Facebook ဒေတာ အတွက် ဖုန်းငွေဖြည့်လက်ဆောင်အစီအစဉ် MPT မိတ်ဆက်

ဆက်သွယ်ရေး အော်ပရေတာ MPT မှ Facebook ဒေတာ အတွက် ဖုန်းငွေဖြည့်လက်ဆောင် အစီအစဉ်သစ်ကို မိတ်ဆက်လိုက်ပါတယ်။

သုံးစွဲသူတွေအနေနဲ့ ဖုန်းငွေဖြည့်တဲ့အခါ MPT4U မှတစ်ဆင့် voucher card ကိုအသုံးပြုပြီး သတ်မှတ်ထားတဲ့ ငွေဖြည့်ပမာဏအတိုင်း ငွေဖြည့်ရုံနဲ့ အဆိုပါအစီအစဉ်ရဲ့ အကျိုးကျေးဇူးနဲ့ Facebook ဒေတာလက်ဆောင်ကို ရယူနိုင်မှာဖြစ်ပါတယ်။ အဆိုပါအစီအစဉ်နဲ့ ဖုန်းငွေဖြည့်သူတွေအနေနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဆုပေါင်းများစွာရယူနိုင်မယ့် “ငွေမိုးဖြိုင်ဖြိုင်” ကံစမ်းမဲ အစီအစဉ်မှာလည်း အလိုအလျောက်ပါဝင်နိုင်မယ်လို့ သိရပါတယ်။

MPT မှ (ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား) အစီအစဉ်ရယူထားသော ကြိုတင်ငွေဖြည့်စနစ်သုံး GSM/ WCDMA ဝန်ဆောင်မှု သုံးစွဲသူတွေအားလုံးဟာ Facebook​ ဒေတာအတွက် ဖုန်း​ငွေဖြည့်လက်​ဆောင် အထူးအစီအစဉ်ကိုရယူနိုင်ပြီး Facebook ဒေတာလက်ဆောင်တွေကို ၁, ၀၀၀ ကျပ်( 600 MB – ၃ ရက်)၊ ၃, ၀၀၀ ကျပ်(1400 MB – ၇ ရက်)၊ ၅, ၀၀၀ ကျပ် (3000 MB – ၁၅ ရက်)၊ ၁၀, ၀၀၀ ကျပ်(6000 MB-၃၀ ရက်) ရရှိမှာဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ နေ့စဉ်အကန့်အသတ်မရှိဖုန်းငွေဖြည့်နိုင်ပြီး ငွေဖြည့်မှုပမာဏနဲ့အတူ ဒေတာလက်ဆောင်တွေပေါင်းစည်းသွားမှာဖြစ်ပြီး နောက်ဆုံးရရှိအသုံးပြုနိုင်တဲ့ ငွေဖြည့်သက်တမ်းအတိုင်း ကုန်ဆုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ငွေဖြည့်ဒေတာလက်ဆောင်ကို Facebook App (ပြင်ပ websites များသို့ တိုက်ရိုက်ဝင်ရောက်သည့် linksများမပါဝင်), Messenger (voice,video callများမပါဝင်) နဲ့ Browser မှတစ်ဆင့် Facebook အသုံးပြုခြင်းတို့ကို ရရှိခံစားနိုင်မှာဖြစ်ကြောင်း၊ သုံးစွဲသူများ လက်ရှိအသုံးပြုနေသော ဒေတာ ပက်ကေ့ချ်များ သို့မဟုတ် ကြိုက်သလောက်သုံး ကျသင့်သလောက်ပေး (pay-as-you-go) အစီအစဉ်နဲ့ Messenger Voice Call နဲ့ Video Call တွေကိုအသုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

-အောင်သူ