Facebook ထံ Story တိုက်ရိုက်ဝေမျှနိုင်မယ့် လုပ်ဆောင်ချက် Instagram စမ်းသပ်နေ

Story တွေကို Facebook ထံ တိုက်ရိုက်ဝေမျှနိုင်မယ့် feature သစ်တစ်ခုကို Instagram က စမ်းသပ်နေပါတယ်။

Twitter ပေါ်ကနေ ထွက်ပေါ်လာခဲ့တဲ့ screenshot တွေအရ Instagram သုံးစွဲသူတွေအနေနဲ့ Instagram ရဲ့ in-app ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ဝေမျှရာမှာ Instagram Story အပြင် Facebook Story option သစ်တစ်ခုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီ feature စမ်းသပ်နေတဲ့အကြောင်းကို Instagram မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုခဲ့ပေမယ့်လည်း ကုမ္ပဏီရဲ့ အနာဂတ်အစီအစဉ်တွေအကြောင်းကို ပြောကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

“ဘယ်အဖြစ်အပျက်ကိုမဆို Instagram ပေါ်ကနေ အလွယ်တကူ ဝေမျှနိုင်စေဖို့နဲ့ Instagram ကိုသုံးစွဲရာမှာ ပိုမိုကောင်းမွန်လာစေမယ့် နည်းလမ်းတွေကို အမြဲတမ်း စမ်းသပ်နေပါတယ်။ အခုအချိန်မှာ အခြားအစီအစဉ်တွေကို ဝေမျှသွားဖို့ မရှိပါဘူး” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

-နောင်နောင်
Ref: Mashable