Facebook နဲ့ Instagram account တစ်ရက် ရပ်နားမယ့် ကင်ကာဒေရှန်ဝက်စ်

Instagram ပေါ်က အကျော်ကြားဆုံး သုံးစွဲသူတစ်ဦး ဖြစ်တဲ့ ကင်ကာဒေရှန်ဝက်စ်က Facebook ကို ဆန္ဒပြတဲ့အနေနဲ့ ၂၄ နာရီ post မတင်ဘူးလို့ သိရပါတယ်။ သူမက Instagram နဲ့ Facebook အသုံးပြုမှုကို ရပ်တန့်ဖို့ twitter ကနေ အသိပေးခဲ့တယ်။

သူမက #StopHateForProfit လှုပ်ရှားမှုထဲ ပါဝင်လာတာ ဖြစ်ပါတယ်။

#StopHateForProfit ဆိုတာက လူမှုရေးမီဒီယာကုမ္ပဏီတွေ platform ပေါ်က အမုန်းစကားဖြစ်ပေါ်မှုကို တာဝန်ယူဖို့ ဖိအားပေးတဲ့လှုပ်ရှားမှု ဖြစ်ပါတယ်။ အခြား ကျော်ကြားထင်ရှားသူတွေ ဖြစ်တဲ့ ကိတ်ဟတ်ဆန်နဲ့ ဆာရှာဘာရွန်ကိုဟန်တို့လည်း လှုပ်ရှားမှုထဲ ပါဝင်လာပါတယ်။ အများပြည်သူဆိုင်ရာအခွင့်အရေးလှုပ်ရှားမှု Stop Hate for Profit မှာ Anti-Defamation League, NAACP နဲ့ Color of Change တို့ပါဝင်လာပါတယ်။

ပထမဆုံးလှုပ်ရှားမှုကို ဇွန်လ ၁၇ ရက်က စတင်ပြုလုပ်ခဲ့ပြီး အများပြည်သူဆိုင်ရာအခွင့်အရေး ရည်မှန်းချက်ပြည့်မြောက်ချိန် အထိ ကြော်ငြာရှင်တွေ Facebook ကိုစွန့်ခွာဖို့ ဖိအားပေးခဲ့တယ်။ အခုလှုပ်ရှားမှုကြောင့် Coca-Cola, Microsoft နဲ့ Starbucks တို့က Facebook ကကြော်ငြာတွေကို ရုပ်သိမ်းခဲ့ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««