Ezpad Go M 2 in 1 Laptop

ဈေးသက်သက်သာသာနဲ့ tablet လိုရော laptop လိုပါ အသုံးပြုနိုင်တဲ့ Ezpad Go M 2 in 1 Latop ဖြစ်ပါတယ်။ အလွယ်တကူ ဖြုတ်လို့တပ်လို့ရတဲ့ soft keyboard နဲ့ဖြစ်တဲ့အပြင် office software, online learning , internet, email အသုံးပြုသူတွေ အတွက် အဆင်ပြေစေပါတယ်။ Intel Apollo Lake N3350(1.1GHz-2.4GHz Quad Core) CPU နဲ့ Memory ပိုင်းအတွက် 6GB DDR3L ထည့်သွင်း အသုံးပြုထားပြီး Internal Storage ပိုင်းအတွက်ကို SSD စနစ်နဲ့ 64GB ထောက်ပံ့ပေးထားပါတယ်။ ၁၁.၁ လက်မအရွယ်ရှိ 1920*1200 IPS panel Display ထောက်ပံ့ပေးထားပြီး Capacitive Touch (10 point) အနေနဲ့ လက်ဆယ်ချောင်းစလုံး ထိတွေ့စေခိုင်းနိုင်မှာ ဖြစ်ပါတယ်။ OS ကတော့ window 10 home licensed နဲ့ဖြစ်ပါတယ်။ DC,USB 3.0, audio jack, Micro HDMI,TF card reader, WiFi , Bluetooth, build in speaker, Camera Front – 2.0MPစတာတွေထောက်ပံ့ပေးထားပါတယ်။ 7000mAh 7.6V ဘက်ထရီ အသုံးပြုထားပြီး သုံးနာရီကနေ ခြောက်နာရီ အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂၁၅ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ 1 year parts & service warranty ပေးထားပါတယ်။ Royal Ayeyarwaddy

Co.,Ltd မှ တရားဝင် တင်သွင်းဖြန့်ချိပြီး အသေးစိတ်ကို ဖုန်း – ၀၉ ၂၅၂၀၈၂၇၀၀ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««