EZVIZ C6C (ez360) Security camera

Wi-Fi ကွန်ရက်ရှိရုံနဲ့ အိမ်မှာ အလွယ်တကူ တပ်ဆင် အသုံးပြုနိုင်မယ့် EZVIZ C6C (ez360) Security camera ဖြစ်ပါတယ်။ ၃၆၀ ဒီကရီ လှည့်နိုင်တဲ့အတွက် တပ်ဆင်ထားတဲ့နေရာရဲ့ ပတ်ပတ်လည်ကို ကြည့်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လှုပ်ရှားမှုကိုအာရုံခံနိုင်ပြီး လိုက်လံရိုက်ကူးနိုင်တဲ့ Smart Tracking function ပါဝင်တာကြောင့် သက်ကြီးရွယ်အိုတွေ၊ သားသားမီးမီးတွေရဲ့ လုံခြုံရေးအတွက် စောင့်ကြည့်ကင်မရာ အနေနဲ့ အသုံးချနိုင်မှာဖြစ်ပါတယ်။

1080p resolution, 2 million pixel HD quality နဲ့ ဖမ်းယူနိုင်တဲ့အတွက် ကြည်လင်ပြတ်သားတဲ့ရုပ်ထွက်ကို ရနိုင်မှာဖြစ်ပါတယ်။ 4x digital zoom လည်း ပါဝင်ပါတယ်။ ညဘက် အလင်းရောင် မရရှိတော့တာနဲ့ အမှောင်ထဲမှာ အလင်းစုစည်းပြီး မြင်နိုင်ဖို့ night mode ကို အလိုအလျောက် ပြောင်းပေးမှာဖြစ်ပါတယ်။ Motion detect function ပါတာကြောင့် သတ်မှတ်တဲ့ မြင်ကွင်းမှာ လှုပ်ရှားမှုတွေ့ရင် အချက်ပေးမှာဖြစ်ပြီး Phone Application မှာ Notification ပြပေးမှာဖြစ်ပါတယ်။ သာမန် security camera တစ်လုံးထက် ပိုပြီး အသုံးဝင်တာကတော့ Two way talk function ပါဝင်လို့ မိမိ အိမ်မှာမရှိတဲ့အခါ EZVIZ app နဲ့ camera ကို ချိတ်ဆက်ပြီး အိမ်ကလူတွေကို ကင်မရာကတစ်ဆင့် အပြန်အလှန် စကားပြောနိုင်ပါတယ်။ မိမိဖုန်း Application ကနေ live view ကြည့်တာတွေနဲ့ record လုပ်တာတွေ ဆောင်ရွက်နိုင်ပါတယ်။ အချက်အလက်တွေကိုတော့ MicroSD Card နဲ့ စက်ထဲမှာ သိမ်းဆည်းထားနိုင်မှာဖြစ်ပြီး 128GB အထိ အသုံးပြုနိုင်ပါတယ်။

တန်ဖိုးက ၅၀,၀၀၀ ကျပ်ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««