ်စေနိုင်မယ့် လက်ဆေးခြင်းကို မကြာခဏပြုလုပ်စေဖို့ တိုက်တွန်းရာမှာ အသုံးပြုမယ့် အချက်အလက်တွေကို ဖန်တီးမယ်လို့ ဆိုပါတယ်။ PSI မြန်မာအနေနဲ့ Facebook မှ လူမှုကွန်ရက် ပေါ်မှာရှိတဲ့ public post တွေကို လေ့လာစိစစ်ပြီး စစ်တမ်းကောက်ယူခဲ့တယ်လို့ သိရပါတယ်။

Facebook ရဲ့အချက်အလက်တွေကနေတစ်ဆင့် သိရှိရတဲ့အချက်နှစ်ချက်ကတော့ ကလေးများ၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးစတဲ့ အကြောင်းအရာများနှင့် ပတ်သက်တဲ့ စကားဝိုင်းများကို ဦးဆောင်သူတွေဟာ အမျိုးသမီးငယ်များ ဖြစ်နေခြင်း၊ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များ မျှဝေထားတဲ့ ကျန်းမာရေးနှင့် ပတ်သက်သော သတင်းများကို သရုပ်ဖော်ပုံနှင့်တကွ ရှင်းလင်းထားသော အချက်အလက်များအဖြစ် ဖော်ပြထားခြင်း တို့ဖြစ်တယ်လို့ သိရပါတယ်။

-ထွန်းထွန်း