Exynos chipset အတြက္ ကိုယ္ပိုင္ GPU ဖန္တီးေနတဲ့ Samsung

[ Zawgyi ]

LinkedIn ေပၚက အလုပ္ေခၚစာအရ Samsung ဟာ in-house GPU တစ္ခုဖန္တီးဖို႔ ဆံုးျဖတ္ထားတယ္လို႔ သိရပါတယ္။ ကုမၸဏီအေနနဲ႔ GPU နည္းပညာအတြက္ AMD, Nvidia တို႔နဲ႔ ေဆြးေႏြးခဲ့ေပမယ့္ ျဖစ္မလာခဲ့တာေၾကာင့္ Apple ရဲ႕လမ္းစဥ္အတိုင္း ကိုယ္ပိုင္ GPU ဖန္တီးဖို႔ စီစဥ္လာတာ ျဖစ္ပါတယ္။

ကယ္လီဖိုးနီးယားအေျခစိုက္ ဒီဇိုင္းအဖြဲ႕ဟာ ကုမၸဏီရဲ႕ Exynos ခ်စ္ပ္ေတြမွာအသံုးျပဳေနတဲ့ ARM ရဲ႕ Mali အစား ကိုယ္ပိုင္ graphics core ေတြကိုဖန္တီးဖို႔ Qualcomm, AMD နဲ႔ Nvidia က ပညာရွင္ေတြကို ေခၚယူေနပါတယ္။

Samsung ဟာ flagship GPU ေတြကို ဖန္တီးဖို႔ရည္မွတ္းထားေပမယ့္ အေတြ႕အႀကံဳေတြရဖို႔အတြက္ ေစ်းပိုသက္သာတဲ့ အစိတ္အပိုင္းနဲ႔ စတင္သြားမယ္လို႔ ဆိုပါတယ္။

အဆိုပါ ဒုတိယမ်ိဳးဆက္ GPU ေတြကို စြမ္းေဆာင္ရည္ျမင့္ ဖုန္းေတြအျပင္ ေမာင္းသူမဲ့ကားေတြနဲ႔ machine learning ေတြမွာ အသံုးျပဳသြားမယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

[ Unicode ]

LinkedIn ပေါ်က အလုပ်ခေါ်စာအရ Samsung ဟာ in-house GPU တစ်ခုဖန်တီးဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့ GPU နည်းပညာအတွက် AMD, Nvidia တို့နဲ့ ဆွေးနွေးခဲ့ပေမယ့် ဖြစ်မလာခဲ့တာကြောင့် Apple ရဲ့လမ်းစဉ်အတိုင်း ကိုယ်ပိုင် GPU ဖန်တီးဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားအခြေစိုက် ဒီဇိုင်းအဖွဲ့ဟာ ကုမ္ပဏီရဲ့ Exynos ချစ်ပ်တွေမှာအသုံးပြုနေတဲ့ ARM ရဲ့ Mali အစား ကိုယ်ပိုင် graphics core တွေကိုဖန်တီးဖို့ Qualcomm, AMD နဲ့ Nvidia က ပညာရှင်တွေကို ခေါ်ယူနေပါတယ်။

Samsung ဟာ flagship GPU တွေကို ဖန်တီးဖို့ရည်မှတ်းထားပေမယ့် အတွေ့အကြုံတွေရဖို့အတွက် စျေးပိုသက်သာတဲ့ အစိတ်အပိုင်းနဲ့ စတင်သွားမယ်လို့ ဆိုပါတယ်။

အဆိုပါ ဒုတိယမျိုးဆက် GPU တွေကို စွမ်းဆောင်ရည်မြင့် ဖုန်းတွေအပြင် မောင်းသူမဲ့ကားတွေနဲ့ machine learning တွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena