Facebook က News tab ကို တိုးချဲ့ဖြန့်ချိမယ်

Facebook ဟာ လာမယ့်လအတွင်း ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ အိန္ဒိယနဲ့ ဘရာဇီးတို့အတွက် သတင်းဝန်ဆောင်မှုကို ဖြန့်ချိဖို့ စီစဉ်နေပါတယ်။ Facebook ဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်မှာ News ကဏ္ဍကို မိတ်ဆက်ခဲ့ပါတယ်။

Facebook ရဲ့သတင်းဝန်ဆောင်မှုမှာ အမေရိကန်သတင်းဌာနတွေပဲ ပါဝင်ပြီး မူရင်းသတင်းတင်ဆက်မှုကို သတင်းဌာန ၂၀၀ က တင်ဆက်နေပါတယ်။ ဒါ့အပြင် ဒေသတွင်း သတင်းအဖွဲ့အစည်း ထောင်ပေါင်းများစွာလည်း ပါဝင်လာပါတယ်။

လစဉ်သုံးစွဲသူ ၂.၇ ဘီလျံရှိတဲ့ Facebook မှာ သတင်းတုနဲ့ သတင်းအချက်အလက် မှားယွင်းစွာ ဖြန့်ချိတဲ့ လုပ်ဆောင်ချက်တွေကြောင့် ဝေဖန်ခံနေရပါတယ်။ ဝေဖန်မှုတွေကြောင့် Facebook စီအီးအို မာ့ခ်ဇူကာဘတ်ကတော့ feed ထဲမှာ ယုံကြည်ရတဲ့ သတင်းတွေ ဦးစားပေးသွားမယ်လို့ ပြောထားပါတယ်။

-စိုးထက်
Ref: Reuters

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««