ဝန္ေဆာင္မႈသုံးစြဲတဲ့ မိနစ္အေရအတြက္ကို ျပသေပးမယ့္ Facebook နဲ႔ Instagram

Facebook မွာ သူငယ္ခ်င္းေတြနဲ႔ မဆက္သြယ္ဘဲ News Feed ကိုပုံေသ scroll ျပဳလုပ္ၾကည့္႐ႈတာဟာ က်န္းမာေရးကုိ ထိခိုက္ေစတယ္လို႔ စစ္တမ္းေတြက ေဖာ္ျပခဲ့ပါတယ္။ အဲဒီအခ်က္နဲ႔ပတ္သက္ၿပီး Facebook က ေထာက္ျပေျပာဆိုေနတာ ၇ လတိုင္တိုင္ ရွိပါၿပီ။ အခုဆိုရင္ Facebook နဲ႔ Instagram ဟာ အေမရိကန္အတြင္းက သုံးစြဲသူေတြရဲ႕ က်န္းမာေရးအတြက္ screen-time management dashboard ေတြကို မိတ္ဆက္ခဲ့ပါတယ္။ ဒီ dashboard ေတြကို လာမယ့္ရက္သတၱပတ္အနည္းငယ္အတြင္း သုံးစြဲသူအားလံုးထံ ျဖန္႔ခ်ိေပးသြားမွာ ျဖစ္ပါတယ္။

အဲဒီ dashboard သစ္ေတြဟာ app ေတြအတြင္းမွာ အခ်ိန္ဘယ္ေလာက္ သုံးစြဲခဲ့တယ္ဆိုတာကို ေဖာ္ျပေပးသလို လူမႈေရးမီဒီယာ ေန႔စဥ္သုံးစြဲမႈကုိ ကန္႔သတ္ေပးႏိုင္ၿပီး push notification ေတြကိုလည္း ယာယီပိတ္ေပးႏိုင္ပါတယ္။ “Your time on Facebook” နဲ႔ Instagram ေပၚက “Your activity” ဆိုတဲ့ feature ေတြက လူမႈေရးမီဒီယာ app ထဲက feedback loop ေတြက သုံးစြဲသူေတြရဲ႕ က်န္းမာေရးအေပၚ ထိခိုက္မႈကို ေျဖရွင္းဖို႔ ဒီဇိုင္းထုတ္ထားပါတယ္။

အဲဒီ feature ေတြကို လာမယ့္ရက္သတၱပတ္အတြင္း တစ္ကမ႓ာလုံးက သုံးစြဲသူေတြဆီ ျဖန္႔ခ်ိသြားမွာ ျဖစ္ၿပီး သုံးစြဲသူစုစုေပါင္းရဲ႕ ၁ ရာခိုင္ႏႈန္းအေပၚမွာ စမ္းသပ္သြားမယ္လို႔ ကုမၸဏီကေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့လက feature နဲ႔ပတ္သက္တဲ့ screenshot ေတြေပါက္ၾကားထြက္ခဲ့တဲ့ေနာက္ အခုအေျပာင္းအလဲကုိ ေမွ်ာ္လင့္ေနၾကပါတယ္။

Facebook ေပၚက feature သစ္ေတြကို hamburger menu လို႔သိၾကတဲ့ အလ်ားလိုက္မ်ဥ္း ၃ ခု ခလုတ္ကုိ tap လုပ္ၿပီး app ရဲ႕ညာဘက္ေအာက္ေျခမွာ ျမင္ေတြ႕ရပါမယ္။ အဲဒီမွာ “Your time on Facebook” scroll လုပ္ၿပီး tap လုပ္ရပါမယ္။ Instagram မွာေတာ့ settings menu အတြငး္က “Your activity” ဆုိတာ ပါဝင္လာမွာ ျဖစ္ပါတယ္။

အဲဒီ dashboard မွ ၿပီးခဲ့တဲ့ တစ္ပတ္ေက်ာ္အတြင္းက app တစ္ခုမွာ အသုံးျပဳခဲ့တဲ့ အခ်ိန္ေတြကုိ ဘားမ်ဥ္းဇယားနဲ႔ ျပသေပးမွာ ျဖစ္ပါတယ္။ အဲဒီ feature ေတြမွာ Facebook နဲ႔ Instagram app ေတြအတြင္း မွာ အသုံးျပဳလိုတဲ့ အခ်ိန္ပမာဏကုိ ေရြးခ်ယ္ႏိုင္ပါတယ္။ ေရြးခ်ယ္လိုက္တဲ့ ေန႔စဥ္သုံးအခ်ိန္ပမာဏ ျပည့္ေျမာက္သြားတာနဲ႔ app က reminder တစ္ခု ေပးပုိ႔မွာျဖစ္ေပမယ့္ လူမႈေရးမီဒီယာကုိ ဆက္လက္အသုံးျပဳႏိုင္ပါတယ္။ ဒါ့အျပင္ သုံးစြဲသူက ၈ နာရီအထိ mute လုပ္တာအျပင္ dashboard ကေန သတိေပးခ်က္ setting ေတြကို စီမံခန္႔ခြဲႏိုင္ပါတယ္။

လူမႈေရးမီဒီယာေတြကို ဘယ္လိုအသုံးျပဳခဲ့သလဲ ဆိုတာနဲ႔ သုံးစြဲသူေတြက ဘာေတြႏွစ္သက္သလဲဆိုတာကုိ ေလ့လာတဲ့ ကုမၸဏီစစ္တမ္းေတြအရ Facebook နဲ႔ Instagram ရဲ႕ activity က႑ေတြမွာ feature ေတြမ်ားစြာ ပါဝင္လာဦးမယ္လို႔ သုံးစြဲသူက်န္းမာေရးနဲ႔ပတ္သက္ၿပီး Instagram အဖြဲ႕ကုိ ဦးေဆာင္တဲ့ အာမစ္ရာနာဒိုက္ကေျပာခဲ့ပါတယ္။

စိုးထက္
Ref: TechCrunch/TheVerge

[ Unicode ]

Facebook မှာ သူငယ်ချင်းတွေနဲ့ မဆက်သွယ်ဘဲ News Feed ကိုပုံသေ scroll ပြုလုပ်ကြည့်ရှုတာဟာ ကျန်းမာရေးကို ထိခိုက်စေတယ်လို့ စစ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး Facebook က ထောက်ပြပြောဆိုနေတာ ရ လတိုင်တိုင် ရှိပါပြီ။ အခုဆိုရင် Facebook နဲ့ Instagram ဟာ အမေရိကန်အတွင်းက သုံးစွဲသူတွေရဲ့ ကျန်းမာရေးအတွက် screen-time management dashboard တွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ dashboard တွေကို လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း သုံးစွဲသူအားလုံးထံ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။

အဲဒီ dashboard သစ်တွေဟာ app တွေအတွင်းမှာ အချိန်ဘယ်လောက် သုံးစွဲခဲ့တယ်ဆိုတာကို ဖော်ပြပေးသလို လူမှုရေးမီဒီယာ နေ့စဉ်သုံးစွဲမှုကို ကန့်သတ်ပေးနိုင်ပြီး push notification တွေကိုလည်း ယာယီပိတ်ပေးနိုင်ပါတယ်။ “Your time on Facebook” နဲ့ Instagram ပေါ်က “Your activity” ဆိုတဲ့ feature တွေက လူမှုရေးမီဒီယာ app ထဲက feedback loop တွေက သုံးစွဲသူတွေရဲ့ ကျန်းမာရေးအပေါ် ထိခိုက်မှုကို ဖြေရှင်းဖို့ ဒီဇိုင်းထုတ်ထားပါတယ်။

အဲဒီ feature တွေကို လာမယ့်ရက်သတ္တပတ်အတွင်း တစ်ကမ႓ာလုံးက သုံးစွဲသူတွေဆီ ဖြန့်ချိသွားမှာ ဖြစ်ပြီး သုံးစွဲသူစုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းအပေါ်မှာ စမ်းသပ်သွားမယ်လို့ ကုမ္ပဏီကပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့လက feature နဲ့ပတ်သက်တဲ့ screenshot တွေပေါက်ကြားထွက်ခဲ့တဲ့နောက် အခုအပြောင်းအလဲကို မျှော်လင့်နေကြပါတယ်။

Facebook ပေါ်က feature သစ်တွေကို hamburger menu လို့သိကြတဲ့ အလျားလိုက်မျဉ်း ၃ ခု ခလုတ်ကို tap လုပ်ပြီး app ရဲ့ညာဘက်အောက်ခြေမှာ မြင်တွေ့ရပါမယ်။ အဲဒီမှာ “Your time on Facebook” scroll လုပ်ပြီး tap လုပ်ရပါမယ်။ Instagram မှာတော့ settings menu အတွငး်က “Your activity” ဆိုတာ ပါဝင်လာမှာ ဖြစ်ပါတယ်။

အဲဒီ dashboard မှ ပြီးခဲ့တဲ့ တစ်ပတ်ကျော်အတွင်းက app တစ်ခုမှာ အသုံးပြုခဲ့တဲ့ အချိန်တွေကို ဘားမျဉ်းဇယားနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ အဲဒီ feature တွေမှာ Facebook နဲ့ Instagram app တွေအတွင်း မှာ အသုံးပြုလိုတဲ့ အချိန်ပမာဏကို ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်လိုက်တဲ့ နေ့စဉ်သုံးအချိန်ပမာဏ ပြည့်မြောက်သွားတာနဲ့ app က reminder တစ်ခု ပေးပို့မှာဖြစ်ပေမယ့် လူမှုရေးမီဒီယာကို ဆက်လက်အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူက ၈ နာရီအထိ mute လုပ်တာအပြင် dashboard ကနေ သတိပေးချက် setting တွေကို စီမံခန့်ခွဲနိုင်ပါတယ်။

လူမှုရေးမီဒီယာတွေကို ဘယ်လိုအသုံးပြုခဲ့သလဲ ဆိုတာနဲ့ သုံးစွဲသူတွေက ဘာတွေနှစ်သက်သလဲဆိုတာကို လေ့လာတဲ့ ကုမ္ပဏီစစ်တမ်းတွေအရ Facebook နဲ့ Instagram ရဲ့ activity ကဏ္ဍတွေမှာ feature တွေများစွာ ပါဝင်လာဦးမယ်လို့ သုံးစွဲသူကျန်းမာရေးနဲ့ပတ်သက်ပြီး Instagram အဖွဲ့ကို ဦးဆောင်တဲ့ အာမစ်ရာနာဒိုက်ကပြောခဲ့ပါတယ်။