Facebook နဲ့ Instagram ချိတ်ဆက်ပေးမယ့် feature အသစ်

Instagram နဲ့ Facebook အကြား ချိတ်ဆက်မှု နက်ရှိုင်းစေမယ့် လုပ်ဆောင်ချက်အသစ်ကို စမ်းသပ်နေပါတယ်။ Facebook ကနေ Instagram story တွေကို တိုက်ရိုက်ကြည့်နိုင်မယ့် လုပ်ဆောင် ချက်ကို စမ်းသပ်နေတာဖြစ်ပါတယ်။

Facebook ဟာ Instagram story တွေကို Facebook မှာပါ cross-post ပုံစံမျိုးတင်ဖို့ Instagram သုံးစွဲသူကို အားပေးနေပါတယ်။ အခု feature ကတော့ သုံးစွဲသူ အနည်းငယ်မှာပဲ စမ်းသပ်နေပါတယ်။

အခု feature ကတော့ Facebook ကနေ Instagram story ကိုမြင်နိုင်ဖို့ follow လုပ်ထားသူတွေကို ရွေးချယ်နိုင်မယ်လို့ Facebook က ရှင်းပြထားပါတယ်။

စမ်းသပ်နေတဲ့ လုပ်ဆောင်ချက်မှာတော့ Instagram မှာ follow လုပ်ထားသူတွေက Facebook ကိုချိတ်ဆက်ပြီး viewing setting ကိုဖွင့်လိုက်ရင် Facebook မှာ Instagram story ကိုမြင်ရပါမယ်။ Facebook သုံးစွဲသူတွေက အခြားတစ်ယောက်ရဲ့ Instagram ကို follow မလုပ်ထားရင် story ကို မမြင်ရပါဘူး။

Facebook နဲ့ Instagram story ကတော့ အမြင်ပိုင်း ခြားနားပါမယ်။ Facebook ဆိုရင် အပြာရောင်အဝိုင်းနဲ့ ပြသပေးပြီး Instagram ကိုတော့ ပန်းရောင်နဲ့ အဝါအဝိုင်းနဲ့ ပြသပေးပါမယ်။

-စိုးထက်
Ref: 9to5Mac

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««