Facebook တြဲဖက္တည္ေထာင္သူ တစ္ဦးျဖစ္သူ ဒက္စတင္ေမာ့ကုိဗစ္

[ Zawgyi ]

ဒက္စတင္အာရႊန္ေမာ့ကိုဗစ္ကုိ ၁၉၈၄ ခုႏွစ္၊ ေမလ ၂၂ ရက္၊ ဖေလာ္ရီဒါျပည္နယ္ ဂိမ္းစ္ဗီမွာ ေမြးဖြားခဲ့ပါတယ္။ သူဟာ အေမရိကန္ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္ျဖစ္ၿပီး မာ့ခ္ဇူကာဘတ္၊ အက္ကြာဒိုဆာဗရင္း၊ အန္ဒ႐ူးမက္ကုိလမ္နဲ႔ ခရစၥဟုခ်္႕တို႔နဲ႔အတူ Facebook ကုိ တည္ေထာင္ခဲ့ပါတယ္။ ေမာ့ကုိဗစ္ဟာ မာ့ခ္ဇူကာဘတ္ထက္ ၈ ႏွစ္ငယ္ပါတယ္။ ၂၀၀၈ ခုႏွစ္ ဒက္စတင္ေမာ့ကုိ ဗစ္ဟာ ဂ်က္စတင္႐ိုဆန္စတိန္းနဲ႔ Asana ကို တြဲဖက္တည္ေထာင္ဖုိ႔ Facebook က ထြက္ခြာခဲ့ပါတယ္။ ၂၀၁၁ ခုႏွစ္၊ မတ္လမွာ Forbes က Facebook အတြင္း ေမာ့ကုိဗစ္ပုိင္ဆုိင္တဲ့ ၂.၃၄ ရာခိုင္ႏႈန္း ရွယ္ယာအေပၚမူတည္ၿပီး သမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆုံး ကုိယ္ထူးကုိယ္ခၽြန္ ဘီလ်ံနာအျဖစ္ သတ္မွတ္ခဲ့ပါတယ္။

သူဟာ ငယ္စဥ္က Vanguard အထက္တန္းေက်ာင္းကုိ တက္ေရာက္ခဲ့ၿပီး IB Diploma Program ကို ေအာင္ျမင္ခဲ့ပါတယ္။ ေမာ့ကုိဗစ္ဟာ မာ့ခ္ဇူကာဘတ္နဲ႔ ပါလိုအယ္တိုၿမိဳ႕ကုိ မေျပာင္းေရႊ႕ခင္မွာ စီးပြားေရးဘာသာရပ္ကို ဟားဗတ္တကၠသုိလ္သင္ၾကား
ခဲ့ပါတယ္။ ေနာက္ပုိင္းမွာေတာ့ Facebook မွာ အခ်ိန္ျပည့္ဝန္ထမ္းအျဖစ္ ေဆာင္ရြက္ခဲ့ပါတယ္။ ၂၀၀၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ဟားဗတ္တကၠသိုလ္ ေက်ာင္းသား အိပ္ေဆာင္ထဲမွာ အခန္းေဖာ္ ၃ ဦးအပါအဝင္ စုစုေပါင္း လူ ၄ ဦးက Facebook ကုိ တည္ေထာင္ခဲ့ပါတယ္။ မူလက thefacebook.com လို႔ေခၚဆိုတဲ့ ဝက္ဘ္ဆိုက္ဟာ ေက်ာင္းသားေတြက အျခားေဂဟာမွာ ေနထိုင္တဲ့ ေက်ာင္းသားေတြကုိ သိႏိုင္ဖို႔ Havard ေက်ာင္းသားေတြ အားလုံးရဲ႕ အြန္လိုင္းလမ္းညႊန္အျဖစ္ အသုံးျပဳဖို႔ ရည္ရြယ္ပါတယ္။ ၂၀၀၄ ခုႏွစ္၊ ဇြန္လမွာေတာ့ ဇူကာဘတ္၊ ဟု႔ခ်္နဲ႔ ေမာ့ကုိဗစ္တို႔ဟာ ဟားဗတ္ကေန တစ္ႏွစ္ေက်ာင္းနားၿပီး ေအာ္ပေရးရွင္းေတြကုိ ကယ္လီဖိုးနီးယားျပည္နယ္ ပါလိုအယ္တိုၿမိဳ႕ဆီ ေရႊ႕ေျပာင္းခဲ့ပါတယ္။ Facebook မွာ ေမာ့ကိုဗစ္ဟာ ကုမၸဏီရဲ႕ ပထမဆုံး နည္းပညာအႀကီးအကဲ အရာရွိျဖစ္ခဲ့ၿပီး ေနာက္ပုိင္းမွာ အင္ဂ်င္နီယာ ဒုဥကၠ႒ျဖစ္ခဲ့ပါယ္။ သူ႔အေနနဲ႔ နည္းပညာဆုိင္ရာ ဝန္ထမ္းေတြကုိ ဦးေဆာင္ခဲ့ၿပီး site ရဲ႕ architecture ပုိင္းကုိ ႀကီးၾကပ္ခဲ့ပါတယ္။ ဒါ့အျပင္ ကုမၸဏီရဲ႕ မိုဘိုင္းနည္းဗ်ဴဟာနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ တာဝန္ယူခဲ့ပါတယ္။

၂၀၀၈ ခုႏွစ္မွာေတာ့ Facebook က အင္ဂ်င္နီယာမန္ေနဂ်ာျဖစ္သူ ဂ်က္စတင္႐ိုဆန္စတိန္းနဲ႔ Asana လို႔ေခၚတဲ့ ကုမၸဏီကို
တည္ေထာင္ဖို႔ Facebook က ထြက္ခြာလာခဲ့ပါတယ္။ ေမာ့ကုိဗစ္ဟာ မိုဘိုင္းဓာတ္ပုံေဝမွ်မႈဆိုက္ Path မွာ အႀကီးအက်ယ္ ရင္းႏွီးျမႇဳပ္ႏွံ ထားသူျဖစ္ပါတယ္။ Path ကို ဦးေဆာင္သူ Facebook အဖြဲ႕ဝင္ေဟာင္း ေဒးဗစ္မိုရင္ျဖစ္ပါတယ္။ ေမာ့ကိုဗစ္ဟာ ၂၀၁၁ ခုႏွစ္အတြင္းမွာ ဇနီးျဖစ္သူ ကာရီတူနာနဲ႔အတူ Good Ventures ပရဟတိအဖြဲ႕အစည္းကို ထူေထာင္ထားခဲ့ပါ ေသးတယ္။

စိုးထက္
Ref: Wikipedia

[ Unicode ]

ဒက်စတင်အာရွှန်မော့ကိုဗစ်ကို ၁၉၈၄ ခုနှစ်၊ မေလ ၂၂ ရက်၊ ဖလော်ရီဒါပြည်နယ် ဂိမ်းစ်ဗီမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ အမေရိကန် စွန့်ဦးတီထွင် လုပ်ငန်းရှင်ဖြစ်ပြီး မာ့ခ်ဇူကာဘတ်၊ အက်ကွာဒိုဆာဗရင်း၊ အန်ဒရူးမက်ကိုလမ်နဲ့ ခရစ္စဟုချ့်တို့နဲ့အတူ Facebook ကို တည်ထောင်ခဲ့ပါတယ်။ မော့ကိုဗစ်ဟာ မာ့ခ်ဇူကာဘတ်ထက် ၈ နှစ်ငယ်ပါတယ်။ ၂၀၀၈ ခုနှစ် ဒက်စတင်မော့ကို ဗစ်ဟာ ဂျက်စတင်ရိုဆန်စတိန်းနဲ့ Asana ကို တွဲဖက်တည်ထောင်ဖို့ Facebook က ထွက်ခွာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ မတ်လမှာ Forbes က Facebook အတွင်း မော့ကိုဗစ်ပိုင်ဆိုင်တဲ့ ၂.၃၄ ရာခိုင်နှုန်း ရှယ်ယာအပေါ်မူတည်ပြီး သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကိုယ်ထူးကိုယ်ချွန် ဘီလျံနာအဖြစ် သတ်မှတ်ခဲ့ပါတယ်။

သူဟာ ငယ်စဉ်က Vanguard အထက်တန်းကျောင်းကို တက်ရောက်ခဲ့ပြီး IB Diploma Program ကို အောင်မြင်ခဲ့ပါတယ်။ မော့ကိုဗစ်ဟာ မာ့ခ်ဇူကာဘတ်နဲ့ ပါလိုအယ်တိုမြို့ကို မပြောင်းရွှေ့ခင်မှာ စီးပွားရေးဘာသာရပ်ကို ဟားဗတ်တက္ကသိုလ်သင်ကြား
ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Facebook မှာ အချိန်ပြည့်ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ဟားဗတ်တက္ကသိုလ် ကျောင်းသား အိပ်ဆောင်ထဲမှာ အခန်းဖော် ၃ ဦးအပါအဝင် စုစုပေါင်း လူ ၄ ဦးက Facebook ကို တည်ထောင်ခဲ့ပါတယ်။ မူလက thefacebook.com လို့ခေါ်ဆိုတဲ့ ဝက်ဘ်ဆိုက်ဟာ ကျောင်းသားတွေက အခြားဂေဟာမှာ နေထိုင်တဲ့ ကျောင်းသားတွေကို သိနိုင်ဖို့ Havard ကျောင်းသားတွေ အားလုံးရဲ့ အွန်လိုင်းလမ်းညွှန်အဖြစ် အသုံးပြုဖို့ ရည်ရွယ်ပါတယ်။ ၂၀၀၄ ခုနှစ်၊ ဇွန်လမှာတော့ ဇူကာဘတ်၊ ဟု့ချ်နဲ့ မော့ကိုဗစ်တို့ဟာ ဟားဗတ်ကနေ တစ်နှစ်ကျောင်းနားပြီး အော်ပရေးရှင်းတွေကို ကယ်လီဖိုးနီးယားပြည်နယ် ပါလိုအယ်တိုမြို့ဆီ ရွှေ့ပြောင်းခဲ့ပါတယ်။ Facebook မှာ မော့ကိုဗစ်ဟာ ကုမ္ပဏီရဲ့ ပထမဆုံး နည်းပညာအကြီးအကဲ အရာရှိဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အင်ဂျင်နီယာ ဒုဥက္ကဋ္ဌဖြစ်ခဲ့ပါယ်။ သူ့အနေနဲ့ နည်းပညာဆိုင်ရာ ဝန်ထမ်းတွေကို ဦးဆောင်ခဲ့ပြီး site ရဲ့ architecture ပိုင်းကို ကြီးကြပ်ခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ မိုဘိုင်းနည်းဗျူဟာနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တာဝန်ယူခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ Facebook က အင်ဂျင်နီယာမန်နေဂျာဖြစ်သူ ဂျက်စတင်ရိုဆန်စတိန်းနဲ့ Asana လို့ခေါ်တဲ့ ကုမ္ပဏီကို
တည်ထောင်ဖို့ Facebook က ထွက်ခွာလာခဲ့ပါတယ်။ မော့ကိုဗစ်ဟာ မိုဘိုင်းဓာတ်ပုံဝေမျှမှုဆိုက် Path မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံ ထားသူဖြစ်ပါတယ်။ Path ကို ဦးဆောင်သူ Facebook အဖွဲ့ဝင်ဟောင်း ဒေးဗစ်မိုရင်ဖြစ်ပါတယ်။ မော့ကိုဗစ်ဟာ ၂၀၁၁ ခုနှစ်အတွင်းမှာ ဇနီးဖြစ်သူ ကာရီတူနာနဲ့အတူ Good Ventures ပရဟတိအဖွဲ့အစည်းကို ထူထောင်ထားခဲ့ပါ သေးတယ်။

Ref: Wikipedia