Facebook စာမ်က္ႏွာမ်ားတြင္ ဝယ္ယူႏိုင္သည့္ ယာဥ္ေမာင္းလိုင္စင္မ်ား တရားဝင္မဟုတ္ ဟုသိရ

[ Zawgyi ]

Facebook စာမ်က္ႏွာေတြမွာ ယာဥ္ေမာင္းလိုင္စင္ အတုျပဳလုပ္ေရာင္းခ် ေနမႈေတြကို ျပည္သူလူထုမွ သတိျပဳေရွာင္ရွားဖုိ႔ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနက ေၾကညာထားပါတယ္။

ယာဥ္ေမာင္းလိုင္စင္အမ်ိဳးမ်ိဳးအတြက္ က်သင့္ေငြ၊ ၾကာခ်ိန္ေတြကိုေဖာ္ျပၿပီး အျမန္ဆုံးရရွိ ေအာင္လုပ္ေဆာင္ေပးႏိုင္ေၾကာင္း၊ စာေတြ႔လက္ေတြ႔ေျဖဆိုဖို႔မလိုဘဲ အလြယ္တကူ လက္ဝယ္အေရာက္ ရမွာျဖစ္ေၾကာင္း၊ အနယ္နယ္အရပ္ရပ္ကို ပို႔ေဆာင္ေပးေၾကာင္း စသည္ျဖင့္ Facebook စာမ်က္ႏွာေတြမွာ ေဖာ္ျပခ်က္ေတြ ေတြ႔ေနရတယ္လို႔ သိရပါတယ္။ အဲဒီလိုေဖာ္ျပ ေရာင္းခ်ေနတဲ့ ယာဥ္ေမာင္းလိုင္စင္ေတြဟာ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာ နကေနထုတ္ေပးထားတဲ့ လိုင္စင္အစစ္အမွန္ေတြ မဟုတ္ဘဲ တရားမဝင္တဲ့ လိုင္စင္အတုေတြသာ ျဖစ္တယ္လို႔ထုတ္ျပန္ ထားပါတယ္။

ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနကေန တရားဝင္စိစစ္ထုတ္ေပးထားတဲ့ PVC Smart Card ယာဥ္ေမာင္းလိုင္စင္ဟာ လံုၿခံဳမႈအစီအမံေတြ ထည့္သြင္းထားတဲ့အတြက္ အတုျပဳလုပ္ဖို႔ မျဖစ္ႏိုင္တဲ့အျပင္ အတု၊အစစ္ ခြဲျခားစိစစ္ႏိုင္တဲ့ အခ်က္အလက္ေတြလည္း ပါရွိတယ္လို႔ သိရပါတယ္။ မည္သူတစ္ဦးတစ္ေယာက္ကမွ ျဖတ္လမ္းနည္းနဲ႔ ယာဥ္ေမာင္းလိုင္စင္ ရရွိႏိုင္ျခင္းမရွိေအာင္ ေဆာင္ရြက္ေနေၾကာင္း၊ ျဖတ္လမ္းနည္းေတြနဲ႔ ျပည္ပမွာယာဥ္ ေမာင္းလိုင္စင္အတုေတြ ဝယ္ယူအသံုးျပဳျခင္း၊ အတုျပဳေဆာင္ရြက္ေပးျခင္းေတြကို ဥပေဒနဲ႔အညီ ေဆာင္အေရးယူ ေဆာင္ရြက္ေနေၾကာင္း ေၾကညာထားတာ ေတြ႔ရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးမွာ ယာဥ္ေမာင္းလိုင္စင္အသစ္ ေလွ်ာက္ထားဖို႔အတြက္ အြန္လိုင္းကေန ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း သင္တန္းရက္ခ်ိန္းရယူျခင္း၊ ယာဥ္ေမာင္းလိုင္စင္ေျဖဆိုဖို႔အတြက္ ရက္ခ်ိန္းရယူျခင္းေတြေဆာင္ရြက္ေပးၿပီး ေျဖဆိုသူရဲ႕ဓါတ္ပံုကို Webcam နဲ႔ မွတ္တမ္းတင္ရယူျခင္း၊ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းေရးေျဖစစ္ေဆးျခင္း၊ ေျဖဆို ေအာင္ျမင္သူေတြကို လက္ေတြ႔ယာဥ္ေမာင္းႏွင္မႈ စစ္ေဆးျခင္း၊ လက္ေတြ႔ယာဥ္ေမာင္း စစ္ေဆးမႈေအာင္ျမင္သူေတြကို သတ္မွတ္ႏႈန္းထားေကာက္ခံၿပီး ယာဥ္ေမာင္းလိုင္စင္ထုတ္ ေပးျခင္းေတြကို စိစစ္ေဆာင္ရြက္ေပးေနတယ္လို႔ ဆိုပါတယ္။

-ထြန္းထြန္း

=============

[ Unicode ]

Facebook စာမျက်နှာများတွင် ဝယ်ယူနိုင်သည့် ယာဉ်မောင်းလိုင်စင်များ တရားဝင်မဟုတ် ဟုသိရ

=============

Facebook စာမျက်နှာတွေမှာ ယာဉ်မောင်းလိုင်စင် အတုပြုလုပ်ရောင်းချ နေမှုတွေကို ပြည်သူလူထုမှ သတိပြုရှောင်ရှားဖို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ကြေညာထားပါတယ်။

ယာဉ်မောင်းလိုင်စင်အမျိုးမျိုးအတွက် ကျသင့်ငွေ၊ ကြာချိန်တွေကိုဖော်ပြပြီး အမြန်ဆုံးရရှိ အောင်လုပ်ဆောင်ပေးနိုင်ကြောင်း၊ စာတွေ့လက်တွေ့ဖြေဆိုဖို့မလိုဘဲ အလွယ်တကူ လက်ဝယ်အရောက် ရမှာဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်ကို ပို့ဆောင်ပေးကြောင်း စသည်ဖြင့် Facebook စာမျက်နှာတွေမှာ ဖော်ပြချက်တွေ တွေ့နေရတယ်လို့ သိရပါတယ်။ အဲဒီလိုဖော်ပြ ရောင်းချနေတဲ့ ယာဉ်မောင်းလိုင်စင်တွေဟာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာ နကနေထုတ်ပေးထားတဲ့ လိုင်စင်အစစ်အမှန်တွေ မဟုတ်ဘဲ တရားမဝင်တဲ့ လိုင်စင်အတုတွေသာ ဖြစ်တယ်လို့ထုတ်ပြန် ထားပါတယ်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကနေ တရားဝင်စိစစ်ထုတ်ပေးထားတဲ့ PVC Smart Card ယာဉ်မောင်းလိုင်စင်ဟာ လုံခြုံမှုအစီအမံတွေ ထည့်သွင်းထားတဲ့အတွက် အတုပြုလုပ်ဖို့ မဖြစ်နိုင်တဲ့အပြင် အတု၊အစစ် ခွဲခြားစိစစ်နိုင်တဲ့ အချက်အလက်တွေလည်း ပါရှိတယ်လို့ သိရပါတယ်။ မည်သူတစ်ဦးတစ်ယောက်ကမှ ဖြတ်လမ်းနည်းနဲ့ ယာဉ်မောင်းလိုင်စင် ရရှိနိုင်ခြင်းမရှိအောင် ဆောင်ရွက်နေကြောင်း၊ ဖြတ်လမ်းနည်းတွေနဲ့ ပြည်ပမှာယာဉ် မောင်းလိုင်စင်အတုတွေ ဝယ်ယူအသုံးပြုခြင်း၊ အတုပြုဆောင်ရွက်ပေးခြင်းတွေကို ဥပဒေနဲ့အညီ ဆောင်အရေးယူ ဆောင်ရွက်နေကြောင်း ကြေညာထားတာ တွေ့ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ယာဉ်မောင်းလိုင်စင်အသစ် လျှောက်ထားဖို့အတွက် အွန်လိုင်းကနေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သင်တန်းရက်ချိန်းရယူခြင်း၊ ယာဉ်မောင်းလိုင်စင်ဖြေဆိုဖို့အတွက် ရက်ချိန်းရယူခြင်းတွေဆောင်ရွက်ပေးပြီး ဖြေဆိုသူရဲ့ဓါတ်ပုံကို Webcam နဲ့ မှတ်တမ်းတင်ရယူခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရေးဖြေစစ်ဆေးခြင်း၊ ဖြေဆို အောင်မြင်သူတွေကို လက်တွေ့ယာဉ်မောင်းနှင်မှု စစ်ဆေးခြင်း၊ လက်တွေ့ယာဉ်မောင်း စစ်ဆေးမှုအောင်မြင်သူတွေကို သတ်မှတ်နှုန်းထားကောက်ခံပြီး ယာဉ်မောင်းလိုင်စင်ထုတ် ပေးခြင်းတွေကို စိစစ်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

-ထွန်းထွန်း