Facebook က သတင်းနှင့်ပတ်သက်သည့် အသိပညာပေးရေးလှုပ်ရှားမှု မြန်မာနိုင်ငံတွင်ဆောင်ရွက်

Facebook က သတင်းနဲ့ပတ်သက်တဲ့ အသိပညာပေးရေးလှုပ်ရှားမှု မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Facebook အနေနဲ့ အဓိက အာရုံစိုက်နေတဲ့ ကဏ္ဍလေးခုရှိပြီး အဲ့ဒါတွေကတော့ စီးပွားရေးမက်လုံး ပေးမှုများကို ဖယ်ရှားခြင်း၊ အကောင့်တုများအား အရေးယူခြင်း၊ သတင်းမှာပြန့်ပွားခြင်းကို ထိန်းချုပ်ရန် နည်းလမ်းအသစ်များ ဖန်တီးခြင်း၊ သတင်းမှားများကို တွေ့သည့်အခါ အသိအမြင် ကြွယ်ဝပြီး မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အထောက်အကူပြုခြင်း စာတာတွေဖြစ်ကြောင်း Facebook က သတင်းထုတ်ပြန်ပါတယ်။ “လူတွေ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရာမှာ ပိုပြီးလုံခြုံဖို့၊ သတင်းအချက်အလက်တွေ ပိုမိုရရှိပြီး အသိပညာတွေ ပိုကြွယ်ဝလာဖို့၊ အကျိုးရှိတဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ပြုလုပ်နိုင်ဖို့ ကျွန်မတို့ဘက်ကနေ ကူညီပေးချင်ပါတယ်။ ကျွန်မတို့ရဲ့ လူမှုပတ်ဝန်းကျင်ဟာ တစ်ယောက်နဲ့ တစ်ယောက် သတင်းအချက်အလက်တွေ မျှဝေတာနဲ့ အချင်းချင်းဆက်သွယ် ပြောဆိုရတာကို တန်ဖိုးထားတယ်ဆိုတာ ကျွန်မတို့ နားလည်ပါတယ်။

ဒါကြောင့်လည်း သတင်းမှားတွေကို သတိပြုမိစေမယ့် အချက်တွေကို ထုတ်ဝေပြီး Facebook နဲ့ အခြား မီဒီယာနယ်ပယ်တွေက လူတွေဆီကို ဖြန့်ဝေပေးတာ ဖြစ်ပါတယ်” လို့ Facebook မှ Safety Programs ရဲ့ APAC ညွှန်ကြားရေးမှူးဖြစ်သူ Mia Garlick က ပြောပါတယ်။

လက်ရှိလုပ်ဆောင်နေမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် non-profit အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ First Draft ၊ ပြည်တွင်းဒီဇိုင်နာ JOOSK တို့နဲ့ ပူးပေါင်းပြီး သတင်းမှားတွေကို ခွဲခြားရာမှာ အရေးကြီးတဲ့ အချက်အလက်တွေကို ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။

-ထွန်းထွန်း